(လန်ဒန်၊ ဒီဇင်ဘာလ ၂၃ ရက်)
အသက်ရှစ်နှစ်မှ ၁၀ နှစ်အရွယ်ကြား ကျောင်းသားငယ်အဖွဲ့တစ်ဖွဲ့က ပြုစုခဲ့သော Apidae မျိုးရင်းဝင် ပျားမျိုးစိတ်တစ်ခုနှင့် သက်ဆိုင်သော ကျောင်းသင်ခန်းစာလေ့လာမှု တစ်ရပ်ကို ဗြိတိန်သိပ္ပံပညာရပ်ဆိုင်ရာ တော်ဝင်အဖွဲ့က ထုတ်ဝေသော ထိပ်တန်းသိပ္ပံစာစောင်တစ်ခုတွင် ဖော်ပြခဲ့ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** လက်နက်ထိန်းချုပ်ရေးစာချုပ်သစ် အတည်ပြုရေး ရုရှားဒူးမားလွှတ်တော် မကြာမီသဘောတူဖွယ်ရှိ **
(မော်စကို၊ ဒီဇင်ဘာလ ၂၃ ရက်)
လက်နက်ထိန်းချုပ်ရေးစာချုပ်သစ်ကို အတည်ပြုရေးနှင့် ပတ်သက်၍ အမေရိကန်အောက်လွှတ်တော်၏ ထောက်ခံမှုသည် စာချုပ်၏ အနှစ်သာရကို ပြောင်းလဲစေခြင်းမရှိခဲ့ပါက ရုရှားနိုင်ငံက အဆိုပါစာချုပ်သစ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ထက် နောက်မကျစေဘဲ သဘောတူအတည်ပြုမည်ဖြစ်ကြောင်း ရုရှားလွှတ်တော်အမတ်များက ယနေ့ပြောကြားသည်။ (အင်တာနက်)
** အာဖဂန်စစ်ဘက်အတွက် အမေရိကန်ကထောက်ပံ့သော ဆေးပစ္စည်းများ ပျောက်ဆုံးနေ **
(ကဘူး၊ ဒီဇင်ဘာလ ၂၃ ရက်)
အာဖဂန်စစ်ဘက်နှင့် ရဲတပ်ဖွဲ့၏ ကျန်းမာရေးကဏ္ဍများအတွက် အမေရိကန်နိုင်ငံက ထောက်ပံ့ခဲ့သော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများသည် အာဖဂန်စစ်ဆေးရုံများနှင့် ဆေးခန်းများသို့ ရောက်ရှိခဲ့ခြင်းမရှိဘဲ ကြားတွင်ပျောက်ဆုံးခဲ့ရကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** ၂၀၁၁ ခုနှစ်အတွင်း ပထမဆုံးလေယာဉ်တင်သင်္ဘော တရုတ်နိုင်ငံအသုံးပြုဖွယ်ရှိ **
(ပေကျင်း၊ ဒီဇင်ဘာလ ၂၃ ရက်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၄င်း၏ ပထမဆုံး လေယာဉ်တင်သင်္ဘောကို ၂၀၁၁ ခုနှစ်အတွင်းရေချနိုင်ဖွယ်ရှိကြောင်း တရုတ်စစ်ဘက်နှင့် နိုင်ငံရေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များက ကြာသပတေးနေ့တွင် ဖော်ပြသည်။ အဆိုပါ လေယာဉ်တင်သင်္ဘောကို တရုတ်နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်အတွင်း စတင်အသုံးပြုနိုင်မည်ဆိုပါက အမေရိကန်စစ်ရေးအကဲခတ်များ မျှော်လင့်ထားသည့်ကာလထက် တစ်နှစ်မျှ ပိုစောမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ဗြိတိန်မူလတန်းကျောင်းသားများလေ့လာချက် ကို ထိပ်တန်းသိပ္ပံစာစောင်းတစ်ခုတွင် ဖော်ပြခံရ **

No comments:
Post a Comment