ငါ့အခန်းပေါ် တက်လာ
မင်္ဂလာပါ တဲ့။
**လဆုတ်ရက်မို့
ညပုပ်တဲ့ မျက်နှာနဲ့
ရှက်စရာ မပြချင်။
ငှက်ကလေး တစ်ကောင်ကတော့
အမှောင်ကို အတောင်နဲ့ဖြန့်ပြီး
ဟန့်တား နေလေရဲ့။
**မပူပါနဲ့ ငှက်တစ်သင်းတို့
မနက်ခင်း ဆိုတဲ့ တို့မိတ်ဆွေ
ရွှေငွေသန္တာ ဆင်မြန်းကာ
လာနေပြီကောလေ။
**ရင်ဖွင့်ပြီး
အဆင်သင့် ကြိုဆိုလိုက်ပါ အဆွေ။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်မှ- ၂ နိုဝင်ဘာလ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း၊)
**လတခြမ်းက
ငါ့အခန်းပေါ် တက်လာ
မင်္ဂလာပါ တဲ့။
**လဆုတ်ရက်မို့
ညပုပ်တဲ့ မျက်နှာနဲ့
ရှက်စရာ မပြချင်။
ငှက်ကလေး တစ်ကောင်ကတော့
အမှောင်ကို အတောင်နဲ့ဖြန့်ပြီး
ဟန့်တား နေလေရဲ့။
**မပူပါနဲ့ ငှက်တစ်သင်းတို့
မနက်ခင်း ဆိုတဲ့ တို့မိတ်ဆွေ
ရွှေငွေသန္တာ ဆင်မြန်းကာ
လာနေပြီကောလေ။
**ရင်ဖွင့်ပြီး
အဆင်သင့် ကြိုဆိုလိုက်ပါ အဆွေ။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်မှ- ၂ နိုဝင်ဘာလ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း၊)
No comments:
Post a Comment