.....................................................................
** မိမိဆောင်ကြဉ်းပေးခဲ့သော အင်တာ၏ အောင်မြင်မှုကို ဘင်နီတက်ဇ်ဖျက်ဆီးခဲ့ပြီဟု မော်ရင်ဟို
ပြောကြား **
(စပိန်၊ ဒီဇင်ဘာလ ၂၃ ရက်)
ရီးယဲလ်မက်ဒရစ်နည်းပြ ဂျိုဆေးမော်ရင်ဟိုက ရာဖေးဘင်နီတက်ဇ်သည် အင်တာမီလန်အသင်းအား ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းပေါ်သို့ ဆွဲချပစ်ခဲ့သည်ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြောကြားလိုက်သည်။ (အင်တာနက်)
** စပိန်ဘုရင့်ဖလား ရှုံးထွက်ပြိုင်ပွဲ ရီးယဲလ်မက်ဒရစ် ဂိုးသွင်းစွမ်းရည်ပြ **
(မက်ဒရစ်၊ ဒီဇင်ဘာလ ၂၃ ရက်)
စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ကြာသပတေးနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗန်တေးကို ရှစ်ဂိုးတိတိသွင်း၍ ဂိုင်းသွင်းစွမ်းရည်ပြခဲ့သည်။ (အင်တာနက်)
** အင်္ဂလန်လူငယ်နည်းပြလုပ်ရန် ကာရေဂါနှင့် အက်ဖ်အေဆွေးနွေး **
(လန်ဒန်၊ ဒီဇင်ဘာလ ၂၃ ရက်)
လီဗာပူးအသင်းနှင့် အင်္ဂလန်နောက်ခံကစားသမား ကာရေဂါနှင့် အက်ဖ်အေမှ တာဝန်ရှိသူများသည် အင်္ဂလန်လူငယ်နည်းပြရာထူးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရသည်။ (အင်တာနက်)
** စတီဗင်ဂျရတ်နှင့် ဒန်နီရယ်အဂ္ဂါ လီဗာပူးအတွက် Boxing Day တွင် ပြန်ကစားနိုင်မည် **
(လီဗာပူး၊ ဒီဇင်ဘာလ ၂၃ ရက်)
လီဗာပူးနည်းပြ ရွိုင်းဟော့ဒ်ဆန်က ဒဏ်ရာပြဿနာအသီးသီးဖြင့် အနားယူနေရသော အသင်းခေါင်းဆောင် စတီဗင်ဂျရတ်နှင့် နောက်ခံလူ ဒန်နီရဲယ်အဂ္ဂါတို့နှစ်ဦးသည် လာမည့် (တနင်္ဂနွေနေ့) Boxing Day တွင် ကစားမည့် ဘလက်ပူးအသင်းနှင့်ပွဲအတွက် အသင့်ဖြစ်နေမည်ဟု အတည်ပြုပြောကြားခဲ့သည်။ (အင်တာနက်)
** ဗန်းစတိန်းအား အက်ဖ်အေ ဥက္ကဌ ခန့် **
(လန်ဒန်၊ ဒီဇင်ဘာလ ၂၃ ရက်)
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)သည် ဗုဒ္ဓဟူးနေ့တွင် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ပြီး ဒေါ်ဗစ်ဗန်းစတိန်းအား ဥက္ကဌအဖြစ် ခန့်အပ်လိုက်သည်။ FA သည် လွန်ခဲ့သည့် မေလအတွင်းက နုတ်ထွက်သွားခဲ့သော ဥက္ကဌဟောင်း လော့ဒ်ထရွိုင်ယက်စ်မန် နေရာတွင် အစားထိုးရန် အလျာထားသော နာမည်ကျော် ပုဂ္ဂိုလ်များထဲမှ မန်စီးတီးအသင်းဥက္ကဌဟောင်း ဗန်းစတိန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** ပေါင်တစ်သန်းခွဲအထက်ရလျှင် ဘာတန်ကို ရောင်းမည်ဟု နယူးကာဆယ်ဈေးဖြတ် **
(နယူးကာဆယ်၊ ဒီဇင်ဘာလ ၂၃ ရက်)
နယူးကာဆယ်အသင်းက ကွင်းလယ်ကစားသမား ဂျိုယေးဘာတန်အား ပေါင်တစ်သန်းခွဲနှင့်အတက် ပေးမည်ဆိုပါက ရောင်းထုတ်မည်ဟု ဆိုသည်။ ဒေးလီမေးလ်သတင်းစာ၏ အဆိုအရ တန်းဆင်းဇုန်မှ ရုန်းထွက်ရန် ကြိုးစားနေရသော ၀က်စ်ဟမ်းအသင်းက ဘာတန်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- စိုးတင့်နိုင် **
Jose Mourinho

No comments:
Post a Comment