**ခင်ပွန်း**
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။ ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
**ဇနီး**
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား? တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။ တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။ တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့ ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။
**သားသမီး**
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ? ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။ စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။ သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။
**မိဘ**
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။ ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။ သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့် ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။ လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။ အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။
**မောင်နှမ**
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။ အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။ အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။ တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။
**ချစ်သူ**
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....
(ဘယ်အချိန်မှာပဲဖြစ်ဖြစ်..မင်းရဲ့ချစ်တဲ့သူကိုလက်မလွတ်လိုက်ပါနဲ့..... မင်းချစ်နေတယ်ဆိုတာ..သူသိအောင်ပြောပါ.... မင်းကိုချစ်နေတဲ့သူတွေ..ရှိနေတယ်ဆိုတာမင်းသဘောပေါက်ပါ.. မင်းဟာ...တယောက်ထဲမဟုတ်ဘူးဆိုတာမင်းခေါင်းထဲမှာ အသေမှတ်ထားပါ ဒီစာကိုဖတ်ပြီးရင်...မင်းမှားတာတွေ..မင်းလွန်ခဲ့တာတွေ..ကိုဝန်ချတောင်းပန်ပါ အဲ့ဒီအတွက်မင်းဝန်မလေးပါနဲ့..........မင်းမရှက်ပါနဲ့ ဘယ်တော့မှ..မင်းရဲ့ချစ်တဲ့သူတွေကို စိတ်ပျက်အောင်မလုပ်မိစေပါနဲ့)
*
်foreverfriend.naing.com မှဖော်ပြပါသည်။
**thwin aungmoe** (မုတ်သုံ)

No comments:
Post a Comment