အိပ်ခ်ျဂျီဝဲလ်သည် အတော်ပင် ခေါင်းကြီးသူဖြစ်ခဲ့သောကြောင့် သူ့ခေါင်းနှင့်တော်သည့် ဦးထုပ်ရရှိရန် အတော်ခက်ခဲသည်။ တစ်ကြိမ်တွင်မူ သူ့ခေါင်းနှင့် အင်မတန်အံကိုက်သော ဦးထုပ်ကို တွေ့ရှိသောအခါတွင် သူသည် ဦးထုပ်ကို ခပ်တန်တန်ပင် ဆောင်းထွက်သွားခဲ့ပြီး ဦးထုပ်ပိုင်ရှင်ဖြစ်သူ မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်မြို့ဝန် အီးအက်ဖ်ပက်ခ်ထံသို့ အောက်ပါအတိုင်း မျက်နှာပြောင်စာတစ်စောင် ရေးခဲ့သည်။
`ခင်ဗျားရဲ့ဦးထုပ်ကို ကျနော် ခိုးသွားတယ်။ ခင်ဗျားရဲ့ ဦးထုပ်ကို ကျနော်ကြိုက်တယ်။ ခင်ဗျားရဲ့ ဦးထုပ်ကို ကျနော်ယူသွားတယ်။ ဦးထုပ်အတွင်းကို ကျနော်ကြည့်တိုင်း ခင်ဗျားအကြောင်းရယ်၊ ခင်ဗျားရဲ့ ကောင်းမွန်လှတဲ့ ရှယ်ရီအရက်ရယ်၊ ကမ်းဘရစ်မြို့အကြောင်းရယ် တွေးမိမယ်။ ခင်ဗျားရဲ့ ဦးထုပ်ကိုမြှောက်ပြီး ကျနော် ခင်ဗျားကို အလေးပြုလိုက်ပါတယ်။´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ဟာသများ)**

No comments:
Post a Comment