ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 23, 2010

23Dec,10// အနှိုင်းမဲ့မှပေးသော သတိ

> ထိုနေ့.......။
ထိုနေ့မနက်မှာ ဆောင်းဦးပေါက်စ အခြားရက်များကဲ့သို့ပင် ရာသီဥတုက သာယာနေပါသည်။ ကျွန်မအောက်ထပ်ဆင်းခွင်းမရပါ။ ခြေထောက်များဖောယောင်နေ၍ သိတ်လှုပ်လှုပ်ရှားရှားမနေသင့်ဟု မေမေက အကြောင်းပြလေသည်။ အမှန်တကယ်တွင်လည်းကျွန်မ ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသောကြောင့် သိပ်လှုပ်ရှားနိုင်စွမ်းမရှိပါ။
မနက်စာစားရန်ပြင်ဆင်နေစဉ် အမင်္ဂလာသတင်းကို သယ်ဆောင်လာသူမှာ ကျွန်မညီမလေး တစ်ဝမ်းကွဲတစ်ယောက် ဖြစ်ပါသည်။“‘မမလေး.......ဘကြီးဆုံးပြီ”ဟုလှေကားထစ်ပေါ်သို့ အပြေးတက်ရင်းငိုသံပါပါ နှင့်ပြောသည်။ ကျွန်မ အောက်ထပ်သို့ ဘယ်လိုနည်းဖြင့် ရောက်လာသည်မသိပါ။
ဖခင်၏ ရုပ်ကလာပ်ကိုဝန်းရံကာ ကျွန်မတို့အတန်ကြာငြိမ်သက်နေကြသည်။သိတ်မကြာခင်လေးမှာပဲ ကျွန်မတို့ စကားစီးချင်း ထိုးကြသည်။စကားများရန်ဖြစ်ခြင်းမဟုတ်ပါပဲ စီးချင်းထိုးတက်ကြလေ့ရှိသည်မှာ ကျွန်မဖခင်မှအစပြု၍ မိသားစုဓလေ့ပင် ဖြစ်နေပါ၏ ။
“ကိစ္စမရှိဘူး။ ဘယ်သူမှမခေါ်လဲ တက္ကစီစီးပြီးလိုက်မယ်။ ကျွန်မကို ဘယ်သူမှတားလို့ မရဘူး”
ရင်ထဲမှာဆို့နှင့်လွန်းသဖြင့် စကားဆုံးအောင်ပင် ကျွန်မ မပြောနိုင်တော့ပါ။ သို့ရာတွင် ကျွန်မမငိုပါ။
ထို့နောက် ဖေ့ဖေ့ရုပ်ကလာပ်အတွက်ပြင်ဆင်ခြင်း၊နာရေးသတင်းထည့်ရန်စီစဉ်ခြင်းတို့ဖြင့် ကျွန်မ၏စကားကို အားလုံး ဥပေက္ခာ ပြုထားလိုက်ကြသည် ။ညပိုင်း မေမေနှင့်ကျွန်မနှစ်ဦးတည်းရှိသော အချိန်ကျမှ မေမေကဖျောင်းဖျလာသည်။
“သမီးရယ်.......သမီးကကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ သင်္ချိုင်းမြေနင်းတဲ့အချိန် မတော်တဆချော်လဲမိရင်မကောင်းဘူး၊ ဖေ့ဖေရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ခြင်း မပို့ခြင်းထက် ဖေဖေရှိစဉ်မှာတာဝန်ကျေခဲ့ခြင်းကပိုအရေးကြီးပါတယ်၊မေမေ့ပြောစကားနားထောင်ပါ” ဟုပြောသည်။
ထိုခဏအချိန်အတွင်းမှုာ ဖေဖေဆုံးပြီးပထမဦးဆုံးအကြိမ် မငိုပါဘဲနှင့်မျက်ရည်များပါးပြင်သို့ လှိမ့်ဆင်းကျလာပါသည်။
မိခင်ကို ချစ်ရသည့်အချက်များတွင် ထိုအချက်လည်းပါဝင်လေသည်။ ကျွန်မ၏မိခင်သည် ကာလဒေသကိုကြည့်၍ ကျွန်မတို့အား စကားပြောဆိုတတ်ခြင်းပင်။
သို့ဖြင့် ဖေဖေ့ရုပ်ကလာပ်အားမီးသဂြိုလ်သည့်နေ့တွင် နာရေးကားများထွက်ခွာသွားသည့်အချိန်မှစ၍ ကျွန်မသည်အိမ်တွင် ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်နေပါတော့သည်။ ကျွန်မ ကြေးစည်ထု၊အမျှဝေပြီးအတန်ငယ်အကြာတွင် ဖေဖေ့ရုပ်ကလာပ်ကိုကောင်းမွန်စွာသဂြိုလ်ပြီးစီးသွားကြောင်း မေမေ့ဆီမှ ဖုန်းဆက်အကြောင်းကြားလာသည်။
ထိုအခိုက်အတန့်တွင် ကျွန်မ၏ ခါးအောက်ပိုင်းတစ်လျှောက် ၌ မခံမရပ်နိုင်အောင် နာကျင် လာသောကြောင့် ပက်လက်ကုလားထိုင် ပေါ်တွင် ခေတ္တမှီရင်း ဖေဖေမဆုံးခင်အခြေအနေကို ပြန်လည်မြင်ယောင်မိပါသည်။
ဆေးရုံပေါ်တွင် ဆရာဝန်ကြီးများနှင့် တီးတိုးစကားပြောဆိုပြီးသောအခါ မမကြီးက ဖေဖေ့ကို အိမ်ပြန်ခေါ်ဖို့ ဆုံးဖြတ်သည်။
မမကြီးမှ ဖေဖေ့အား စကားစပျိုးရန် နိဒါန်းရှာနေစဉ်....
“သမီး ဖေဖေ့ကို ဆရာဝန်တွေက လက်လျှော့လိုက်ပြီလား၊ ‘ဒါဆိုပြန်မယ်လေ”
ပြောပြောဆိုဆိုပင် ထထိုင်ရန် ကြိုးပမ်းစဉ် မမကြီးနှင့် မမလတ်ကတွဲထိန်းပေးရလေသည်။ ညနေ အတော်နှောင်းပိုင်းလောက်
တွင် အိမ်သို့ပြန်ရောက်သောအခါ ဖေဖေအတော်ကလေးနွမ်းနယ်နေပါပြီ။
အိပ်ရာထက်တွင် လဲလျောင်းနေသော ကျွန်မ၏ဖခင်မှာ ရောဂါ၏ ဖိစီးနှိပ်စက်မှုဒဏ်ကြောင့် အလွန်အမင်းမောပန်းနေ၏ ။ သေမင်းမှဖခင်၏ အသက်ကို နုတ်ယူရန် အားထုတ်ကြိုးပမ်းနေလေပြီ ။ သို့ရာတွင် သတိမပြယ်သောအချိန်များတွင် တစ်စုံတစ်ရာကို လေးလေးနက်နက် စဉ်းစားသည့် ပုံစံရှိနေသော ဖေဖေ့ကို မျက်ခြည်မပြတ် စောင့်ကြည့် နေသော မမကြီးကသိရှိနေသည်။
ညဉ့်ဦးပိုင်းသို့ ရောက်ရှိချိန်တွင် ဖေဖေမှ မမကြီးကို စကားပြောဖို့ ကြိုးစားသည်။
‘ “သမီး..... ဆုတောင်းပြည့်ကျောင်းတိုက်က ဆရာတော်သွားပင့်ချေ၊ ဖေဖေ သင်္ကန်းကပ်ချင်တယ်” ဟု ဖျော့တော့သော လေသံဖြင့်ဆို၏ ။
ကျွန်မတို့ သိတတ်စအရွယ်မှစ၍ အိမ်ရှိဘုရားစဉ်တွင် သင်္ကန်းပရိက္ခရာတစ်မျိုးမျိုး အမြဲရှိနေလေ့ရှိသည်မှာ ဖခင်၏ သံဃာတော်များအား ပံ့သကူ လှူဒါန်းလေ့ရှိသော အလေ့အကျင့်ကြောင့်ပင် ။
သေမင်းတံခါးဝသို့ရောက်ရှိနေသည်ကို သိရှိနေသူတစ်ဦး၏ “သတိ” ရှိမှုကို ကျွန်မအံ့သြချီးမွမ်းမိသောကြောင့် ကျွန်မ၏ ဖခင်တစ်ဦးအနေဖြင့်သော်လည်းကောင်း ၊ လူသားတစ်ဦး၏ စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် သတိရှိမှုတို့ကို လေးစားမိသောကြောင့်လည်းကောင်း ဖခင်၏ ခုတင်ခြေရင်းမှနေ၍ ကန်တော့ပူဇော်မိပါ၏။
ဆရာတော်ရောက်ရှိလာသောအခါတွင် ပင်ပန်းနွမ်းနယ်နေသောဖခင်ကြီးမှ သင်္ကန်းပရိက္ခရာနှင့် ၀တ္တုငွေများကို ကိုယ်တိုင် ကပ်လှုပါသည်။ ဆရာတော်မှ “အဘိနာဝ ကရဏ၀သေနတရား”ကို စတင်ဟောပြော၏။ တရားမှာတိုတိုရှင်းဖြစ်၍ ဖခင်မှာ ငြိမ်သက်စွာ နားထောင်နေပါသည်။
“ဒကာကြီး ......... ဒကာကြီး အခုအချိန်မှာ အာသန္နကံနှစ်မျိုးရှိတဲ့အနက်မှာ ကုသိုလ်အာသန္နကံဟုခေါ်တွင်တဲ့ ကံကိုရရှိပြီးဖြစ်ပါတယ်။ ဒီကံရဲ့အကျိုးကျေးဇူးကြောင့် နောင်ဘ၀မှာ ကုသိုလ်အကျိုးပေးထက်သန်မှာ ဖြစ်ပါတယ်၊ဒကာကြီး အခုလက်ရှိပြုတဲ့ကုသိုလ်နှင့် ယခင့်ယခင်ကပြုတဲ့ကုသိုလ်များကို ပြန်အောက်မေ့ပြီးအမျှဝေပါ” ဟုဆရာတော်မှ မိန့်ကြားပါသည်။
(စာကြွင်း) ကုသိုလ်အာသန္နကံ = သေခါနီးဆဲဆဲပြုသည့်ကံ
အဘိနာဝ ကရဏ၀သေန = ပြုပြီးသားကုသိုလ်ကို အသစ်ပြုသကဲ့သို့ထင်မြင်လာစေရန် ဟောပြောခြင်း။ ထို့နောက်ဖခင်ကြီးသည် ခုတင်ပေါ်တွင် မျက်စိမှိတ်၍ ငြိမ်သက်စွာလဲလျောင်းနေသည်မှာ နောက်တစ်နေ့မနက်ပိုင်း ဘ၀ကူး
ပြောင်းသွားသည်အထိပင်။ အမှန်အတိုင်းပြောရမည်ဆိုလျှင် ကျွန်မသည်ဖခင်၏နောက်ဆုံးအချိန်က စိုးရိမ်ပူပန်နေရပါသည်။ ရောဂါ
အခြေအနေကို စတင်သိရှိချိန်မှစ၍ပင်။
ကျွန်မ၏ဖခင်သည် ပညာတော်သော၊အတွေးအခေါ်ကောင်းသောသူတစ်ဦးဖြစ်၍ တစ်ချိန်တည်းမှာပင် ဒေါသကြီးသော၊ ခေါင်း
မာသော၊ အခြေအနေနှင့် လိုက်လျှောညီထွေအောင် မနေသောပုဂ္ဂိုလ်ဖြစ်နေလေသည်။
ထို့ပြင် ကျွန်မအားကျအထင်ကြီးသော၊ ကျွန်မနှင့်မသင့်မြတ်သောသူလည်းဖြစ်၏။
ဖခင်ကို အားကျအထင်ကြီးစီတ်ဖြင့် ကြိုးစားအားထုတ်ခဲ့ရာ တစ်နေ့တွင် နိုင်ငံခြားတက္ကသိုလ် တစ်ခုမှဖြေဆို အောင်မြင်လာ
သော အောင်လတ်မှတ်ကို တီဗွီကြည့်နေသော ဖခင်ရှေ့တွင်ပြရာ.......
‘ “ဘာဂုဏ်ထူးမှမပါပဲနဲ့”ဟုပြော၍ ကျွန်မ၏အောင်လတ်မှတ်ကိုပစ်ချဖူးသကဲ့သို့ တစ်ချိန်တွင် နိုင်ငံရပ်ခြားမှပညာသင်ပြီးပြန်လာ
ဗသာ ကျွန်မကိုလေဆိပ်တွင် တခမ်းတနားလာကြို၍ ဂုဏ်ပြုသောပုဂ္ဂိုလ်လည်းဖြစ်ပေ၏။
ဖခင်ကြီး ရက်လည်ပြီးရက်လည်ပြီးသည့်နောက် ရက်အနည်းငယ်အကြာတွင် ကျွန်မ၏သားဦးလေးကို အောင်မြင်စွာ
မွေးဖွားခဲ့ပါသည်။တပ်မတော်အရာရှိဖြစ်သော ကျွန်မခင်ပွန်းမှာ ရှေ့တန်းရောက်ရှိနေ၍ မီးဖွားချိန်တွင်ရှိမနေချေ။ ကျွန်မကိုခွဲစိတ်
မွေးဖွားရန်ပြင်ဆင်နေသည့်အချိန်တွင် အထူးတလည်တုန်လှုပ်ခြင်းမဖြစ်မိပါ။ ကျွန်မတွင်ဘ၀နှင့်ယှဉ်၍ရရှိထားသော လောကဓံကို
ကြံ့ကြံ့ခံနိုင်မည့် “သတိတရား” တစ်ခုကို တွေ့ရှိထားပြီးဖြစ်ပါသည်။
ကျွန်မတို့သည်လူ့လောကသံသရာတွင် ကျင်လည်နေကြရပါဦးမည်။ အသက်ရှင်နေထိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားကြရဦးမည်။ မည်သည့်အချိန်ကာလတွင် မည်သို့မည်ပုံ “သေခြင်းတရား”နှင့် တွေ့ဆုံရမည်ကို မမှန်းဆနိုင်ချေ။ သေမင်းနှင့် ရင်ဆိုင်ကြုံတွေ့လာသည့်
အချိန်၌ မိမိ၏ဘ၀တစ်လျှောက်တွင် ပြုလုပ်ခဲ့သော ကောင်းမှု့ကုသိုလ်များကိုဖြစ်စေ၊ ကောင်းမှု့တစ်ခုကို ပြုလုပ်ရန်ဖြစ်စေ “သတိ” ရကြရမည်ဆိုလျှင်ဖြင့် နောင်သံသရာ ဘ၀ကူးကောင်းစေရန် အထောက်အပံ့ဖြစ်မည်ဟု ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် လေးနက်စွာ ယုံကြည်မိပါသည်။
( ခေတ်သစ်အိန္ဒိ္ဒယသမိုင်း၊ခမာ၊ပြင်သစ်သမ္မတရှားလ်ဒဂိုလ်၊မောင့်ဘက်တန်၏ အတ္တုပ္ပတ္တိ၊ ဗစ်တာဟူးဂိုး၏ ဘ၀နှင့် ကဗျာများ၊ သီရိသူ့မြတ်စွာ မတ်မွာဇယ်ကေသီ အစရှိသော ဘာသာပြန်စာပေ၊ ဆောင်းပါး၊ကဗျာများကို ရေးသားပြုစုထုတ်ဝေခဲ့သော အနှိုင်းမဲ့ကျေးဇူးရှင်ဖခင်ပြင်သစ်ဘာသာဆရာ ဦးအောင့်မြင့်(တက္ကသိုလ်မောင်ဇေယျာ)ယခင်နိုင်ငံခြားဘာသာသိပံ္ပ္ပ၏ နှစ်နှစ်ပြည့် အမှတ်တရရေးသားထားသော) လပြည့်ဝန်းမဂ္ဂဇင်း-၂၀၀၇ဖေဖေါ်ဝါရီလတွင် ဖော်ပြထားသောဆောင်းပါးကိုပြန်လည်ခံစားတင်ပြပါသည်။

**သတိုးသူဇာအောင်**

ထိုနေ့.......။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)