ဇနီးဖြစ်သူက ယောက်ျားအရက်သမားကို ကွာရှင်းတော့မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ရာ အိမ်နီးချင်းတစ်ယောက်က နောက်တစ်ကြိမ်ခန့် အခွင့်ရေးပေးလိုက်ပါဦးဟု ဖျောင်းဖျကြသည်။
“ ရှင် သူ့ကို ဆူညံပူညံလုပ်မဲ့အစား ကောင်းကောင်းမွန်မွန် ဆက်ဆံကြည့်ပါဦး” ဟု အိမ်နီးချင်းများကဆိုကြသည်။
နောက်တစ်နေ့ညတွင် ယောက်ျားဖြစ်သူသည် လူမှန်းသူမှန်းမသိအောင်မူးပြီး အိမ်ကို ဒယီးဒယိုင်ဖြင့် ပြန်ရောက်လာသည်။ မိန်းမဖြစ်သူက သူ့ကိုအရင်လို ဆူညံပူညံ မလုပ်တော့ဘဲ သူ့အတွတ်လက်ဖက်ရည် တစ်ခွတ်ဖျော်ပေးသည်။ ခြေထောက်တွေကိုနွေးထွေးအောင်လုပ်ပေးသည်။ အင်္ကျီနှင့် လည်စည်းကိုပါ ချွတ်ပေး ပြီး ဆံပင်တွေကို ပွတ်သပ်ပေးသည်။
“ မောင်၊ ကျွန်မတို့အိပ်ရာဝင်ကြရအောင်” ဟုဇနီးကချိုသာစွာ ပြောသည်။
“အေး........ ကောင်းသားပဲ၊ ကိုယ်အိမ်ပြန်ရင် အိမ်ကမယားကြီးက ကုလားထိုင်ပေါ်မှာပဲ အိ ပ် ခိုင်းမှာ” ဟု ယောက်ျားဖြစ်သူက အာလေးလျှာလေးဖြင့် ပြောသည်။
**Binary Ster**
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment