ယနေ့ညနေ ကော့သောင်းမြို့သို့ဆိုက်ရောက်သော
ဧရာနဒီအမြန်ရေယာဉ်အမှတ် - ၉၉၉ တွင်စီးနှင်းလိုက်ပါလာသော ခရီးသည်တစ်ဦး
ရေထဲသို့ကျရောက်ပျောက်ဆုံး။ ဖြစ်စဉ်မှာ ယနေ့ ၁၈:၂၀ ခန့် ကော့သောင်းမြို့
မြို့မဆိပ်ကမ်းသို့ဆိုက်ရောက်သော ဧရာနဒီအမြန်ရေယာဉ်အမှတ် - ၉၉၉
ဆိုက်ရောက်ချိန် တွင်မှတ်ပုံတင်အစစ်ဆေးခံရန်ခရီးသည်များ
တိုးဝှေ့တန်းစီနေစဉ် တွင် အသက် ၃ နှစ်အရွယ် ကလေးတစ်
ဦးနှင့်၎င်းဧ။်မိခင်တို့သည် ကော့သောင်းမြို့
မြို့မဆိပ်ကမ်းဘောတံတားပေါ်မှ ပါချန်မြစ်ထဲသို့ပြုတ်ကျသွား သဖြင့်
မိခင်အား ပြန်လည်ဆယ်ယူနိုင်သော်လည်းကလေးမှာမူယခုအချိန် အထိ လိုက်
လံရှာဖွေ သော်လည်းမ တွေ့သေးပါ။
ဒေ သခံများ ပြောကြားချက်မှာ "
မှတ်ပုံတင်စစ်တော့ လူတွေကကြောက်ကြောက်လန့်လန့်နဲ့ တိုးဝှေ့ကြရင်း ရေထဲ
ကိုကျသွားတာပါ" ၊ " အမြန်ရေယာဉ်ဝင် တာကနောက်ကျတယ်လေ၊မှောင်နေတော့လူ
တွေကလောနေကြတယ်လေ အဲတော့သာမန်ထက်တိုးဝှေ့ ရင်းရေထဲကျသွားတာနေမှာပေါ့"
အဆိုပါအမြန်ရေယာဉ်များသည်
ထားဝယ်၊မြိတ်၊ကော့သောင်း ခရီးစဉ်များအားနေ့စဉ်
အလှည့်ကျပြေးဆွဲလျှက်ရှိပြီး၊ စီးနှင်းလိုက်ပါသူအများစုမှာ
ထိုင်းနိုင်ငံ၊မလေးရှား စသည့်နိုင်ငံများသို့သွား
ရောက်အလုပ်လုပ်ကိုင်သူများသဖြင့်၊
ကော့သောင်းမြို့ရှိထောက်လှမ်းရေး၊ရဲ၊လဝက များအတွက်လုံခြုံရေး
အရစစ်ဆေးမှုဟုအကြောင်းပြခါ
စစ်ဆေးရေးအလွန်တင်းကြပ်ပြီးတချို့ဆိုရင်ထိန်းသိမ်းထားကာ ငွေညှစ်
လေ့ရှိသဖြင့် ခရီးသည်များတွက်အလွန်ကြောက်ရွံ့စွာဖြင့်သွားလာရသောနေရာဖြစ်ပါသည်။
**Aung Kyaw**
(28,Dec,2010)

No comments:
Post a Comment