**Public Health**
**ဆပ်ပြာကဲ့သို့သော ဆေးကြော သန့်စင်ရာတွင် အသုံးပြုသည့်အရာများတွင် ပါဝင်သော ဓာတု ပစ္စည်းများက ကလေးများကို ဘေးဥပဒ်ဖြစ်စေ**
ဆပ်ပြာနှင့် အခြားသန့်စင်ဆေးကြောရာတွင်အသုံးပြုသော အရာများ၌ပါဝင်သည့် ဓာတုပစ္စည်းများသည်ကလေးများတွင်သာမက လူကြီးများ၌ပါ ဘေးဥပဒ်ဖြစ်စေကြောင်း သုတေသနအသစ်တစ်ရပ်အရ သိရသည်။ အသန့်ကြိုက်သော လူငယ်များအနေဖြင့် ဆပ်ပြာကို အလွန်အကျွံတိုက်ရာမှ ယင်း၌ပါဝင်သော Triclosan ကဲ့သို့သောအရာက ဓာတ်မတည့်ခြင်းကို ပို၍ဖြစ် ပေါ်နိုင်စေသည်ဟု ဆိုသည်။ Triclosan သည် ပလတ်စတစ်များ၌ ပါဝင်သော BPA ကဲ့သို့ပင် ဓာတ်မတည့်ခြင်းကိုပိုမိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ထဲတွင် ဆိုင်တိုမီဂါလိုဗိုင်းရပ်စ် ပဋိပစ္စည်းများ ပိုမိုဖြစ်ပေါ်စေသည်ဟုဆိုသည်။ ယင်းသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့သူ မီချီဂန်တက္ကသိုလ်မှ ဒေါက်တာ အီရင်ရီးစ်ကလေတန်က ဆပ်ပြာအလွန်အကျွံတိုက်ခြင်းကြောင့် Triclosan မြင့်တက်ကာ Allergy နှင့် Hay Fever တို့ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။
**meepyatite**

No comments:
Post a Comment