ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 2, 2010

“ငါ ရဲဘော်ပဲ လုပ်တတ်တယ်”

>

**ဗိုလ်စိုးရယ် (ဓါတ်ပုံ-ကေတီ)**

အသားညိုညို၊ အရပ်မမြင့်တမြင့်နဲ့ အသက် ၄၆ နှစ်ရှိပြီ ဖြစ်တဲ့ ဗိုလ်စိုးရယ်ဟာ ကရင်နီတပ်မတော် ဗျူဟာတပ်မှူး တဦးပါ။ ကရင်နီ ထိန်းချုပ်နယ်မြေထဲက သူစခန်းချထားတဲ့ ကင်းဘုတ်လေးထဲမှာ GSM ဖုန်းလိုင်းရတဲ့အတွက် နိုင်ငံခြားမှာ ဘ၀သစ်ထူထောင်နေကြတဲ့ သူ့ရဲ့ မိသားစုနဲ့ သံယောဇဉ် အလွမ်းလေးတွေ ဖလှယ်ခွင့် ရတယ်။ ဒါပေမဲ့ အခု သူဒီအခွင့်အရေးကို မရရှာတော့ပါဘူး။

ဗိုလ်စိုးရယ်ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ နအဖစစ်အစိုးရ ခေါ်ယူကျင်းပမဲ့ ရွေးကောက်ပွဲကို အသိမှတ်မပြုဘဲ ဖျက်သိမ်းရန် ကရင်နီပြည်တွင်းမှာ အခြေစိုက်ထားကြတဲ့ စစ်အစိုးရတပ်တွေကို စစ်ရေးအရ တော်လှန်တိုက်ခိုက်ခြေမုန်းနေရင်း ကျဆုံးသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကရင်နီပြည် လွိုင်ကော် မြို့နယ်မှာ အခြေစိုက်နေတဲ့ ခလရ ၇၂ ကို ၀င်ရောက်တိုက်ခိုက်နေစဉ်မှာပဲ ကျဆုံးသွားခဲ့ရပါတယ်။ ဗိုလ်စိုးရယ် ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ နအဖ စစ်သား ၄ ဦး ကျဆုံးသွားပြီး၊ ဒု-ရဲအုပ် ထွန်းထွန်းဝင်း၊ ဒု-တပ်ကြပ် အောင်ကျော်မိုး၊ ဒု-တပ်ကြပ် ရန်မျိုးအောင်၊ တပ်ကြပ် ၀င်းစိုးတို့ကို လက်ရဖမ်းဆီးရမိခဲ့တယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အတောအတွင်းမှာ ကျဆုံးခဲ့တဲ့အတွက် ဗိုလ်စိုးရယ်ရဲ့ ဈာပန အခမ်းအနားကို ရွေးကောက်ပွဲ ကျင်းပမဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ကျင်းပပြုလုပ် ပေးမယ်လို့ သိရပါတယ်။

ဗိုလ်စိုးရယ်ရဲ့ ထူးခြားချက်က တတိယနိုင်ငံကို အခြေချနေထိုင်ရေး အစီအစဉ်မှာ ပါသွားခဲ့ကြတဲ့ သူရဲ့ အိမ်ထောင်ဆက် နှစ်ဆက် စလုံးနောက်ကို မလိုက်သွားဘဲ ကရင်နီတပ်မတော်အဖြစ် စိတ်ဓါတ် အပြည့်အ၀နဲ့ ကျန်ရစ်ခဲ့တာပဲ ဖြစ်တယ်။

စစ်မြေပြင်မှာ ဆင်းရဲဒုက္ခ အဖုံဖုံနဲ့ ဘ၀တွေ ရုန်းကန်နေကြရတဲ့ ကရင်နီဒုက္ခသည်တွေကို ကယ်တင်ကူညီဖို့ တတိယနိုင်ငံ အခြေချ နေထိုင်ရေး အစီအစဉ်ဖြင့် အနောက်နိုင်ငံများက ခေါ်ယူနေချိန် နအဖ စစ်အစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ ဗိုလ်စိုးရယ်လို တော်လှန်ရေး ရဲဘော်ရဲဘက် အများစုတို့ဟာ မိမိတို့ရဲ့ အနာဂတ် မျိုးဆက်သစ် သားသမီးတို့ရဲ့ ရှေ့ရေးကို ရှေ့တန်းတင်ပြီး အလုပ်အကိုင်၊ ရာထူးနဲ့ တာဝန်တို့ကို စွန့်လွတ်ပြီး မိသားစုတွေနဲ့အတူ ဘ၀သစ်တွေဆီသို့ တရွေ့ရွေ့ ထွက်သွားခဲ့ကြပါတယ်။

မိသားစုကို ခွဲခွာနိုင်တဲ့ ဗိုလ်စိုးရယ်ရဲ့ ရှားရှားပါးပါး ဆုံးဖြတ်ချက်ဟာ မိသားစုအပေါ် သံယောဇဉ် မရှိလို့ မဟုတ်ဘူးလို့ အသက်ရှိ ထင်းရှားနေချိန်မှာ ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနရဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့ဖူးတယ်။

ကရင်နီထိန်းချုပ်နယ်မြေ ညာမိုတပ်စခန်းက သူနေတဲ့ ကင်းဘုတ်လေးနားမှာ ထိုင်နေရင်း သူအလေးအနက် ဖြေကြားခဲ့တဲ့ စကားတွေက… “တနေ့ ကျနော့် သမီးလေးတွေ အတောင်စုံတဲ့အချိန် သူတို့ရဲ့ အဖေဆီကို ပြန်လာကြမှာပါ” ဆက်လက်ပြီး…

“ကျနော်တို့ မိသားစုတွေ၊ ကလေးတွေ နိုင်ငံခြားမှာ အခြေချတာဟာ ဘ၀သစ်ထူထောင်ဖို့ တခုတည်း မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုမယ်။ တနေ့နေ့တချိန်ချိန် ကလေးတွေဟာ မြန်မာပြည်တွင်းမှာ ဒုက္ခဆင်းရဲရောက်နေကြတဲ့ ကရင်နီအမျိုးသားတွေအတွက် ပြန်လည် မကူညီနိုင်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ။”

ကျနော့် အသက် ၇ နှစ် အရွယ်ကတည်းက ဗိုလ်စိုးရယ်ကို စသိခဲ့တယ်။ အဲဒီအချိန်တုန်းက သူ ကရင်နီရဲဘော် ဖြစ်နေပါပြီ။ ယနေ့ အထိဆို သူ့ရဲ့ ရဲဘော်သက်တမ်းဟာ နှစ်ပေါင်း ၃၀ နီးနီးမှာ ရှိသွားခဲ့ပါပြီ။

သူနဲ့ ကျနော် အတော်လေး ရင်းနှီးတယ်။ သူနဲ့ စကားစမြည် စလိုက်တိုင်း နိုင်ငံခြားမှာ အခြေချနေထိုင်ရေး အစီအစဉ်နဲ့ ထွက်ခွာသွား ခဲ့ကြတဲ့ မိသားစုတွေ နောက်ကို လိုက်သွားဖို့ မစဉ်းစားဘူးလားလို့ အမြဲမေးလေ့ရှိတယ်။

“ငါသူတို့နဲ့ လိုက်သွားရင်လဲ ဟိုမှာ (နိုင်ငံခြား) ငါဘာမှ လုပ်တတ်မှာ မဟုတ်ဘူး။ ငါ့သမီးတွေကို မလုပ်ကျွေးနိုင်ရင် ဘယ်အဓိပ္ပါယ် ရှိမလဲ။ ဒီမှာပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လုပ်မယ်။ ကရင်နီပြည်မှာ ငြိမ်းချမ်းရေး ရတဲ့အထိ ဆက်လုပ်မယ်။”

သူ့ရဲ့ မိသားစု နှစ်စု စလုံးကို သူလွမ်းပါတယ်။ ဒါပေမဲ့ သူတစိုက်မတ်မတ် ပြောနေတတ်တဲ့ စကားတခွန်းက … “ငါ ရဲဘော်ပဲ လုပ်တတ်တယ်” တဲ့။

ဒီစကားတခွန်းဟာ သူခင်မင်ရင်းနီးတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ၊ သူ့ရဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်နဲ့ သူ့ရဲ့ ဇနီးသည်တွေဆီမှာလည်း ကျန်ရစ်နေပါလိမ့်မယ်လို့ ယူဆရင်း… ဗိုလ်စိုးရယ်တယောက် ကောင်းရာသုကတိလားပါစေ…။

ပုံနှိပ်ထုပ်ဝေ Regional News

**K-Times**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)