ခြောက်ဦးဒဏ်ရာရ **
(ကိယက်စ်၊ ဒီဇင်ဘာလ ၁၈ ရက်)
ယူကရိန်းနိုင်ငံ ပါလီမန်လွှတ်တော်၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက လွှတ်တော်အမတ်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဖူးရောင်ပေါက်ပြဲကျိုးကြေဒဏ်ရာများရခဲ့သော လွှတ်တော်အမတ်အနည်းဆုံး ခြောက်ဦးကို ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ ပါလီမန်လွှတ်တော်အတွင်း ယခင်သမ္မတဟောင်း ယူလီယာတီမိုရှင်ကို၏ အတိုက်အခံလွှတ်တော်အမတ်များ နေရာယူထားသည့်ဘက်ကို လက်ရှိသမ္မတ ဗစ်တာယာညူကော့ခ်ျလိုလားသူ လွှတ်တော်အမတ်များက သွားရောက်၍ ခိုက်ရန်ပြုခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။ (အေပီ)
** မက္ကဆီကို၌ ထောင်သား ၁၄၁ ဦး အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက် **
(မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာလ ၁၈ ရက်)
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ နျူဗိုလာရီဒိုရှိအကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၅၀ ဦးခန့်သည် သောကြာနေ့တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထောင်ဝန်ထမ်းများက အကူအညီပေးခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၁၄၁ ဦးအနက် ၅၃ ဦးသည် တရားရုံးတင်ရန် ဖမ်းဆီးထားသူများ၊ ခိုးမှုကျူးလွန်သူများ၊ ကိုယ်ထိလက်ရောက်မှု ကျူးလွန်သူများဖြစ်ပြီး ကျန် ၅၈ ဦးမှာ တရားမ၀င် လက်နက်ကိုင်ဆောင်သူများနှင့် မူးယစ်ဆေးဝါးတရားမ၀င် ရောင်းဝယ်သူများဖြစ်သည်။ (အေပီ)
** စီအိုင်အေ အကြီးအကဲ၏အမည်ကို ထုတ်ဖော်ခဲ့ကြောင်း စွပ်စွဲချက် ကို ပါကစ္စတန်ပြည်တွင်း
ထောက်လှမ်းရေးအဖွဲ့ငြင်းဆို **
(အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာလ ၁၈ ရက်)
အစ္စလာမ္မာဘတ်မြို့ရှိ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)ဌာနဃွဲ အကြီးအကဲ၏ အမည်ကို ထုတ်ဖော်ခဲ့သည်ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း ပါကစ္စတန်ထိပ်တန်းထောက်လှမ်းရေးအဖွဲ့အစည်းက ယနေ့ငြင်းဆိုလိုက်သည်။ စီအိုင်အေ အကြီးအကဲအား တရားစွဲဆိုသည့် အမှုနှင့်ပတ်သက်သူ ရှေ့နေတစ်ဦးကမူ ယင်းစီအိုင်အေ အကြီးအကဲ၏ နာမည်ကို ပါကစ္စတန်သတင်းစာဆရာများထံမှ သိရှိခဲ့ရကြောင်း ပြောကြားသည်။ ပါကစ္စတန်ပြည်တွင်းထောက်လှမ်းရေးဌာနသည် ပြည်တွင်း၌ ၄င်း၏သြဇာကို ဖြန့်ကြက်ရန် ပါကစ္စတန်သတင်းစာဆရာများစွာနှင့် အဆက်အသွယ်ပြုလုပ်ထားသည်။ (အေပီ)
** ဗြိတိန်နိုင်ငံတစ်ဝန်း ဆီးနှင်းများပိတ်ဖုံး၍ လန်ဒန်၌ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်း **
(လန်ဒန်၊ ဒီဇင်ဘာလ ၁၈ ရက်)
ဗြိတိန်နိုင်ငံတစ်ဝန်း၌ ဆီးနှင်းများဖြင့် ပိတ်ဖုံးနေသဖြင့် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်နှင့် ဂက်ဝစ်ခ်ျလေဆိပ်တို့တွင် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားလိုက်ရကြောင်း ယနေ့သတင်းတွင် ဖော်ပြသည်။ ဆီးနှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် ကုန်းလမ်းနှင့် ရထားလမ်းကွန်ရက်များမှ နှောင့်နှေးကြန့်ကြာမှုနှင့် တွေ့ကြုံနေရသည်။ ခရစ္စမတ်ပွဲတော်ကာလခရီးသွားလာသူများပြားနေချိန်နှင့် ဈေးဝယ်ထွက်သူများဖြင့် စည်ကားနေချိန်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ပေါ်ပေါက်လာသည်။ (အင်တာနက်)
** ပါလက်စတိုင်းကို လွတ်လပ်သောနိုင်ငံအဖြစ် ဘိုလီးဗီးယား အသိအမှတ်ပြု **
(အီတိုင်ပူ၊ ဒီဇင်ဘာလ ၁၈ ရက်)
ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေးနိုင်ငံများပြီးနောက် ဘိုလီးဗီးယားနိုင်ငံက ပါလက်စတိုင်းဒေသကို လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုလိုက်ကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ ဘရာဇီး၊ အာဂျင်တီးနားနှင့် ဥရုဂွေးနိုင်ငံတို့က ယခုလအစောပိုင်းက ပါလက်စတိုင်းကို လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံက ၄င်းတို့အား အပြစ်တင်ခဲ့သည်။ (အေအက်ဖ်ပီ)
** ကင်ညာနိုင်ငံရှိ လင်းတငှက်များ အဆိပ်သင့်မှုများကြောင့် ကောင်ရေကျဆင်း **
(နိုရိုဘီ၊ ဒီဇင်ဘာလ ၁၈ ရက်)
အာဖရိကတိုက်၏ အရေးကြီးဆုံး သဘာဝသားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတစ်ခုအတွင်းရှိ လင်းတငှက်ကောင်ရေသည် ၆၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိပ္ပံပညာရှင်များက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားသည်။ ကင်ညာနိုင်ငံမာဆိုင်းမာရာ သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး နယ်မြေ၌ လင်းတငှက်ကောင်ရေ ကျဆင်းလာခြင်းအကြောင်းရင်းသည် အဆိပ်သင့်အစားအစာများကို ယင်းငှက်များက စားသုံးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သုတေသီများက မှန်းဆသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ယူကရိန်း ပါလီမန်လွှတ်တော်အမတ်တို့၏ရန်ပွဲ တွင်အနည်းဆုံး

No comments:
Post a Comment