ဆရာဝန်တို့၏ ကျင့်ထုံးဓလေ့တို့ကို အလေးအနက်ထားလေ့ရှိသော သမားတော်ကြီးတစ်ဦးသည် အမျိုးသမီးလူနာတစ်ဦးကို သူစမ်းသပ်တိုင်း အခန်းထဲတွင် အဖော်တစ်ဦးပါရှိနေစေလေ့ရှိသည်။
အလွန်အလုပ်ရှုပ်သော နေ့ခင်းအလွန်တွင်မူ သူသည် လူနာများကိုကြည့်ရှုရ၍ အတော်ပင် လက်ပန်းကျနေခဲ့ပြီး စုံတွဲတစ်တွဲအား စစ်ဆေးခန်းထဲသို့ ၀င်ရောက်ကြပါရန် လေးဖင့်စွာ လက်ဟန်ပြခေါ်လိုက်သည်တွင် အမျိုးသမီးအား ဆရာဝန်က စစ်ဆေးစမ်းသပ်နေခိုက်တွင် အမျိုးသားက စိတ်ဝင်တစားလိုက်ကြည့်လေသည်။
ဆရာဝန်သည် အမျိုးသမီးကို စမ်းသပ်ပြီးသောအခါတွင် ဆေးစာများကို ရေးပေးလိုက်ရာ အမျိုးသမီးလည်း အစမ်းသပ်ခံ ခုတင်ပေါ်မှခုန်ထ၍ သွက်လက်စွာ အ၀တ်အစားပြန်ဝတ်ဆင်၍ အခန်းထဲမှ သုတ်ခြေတင်ပြေးသွားတော့သည်။
`ခင်ဗျားမိန်းမကတော့ အတော်ဖျတ်ဖျတ်လတ်လတ်ပဲ´- ဆရာဝန်က မှတ်ချက်ချလိုက်သည်။
`ကျနော့်မိန်းမ ´-ထိုသူက တအံ့တသြဆိုလိုက်သည်။ ကျနော့်တသက်မှာ အဲဒီမိန်းမကို တစ်ခါမှ မမြင်ဖူးဘူး၊ ဆရာ၊ ဆရာ ကျနော့်ကို ဘာလို့များ အထဲခေါ်လိုက်သလဲလို့ စဉ်းစားရင်းကျနော် လိုက်ကြည့်နေခဲ့တာ။
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ဟာသများ)**

No comments:
Post a Comment