23.5.2010 မနက်83း0ခန်.တွင် မင်္ဂလာဈေးကြီးမီးလောင်၍ ပျက်ဆီးဆုံးရှုံးသွားသော ဆိုင်ခန်းပိုင်ရှင်များကို ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီမှ ငဲ့ညှာသောအားဖြင့် မင်္ဂလာဈေးသစ်ရှိ ဒုတိယထပ်နှင့်တတိယထပ်များတွင် ယာယီဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့ပါသည်။မင်္ဂလာဈေး ဈေးသူ/ဈေးသားများမှလည်း မင်္ဂလာဈေးသစ်တွင် ယာယီဖွင့်လှစ်ရောင်းချခွင့်ရရှိခဲ့သည့်အတွက်လည်း နိုင်ငံတော်အကြီးအကဲများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။မင်္ဂလာဈေးရှိဈေးသူ/ဈေးသားများမှာ မိမိတို.ပိုင်ဆိုင်သော ငွေကြေးများအားလုံးလိုလိုကိုအရင်းအနှီးပြု၍ရောင်းချခြင်းဖြစ်ပါသည်။ထိုသို.ပိုင်ဆိုင်သောငွေကြေးအားလုံးလိုလိုကို အရင်းအနှီးပြု၍ ရောင်းချသည့်အတွက် မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားရာတွင် များစွာနစ်နာဆုံးရှုံးခဲ့ရပါသည်။မီးလောင်ရာတွင်လည်း မင်္ဂလာဈေးစတုတ္ထထပ်(အလှကုန်နှင့်ဆေး)၊ခေါင်မိုးထပ်(ဆေးဂိုထောင်နှင့်စားသောက်တန်း)မှ ပစ္စည်းများအားလုံးပျက်စီးဆုံးရှုံးသွားခဲ့ရပါသည်။မည်သည့်ပစ္စည်းမှပြန်မရပါ။သို.ရာတွင် AA Medical Product မှ မီးဘေးသင့်ဆေးဆိုင်ပိုင်ရှင်များကိုငဲ့ညှာခြင်းအလျင်းမရှိဘဲ မီးလောင်ရာတွင်ပါဝင်သွားသည့်ဆေးဖိုးငွေများကို ပေးသွင်းရန်အတင်းအကြပ်တောင်းခံလျက်ရှိပါသည်။
23.12.2010 နေ.လည်11နာရီခန်.တွင် ယာယီနေရာချထားပေးသော မင်္ဂလာဈေးသစ် ဒုတိယထပ်ရှိ ဦးခင်မောင်မြင့်ဆေးဆိုင် ပိုင်ရှင်ကိုထွန်းမြင့်ဦးကို လသာရဲစခန်းမှ ပုဒ်မ၄၀၆(ပြစ်မှုမကင်းသောယုံကြည်အပ်နှံရေးဖောက်ဖျက်မှု)ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါသည်။
">
ထို.အပြင် ညနေ၅နာရီခန်.တွင်လည်း မင်္ဂလာဈေးသစ်တတိယထပ်ရှိ နေလဆေးဆိုင် ပိုင်ရှင်ကိုလည်းတောင်ဥက္ကလာရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြန်ပါသည်။ ထို.အတွက်မင်္ဂလာဈေး ဈေးသူ/ဈေးသားများအနေဖြင့် များစွာဝမ်းနည်းရပါသည်။မင်္ဂလာဈေးမှ ဆေးဆိုင်ပိုင်ရှင်များသည် AA Medical Product မှ ဆေးဝါးများကို အလွဲသုံးစားပြုလုပ်ခြင်းမဟုတ်ပါ။သဘာဝဘေးအန္တရယ်ကြောင့်သာ ပျက်စီးဆုံးရှုံးသွားရခြင်းဖြစ်သဖြင့် ဆေးဖိုးငွေများပြန်လည်မပေးသွင်းနိုင်ခြင်းအပေါ်တွင် AA Medical Product အနေဖြင့် လူသားခြင်းစာနာထောက်ထားသောအားဖြင့် နားလည်ပေးစေလိုပါသည်။ပုဒ်မ-၄၀၆ဆိုသည်မှာလည်း ယုံကြည်အပ်နှံထားသောပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုမှသာပြစ်မှုမြောက်ပါသည်။မင်္ဂလာဈေးမှဆေးဆိုင်ပိုင်ရှင်များသည် AA Medical Product မှဆေးဝါးများကို မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလုပ်ခြင်းမဟုတ်ပါ။မီးလောင်ပျက်စီးသွား၍သာ ပြန်လည်မပေးဆပ်နိုင်ခြင်းဖြစ်ပါသည်။ထိုကိစ္စအား နိုင်ငံတော်အကြီးအကဲအာဏာပိုင်များအနေဖြင့် မီးဘေးသင့်ပြည်သူပြည်သားဆေးဆိုင်ပိုင်ရှင်များကို ငဲ့ညှာသောအနေဖြင့် ကူညီဖြေရှင်းပေးပါရန် မီးဘေးသင့်ဈေးသူ/ဈေးသားများမှ လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။
ဤမေးလ်ကိုလက်ဆင့်ကမ်းဖြန်.ဝေပေးခြင်းဖြင့်ကူညီပေးကြပါ။
**lo ve**
To: aurorageneration@googlemail.com

No comments:
Post a Comment