*(Public Health)*
**လက်ထပ်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူး လေးသွယ်**
၁။ ဆီးချို၊ သွေးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်။
ပုံမှန်ထက် သွေးတွင်းဂလူးကို့စ် ပမာဏပိုများတဲ့ အမျိုးသမီးတွေဟာ လက်ထပ်ပြီးချိန်မှာ ပုံမှန်ပမာဏအတိုင်း ရှိနေတတ်ကြကြောင်း ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှုဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
၂။ သွေးဖိအားဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အတိုင်းအတာမှာ ရှိနေပါတယ်။
ဘရိုင်ဟမ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ပျော်ရွှင်တဲ့ ဇနီးမောင်နှံတွေဟာ သွေးဖိအား ပမာဏကို ကောင်းမွန်စွာ ထိန်းနိုင်ပြီး ပျော်ရွှင်မှုဆိတ်သုန်းတဲ့ စုံတွဲတွေကတော့ သွေးတိုးရောဂါ ရနိုင်ခြေများတာကို တွေ့ရပါတယ်။ ဒါကြောင့် လေ့လာမှုခေါင်းဆောင် ဒေါက်တာဒိုမာက “အဆင်မပြေတဲ့ စုံတွဲတွေကို လမ်းခွဲလိုက်ကြဖို့ အကြံပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်တည်းနေတာထက် အဆင်မပြေတဲ့ အိမ်ထောင်ရေးက ကျန်းမာရေးကို ပိုဆိုးစေတာကြောင့်ပါ” လို့ ဆိုပါတယ်။
၃။ ဆေးလိပ်နဲ့ အရက်ကို အလွန်အကျွံ မသောက်ဖြစ်ပါ။
ပျော်ရွှင်တဲ့ မိသားစုရှိသူတွေဟာ ဆေးလိပ်နဲ့အရက်ကို ဘယ်တော့မှ အလွန်အကျွံ မသောက်ဖြစ်ကြပေမယ့် တစ်ခုလပ် ဒါမှမဟုတ် မုဆိုးဖိုတွေကတော့ လူပျိုကြီးတွေထက် ဆေးလိပ်နဲ့အရက်ကို ပိုသောက်ဖြစ်တတ်ကြပါတယ်။
၎။ အရွယ်မတိုင်ခင် စောစောသေဆုံးနိုင်ခြေ နည်းပါတယ်။
ယေဘုယျအားဖြင့် တစ်ကိုယ်တည်းနေသူတွေဟာ အိမ်ထောင်သည်တွေထက် စောစောစီးစီး သေဆုံးနိုင်ခြေ ၅၈ ရာခိုင်နှုန်း ပိုများကြောင်း ပတ်ဝန်းကျင် ကျန်းမာရေးဂျာနယ်ရဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။
Ref: Good Health
**meepyatite**

No comments:
Post a Comment