ဖုတ်ဖရားမြို့နယ် စအိုတိုက်နယ် ရွာတစ်ရွာမှာ ရွှေဖရုံသီး ၃ လုံးကို မုံ(မျှော့)ပိုင်ရှင်ရဲ့ စိုက်ခင်းထဲကနေ ကိုရွှေမြန်မာအလုပ်သမ နှစ်ဦးက လူမသိအောင် ခူးသွားသတဲ့ဗျာ။ အဲဒီလို ခိုးပြီးတော့ ပါလာတဲ့အိတ်ထဲ ထည့်ထားတာပေါ့။ အဲဒီလို ခိုးထားထည့်ထားတာကို မုံလူမျိုး အလုပ်ရှင်ကိုယ်တိုင် စိုက်ခင်းထဲကို ရှောင်တခင်ရောက်လာပြီး သူမတို့နှစ်ဦးကို လက်ရဖမ်းမိတာပေါ့။ ဒါကို မြန်မာပြည်သားတွေကရော။ ထိုင်းတွေကပါ ပြေလည်ရာပြေလည်ကြောင်း ညှိုနှိုင်းပေးပေမယ့် ဘယ်လိုမှ မရဘူးဗျို့။ ဒီလို လိပ်ခဲတည်းလဲ အခြေအနေမှာ ကျနော်တို့ စအိုတိုက်နယ် မြန်မာရွာလူကြီးအဖွဲ့နဲ့ စအိုတိုက်နယ် ရဲစခန်းအဖွဲ့တွေက မုံလူမျိုးအလုပ်ရှင်ကို ဘယ်လောက်ရရင် ကျေနပ်မှာလဲလို့ မေးရတော့တာပေါ့။ ဒီအခါမှာ တစ်ဦးကို ဘတ် ၆၀၀၀ စီရမှ ကျေနပ်မယ်လို့
မုံအလုပ်ရှင်က ပြောတော့တာပေါ့။ ဒါနဲ့ပဲ ကျနော်တို့က ခိုးစားတဲ့ သစ်သီးပိုချိုသလို ဖြစ်နေသူတွေကို သနားပေမယ့် ဘယ်လိုမှ ကြားဝင်စေ့စပ် ဖျန်ဖြေပေးလို့မရတဲ့အဆုံးမှာ `တစ်ယောက်ကို ဘတ် ၃၀၀၀ စီ(အားလုံးပေါင်း ဘတ် ၆၀၀၀)´နဲ့ပဲ ကျေနပ်ပါလို့ ကြားထဲက ငထွား ခါးနာခံပြီး တောင်းတောင်းပန်ပန် ပြောရတယ်ဗျို့။ ကျနော်တို့ မြန်မာအလုပ်သမားတွေအားလုံး ဘယ်နိုင်ငံမှာပဲနေနေ အချိုအချောင်ရလို့ လက်ကမြင်းချင်တဲ့စိတ်ကလေးတွေကို ရင်ထဲမှာ မျိုသိပ်ထားကြဖို့ အကျိုးမျော်လို့ နှိုးဆော်လိုက်ပါရစေ…။ ။
ကြည့်စမ်းပါဦး………. ရွှေဖရုံသီး ၃ လုံး ဘတ် ၆၀၀၀ တဲ့ဗျို့……။ ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့….။
** လင်းရောင်ခြည် အောင်ခိုင် **
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်က ဖုတ်ဖရားမြို့နယ်မှာ ရွှေဖရုံသီးတစ်လုံး ခိုးမိတာနဲ့ ဘတ် ၆၀၀၀ လျော်ကြေးပေးလိုက်ရတဲ့ ဖြစ်ရပ်ကလေးကို စာဖတ်ပရိသတ်မသိချင်ကြဘူးလား။ ဖြစ်ရပ်က ဒီလိုပါ…
ဖုတ်ဖရားမြို့နယ် စအိုတိုက်နယ် ရွာတစ်ရွာမှာ ရွှေဖရုံသီး ၃ လုံးကို မုံ(မျှော့)ပိုင်ရှင်ရဲ့ စိုက်ခင်းထဲကနေ ကိုရွှေမြန်မာအလုပ်သမ နှစ်ဦးက လူမသိအောင် ခူးသွားသတဲ့ဗျာ။ အဲဒီလို ခိုးပြီးတော့ ပါလာတဲ့အိတ်ထဲ ထည့်ထားတာပေါ့။ အဲဒီလို ခိုးထားထည့်ထားတာကို မုံလူမျိုး အလုပ်ရှင်ကိုယ်တိုင် စိုက်ခင်းထဲကို ရှောင်တခင်ရောက်လာပြီး သူမတို့နှစ်ဦးကို လက်ရဖမ်းမိတာပေါ့။ ဒါကို မြန်မာပြည်သားတွေကရော။ ထိုင်းတွေကပါ ပြေလည်ရာပြေလည်ကြောင်း ညှိုနှိုင်းပေးပေမယ့် ဘယ်လိုမှ မရဘူးဗျို့။ ဒီလို လိပ်ခဲတည်းလဲ အခြေအနေမှာ ကျနော်တို့ စအိုတိုက်နယ် မြန်မာရွာလူကြီးအဖွဲ့နဲ့ စအိုတိုက်နယ် ရဲစခန်းအဖွဲ့တွေက မုံလူမျိုးအလုပ်ရှင်ကို ဘယ်လောက်ရရင် ကျေနပ်မှာလဲလို့ မေးရတော့တာပေါ့။ ဒီအခါမှာ တစ်ဦးကို ဘတ် ၆၀၀၀ စီရမှ ကျေနပ်မယ်လို့
မုံအလုပ်ရှင်က ပြောတော့တာပေါ့။ ဒါနဲ့ပဲ ကျနော်တို့က ခိုးစားတဲ့ သစ်သီးပိုချိုသလို ဖြစ်နေသူတွေကို သနားပေမယ့် ဘယ်လိုမှ ကြားဝင်စေ့စပ် ဖျန်ဖြေပေးလို့မရတဲ့အဆုံးမှာ `တစ်ယောက်ကို ဘတ် ၃၀၀၀ စီ(အားလုံးပေါင်း ဘတ် ၆၀၀၀)´နဲ့ပဲ ကျေနပ်ပါလို့ ကြားထဲက ငထွား ခါးနာခံပြီး တောင်းတောင်းပန်ပန် ပြောရတယ်ဗျို့။ ကျနော်တို့ မြန်မာအလုပ်သမားတွေအားလုံး ဘယ်နိုင်ငံမှာပဲနေနေ အချိုအချောင်ရလို့ လက်ကမြင်းချင်တဲ့စိတ်ကလေးတွေကို ရင်ထဲမှာ မျိုသိပ်ထားကြဖို့ အကျိုးမျော်လို့ နှိုးဆော်လိုက်ပါရစေ…။ ။
ကြည့်စမ်းပါဦး………. ရွှေဖရုံသီး ၃ လုံး ဘတ် ၆၀၀၀ တဲ့ဗျို့……။ ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့….။
** လင်းရောင်ခြည် အောင်ခိုင် **
No comments:
Post a Comment