ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 21, 2010

21Dec,10// ကျွှန်တော်တို့ နှင့် သင့်အတွက် အနောက်နိုင်ငံရဲ့ ခရစ္စမတ်များ

> **အင်္ဂလန်**

အင်္ဂလိပ်လူမျိုးတွေ ခရစ္စမတ်ပွဲတော်ကို ကျင်းပခဲ့တာ နှစ်ပေါင်း ၁၆ဝတိုင်ခဲ့ပါပြီ။ အစောဆုံးက
ဝီတိုရိယ ဘုရင်မရဲ့ ကြင်ယာတော် Prince Albert က ၁၈၄ဝ ခုနှစ်မှာ
ဂျာမဏီနိုင်ငံကနေ ဒီဓလေ့ကို အင်္ဂလန်ထိ သယ်ဆောင်လာခဲ့ရာက စတာဖြစ်တယ်။
အင်္ဂလိပ်လူမျိုးတွေက ခရစ္စမတ်ညမှာ မိသားစုစုံညီ ခရစ္စမတ်ညစာစားပွဲ
ကျင်းပလေ့ရှိကြတယ်။

အဓိက အစားစာတွေမှာ ခရစ္စမတ်ကိတ်၊ ပူတင်း၊ အမဲ ဝက်ကင်၊ ကြက်ဆင် စတာတွေဖြစ်တယ်။ အိမ်သားတိုင်းအတွက် လက်ဆောင်တစ်ခုစီ
ပြင်ဆင်ထားသလို အိမ်ဖော်တွေကိုပါ လက်ဆောင်ပေးလေ့ရှိတယ်။ လက်ဆောင်ကို
ခရစ္စမတ်နေ့ မနက်ပိုင်းမှာ ဝေပေးလေ့ရှိတယ်။
ကိုယ့်အိမ်ရှေ့သီချင်းလာဆိုသူတွေကိုလည်း လက်ဆောင်ပစ္စည်း သို့မဟုတ်
အစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံကြတယ်။

**အမေရိကား**

အမေရိကားနိုင်ငံက လူမျိုးပေါင်းစုံ စုဝေးရာနေရာ ဖြစ်တဲ့အတွက် ခရစ္စမတ်ပွဲတော်
ကျင်းပရာမှာလည်း မတူတာကို တွေ့ရတယ်။ ပြောင်းရွေ့လာသူ လူအများက ကိုယ့်ဒေသ၊
ကိုယ့်နိုင်ငံရဲ့ ရိုးရာဓလေ့နဲ့ အညီကျင်းပကြတာကို တွေ့ရတယ်။ ဒါပေမယ့်
ခရစ္စမတ်အချိန်အခါမှာ တံခါးဝမှာ ချိတ်ဆွဲထားတတ်ကြတဲ့ ခရစ္စမတ် ပန်းခွေနဲ့
တစ်ချို့အပြင်အဆင်က တူညီနေတာကို တွေ့ရတယ်။

**ပြင်သစ်**

ခရစ္စမတ်အကြိုနေ့မှာ အရွယ်ရောက် ပြင်သစ်လူမျိုးတွေက ဘုရားကျောင်းသွားပြီး ဝပ်ပြုဆုတောင်းပွဲတွေ
လုပ်ကြတယ်။ အဲဒီနောက် မိသားစုတွေနဲ့ အသက်ကြီးတဲ့ အစ်ကို (သို့)
အစ်မအိမ်မှာ မိသားစုစုံညီ စားပွဲတွေ ကျင်းပကြတယ်။ ဒီစုံညီပွဲမှာ
အိမ်တွင်းရေး အခြေအနေတွေကို ဆွေးနွေးကြသလို မသင့်မြတ်တာတွေကို
ဖြေရှင်းကြတယ်။ ခရစ္စမတ်နှစ်သစ်ရာသီက စပြီး နောင်နောက် သင့်မြတ်ဖို့၊
ချစ်ချစ်ခင်ခင် နေကြဖို့ ဆွေးနွေးကြတယ်။ ဒါကြောင့် ခရစ္စမတ်ပွဲဟာ
ပြင်သစ်လူမျိုးတို့အတွက် ကောင်းမြတ်တဲ့နေ့ တစ်နေ့ဖြစ်တယ်။

**စပိန်**

ခရစ္စမတ်ရောက်ရင် စပိန်ကလေးငယ်တွေက လက်ဆောင်ပစ္စည်းရဖို့အတွက် တံခါး (သို့)
ပြတင်းအပြင်ဖက်မှာ ဖိနပ်ချထားလေ့ရှိကြတယ်။ တစ်ချို့မြို့တွေမှာ
အလှဆုံးမိန်းကလေးကို လက်ဆောင်ပေးတတ်ကြတယ်။ ခရစ္စမတ်နေ့မှာ နွားကိုလည်း
အတတ်နိုင်ဆုံး အကောင်းဆုံး ပြုစုကြရတယ်။ အကြောင်းက ဘုရားသခင် Jesus
ဖွားမြင်တုန်းက နွားတစ်ကောင်ရဲ့ အာငွေ့ကြောင့် အနွေးဓာတ်ရခဲ့လို့ပဲဖြစ်တယ်။

**အီတလီ**

အီတလီလူမျိုးရဲ့ အိမ်တိုင်းမှာ ဘုရားသခင် ဖွားမြင်ခဲ့တဲ့ ရုပ်ပုံကားချပ်တွေကို
ချိတ်ဆွဲထားလေ့ရှိတယ်။ တစ်ခြားလူမျိုးတွေလိုပဲ ခရစ္စမတ်အကြိုညမှာ
မိသားစုစုံညီ ညစာစားပွဲ ကျင်းပကြပြီး ညသန်းခေါင်ရောက်မှ ဝပ်ပြုဆုတောင်းပွဲ
လုပ်ကြတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို လက်ဆောင်ပေးကြတယ်။ ကလေးတွေကလည်း
မိဘကို ချစ်ကြောင်း၊ ကျွေးမွေးပြုစုလာခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းကို စာ
(သို့) ကဗျာတွေ ရေးပြီး ခရစ္စမတ်ညစာ မစားခင်မှာ စားပွဲခင်းအောက်၊
ပန်းကန်ဖန်ခွက်တွေအောက်မှာ ဝှက်ထားတတ်ကြတယ်။ မိဘတွေက မြင်ပေမယ့်
မမြင်ချင်ဟန်ဆောင်ကြပြီး စားပွဲပြီးမှ အားလုံးကို ဖတ်ပြကြတယ်။

**ဆွီဒင်**

ဆွီဒင်လူမျိုးတွေက ဧည့်ကြိုက်တဲ့ လူမျိုးတွေဖြစ်တယ်။ သူတို့ ဧည့်ကြိုက်ပုံက ခရစ္စမတ်နေ့မှာ
ပိုသိသာပါတယ်။ ဆင်းရဲ၊ ချမ်းသာသည်ဖြစ်စေ ခရစ္စမတ်နေ့မှာ
မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးလေ့ရှိတယ်။ စားပွဲပေါ်
ခင်းကျင်းထားတဲ့ စားစရာတွေကို သူစိမ်းတွေကပါ ဝင်ရောက်သုံးဆောင်နိုင်တယ်။

**ဒိန်းမတ်**

ဒိန်းမတ်နိုင်ငံက ပထမဆုံး ခရစ္စမတ် တံဆိပ်ခေါင်းနဲ့ တီဘီရောဂါ ကာကွယ်ရေး တံဆိပ်ခေါင်းကို
ထုတ်ဝေခဲ့တဲ့ နိုင်ငံဖြစ်တယ်။ ရောင်းရတဲ့ တံဆိပ်ခေါင်းတွေကို တီဘီရောဂါ
ကာကွယ်ရေး ရံပုံငွေအဖြစ် သတ်မှတ်ကြတယ်။ ဒိန်းမတ်လူမျိုးတွေ ခရစ္စမတ်ကတ်တွေ
ပေးပို့ချိန်မှာ ဒီတံဆိပ်ခေါင်းကိုပဲ ကပ်ကြတယ်။ စာလက်ခံသူက
တံဆိပ်ခေါင်းများများ ကပ်ထားတဲ့ စာကို ရခဲ့ရင် ပိုဝမ်းသာပျော်ရွှင်ကြတယ်။

**ဂျာမဏီ**

ခရစ္စမတ်ပွဲတော်က ဂျာမဏီနိုင်ငံမှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ပွဲတော်ကြီးဖြစ်တယ်။ နိုဝင်ဘာ
လလယ်ကစပြီး ခရစ္စမတ်ရောက်တဲ့အထိ Munich နဲ့ Nuremberg စတဲ့ မြို့ကြီးတွေမှာ
ခရစ္စမတ်ပစ္စည်း အသုံးအဆောင်ကို ရောင်းချတဲ့ ခရစ္စမတ်ဈေးရောင်းပွဲကို
ကျင်းပကြတယ်။ လက်မှုပစ္စည်းတွေကို အဓိကထားပြီး ရောင်းချကြတယ်။
နိုဝင်ဘာလကုန်တာနဲ့ ကုန်တိုက်ကြီးတွေမှာလည်း ခရစ္စမတ်သစ်ပင်၊ ပြင်ဆင်စရာ
အသုံးအဆောင်တွေကို ရောင်းချကြပြီး ခရစ္စမတ်ရဲ့ ခြေလှမ်းတွေ နီးသထက်
နီးလာပြီဆိုတဲ့အကြောင်း လူအများကို အသိပေးလေ့ရှိတယ်။

ရိုးရာဓလေ့ရဲ့ ထုံးစံအတိုင်း ခရစ္စမတ်အကြိုညမှာ စားသောက်ကြတယ်။ အထူးစီမံချက်လုပ်ထားတဲ့
ဘဲသားနဲ့ ငါးတွေ စားကြတာဖြစ်ပြီး ည ၁ဝနာရီမှာ ဘုရားကျောင်းတက်ကြတယ်။
ဒီဇင်ဘာ ၂၅၊ ၂၆ရက်မှာ တစ်ချို့က ဘုရားကျောင်းမှာ ပြုလုပ်ကျင်းပတဲ့
တီးဝိုင်းပွဲတော်ကို တက်ရောက်ကြပြီး သီချင်းတွေ ပြိုင်တူသီဆိုကြတယ်။

ဂျာမဏီရဲ့ ခရစ္စမတ်ပိတ်ရက်က အရှည်ဆုံးဖြစ်တယ်။ ဒီဇင်ဘာ၂၄ ရက်နေ့ကနေ နှစ်သစ် ၁
ရက်နေ့အထိ ဖြစ်တယ်။ ကျောင်းသားတွေအတွက် ၂ ပတ် ပိတ်ရက်ရှိတယ်။

တစ်ခြားဖတ်မိတဲ့ နိုင်ငံတွေလည်း ရှိပါသေးတယ်။ ခရစ္စမတ်ကို ဘယ်နိုင်ငံက ဘယ်လိုပဲ
ကျင်းပကြပါစေ အဲဒီနေ့ဟာ ဘုရားသခင် Jesus ကို ဖွားမြင်တဲ့ နေ့ထူးနေ့မြတ်
ဖြစ်တယ်ဆိုတာကို လူတိုင်းမမေ့ကြပါဘူး။ ဒါကြောင့် ဒီပွဲမှာ လူတွေက
မိသားစုစုံညီ၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် ကျင်းပကြသလို
တစ်ခြားသူအပေါ် ဂရုစိုက်ကြောင်း၊ ချစ်ခင်ကြောင်း၊ ကျေးဇူးတင်ကြောင်း စတဲ့
မေတ္တာတွေကို ထုတ်ဖော်ပြတဲ့ နေ့လည်းဖြစ်တယ်။ ဒါကြောင့် ကိုယ်ချစ်ခင်တဲ့
လူတွေကို ဂရုစိုက်ကြောင်း၊ ကျေးဇူးတင်ကြောင်း ခရစ္စမတ်နေ့ကို
အခွင့်အရေးယူပြီး သူတို့သိအောင် ထုတ်ဖော်ပြသကြရအောင်..... အားလုံး မယ်ရီ
ခရစ္စမတ်ပါလို့ ကြိုနှုတ်ဆက်လိုက်ပါတယ်။

*** နိုင်းနိုင်းစနေရေးတာပါခင်ဗျာ ။ ။

--
Thanks,
** ဦးဦး မှော်ဆရာ**

**အင်္ဂလန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)