ခြေချော်မှာစိုး၊ ရိုးရိုးဖိနပ်
သံခွာတပ်ပြီး
မတ်မတ်လျှောက်လို့ သွားရသည်။
**နှင်းတောင်အလှ၊ ရသ တ၀က်
စိတ်ပျက်တဖုံ၊ ကြုံတောင့်ကြုံခဲ
နှင်းပွဲရာသီ၊ နှင်းတိုင်းပြည်။
**နှင်းငွေ့မြမြ၊ နင်း၍ဖွဖွ
လမ်းမတတန်း၊ နှင်းခင်းလမ်းတွင်
ပန်းသစ်ပွင့်နိုး၊ ရွက်သစ်နုနိုး
သို့သော်… အထီးကျန်၊ ရိုးတံပြိုင်းပြိုင်း
သစ်ကိုင်း မိုးသို့ထိုး။
**နေခြည်အေးအေး၊ ရွှေရည်ရေးလည်း
မနွေးနိုင်ဘူး၊ နှင်းဆွတ်လူးလျက်
စိတ်ကူးတွေလည်း ခဲကုန်ပြီ။
***နှင်းပွင့်ထဲမှာ ရဲရင့်အလံ
ဝဲပျံနေသည်၊ ဒီမိုကရေစီ၊ အောင်လံနီ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၂၂ ဒီဇင်ဘာလ ၁၉၉၉)
**နှင်းခဲပေါ်က
ခြေချော်မှာစိုး၊ ရိုးရိုးဖိနပ်
သံခွာတပ်ပြီး
မတ်မတ်လျှောက်လို့ သွားရသည်။
**နှင်းတောင်အလှ၊ ရသ တ၀က်
စိတ်ပျက်တဖုံ၊ ကြုံတောင့်ကြုံခဲ
နှင်းပွဲရာသီ၊ နှင်းတိုင်းပြည်။
**နှင်းငွေ့မြမြ၊ နင်း၍ဖွဖွ
လမ်းမတတန်း၊ နှင်းခင်းလမ်းတွင်
ပန်းသစ်ပွင့်နိုး၊ ရွက်သစ်နုနိုး
သို့သော်… အထီးကျန်၊ ရိုးတံပြိုင်းပြိုင်း
သစ်ကိုင်း မိုးသို့ထိုး။
**နေခြည်အေးအေး၊ ရွှေရည်ရေးလည်း
မနွေးနိုင်ဘူး၊ နှင်းဆွတ်လူးလျက်
စိတ်ကူးတွေလည်း ခဲကုန်ပြီ။
***နှင်းပွင့်ထဲမှာ ရဲရင့်အလံ
ဝဲပျံနေသည်၊ ဒီမိုကရေစီ၊ အောင်လံနီ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၂၂ ဒီဇင်ဘာလ ၁၉၉၉)


No comments:
Post a Comment