တစ်ခါက ကောင်းကင်ဘုံနှင့် ငရဲကြား ခြံစည်းရိုး ပြိုပျက်သွားသည်။ ပြိုပျက်သွားသောအပိုင်းသို့ စီန့်ပီတာရောက်လာပြီး နတ်ဆိုးကို လှမ်းခေါ်လိုက်သည်။ “ဟေ့… စေတန်၊ အင်ဂျင်နီယာတွေအားလုံး၊ မင်းဆီရောက်နေတော့ ဒီခြံစည်းရိုးပြုပြင်ဖို့ သူတို့ကို ခိုင်းပါလား”
“ဆောရီးပဲ….” စေတန်နတ်ဆိုးက ဖြေလိုက်သည်။
“ကျုပ်လူတွေအားလုံး အလုပ်များနေတယ်။ သူတို့ကို ဒီိ လို အသေးအမွှားအလုပ်တွေ ခိုင်းမနေနိုင်ဘူး”
“ကောင်းပြီလေ” စိန့်ပီတာက တုံ့ပြန်ပြောလိုက်သည်။
“မင်း အဲဒီလို မလုပ်ဘူးဆိုရင် မင်းကို ငါ တရားစွဲရမှာ”
“ တရားစွဲမယ်လား” နတ်ဆိုးက တုံ့ပြန်လိုက်သည်။
“ဆိုစမ်းပါဦး… ခင်ဗျား ဘယ်ဆီကနေ ရှေ့နေတစ်ယောက်ရမလဲ”
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ ဟာသများ)**

No comments:
Post a Comment