**Public Health**
**ကွာရှင်းထားသော မိဘများ၏ ကလေးများ လေဖြတ်နိုင်ခြေ မြင့်မား**
ငယ်စဉ်က မိဘများ၏ ကွာရှင်းမှုကို ကြုံတွေ့ခဲ့ရသော ကလေးများသည် ၎င်းတို့၏ ဘဝတစ်သက်တာတွင် လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ပို၍မြင့်မားကြောင်း လေ့လာချက် အသစ်တစ်ရပ်အရ သိရသည်။ ယင်းတွေ့ရှိချက်ကို နိုဝင်ဘာလ ၂၂ရက်နေ့က နယူးအော်လင်းမြို့တွင် ပြုလုပ်သော အမေရိက၏ နှစ်ပတ်လည် ဆေးပညာဆိုင်ရာ ညီလာခံတစ်ရပ်၌ တင်ပြခဲ့သည်။ တိုရွန်တိုတက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ကနေဒါ နိုင်ငံသားပေါင်း ၁၃ဝဝဝ ကျော်ကို အခြေခံ လေ့လာခဲ့ကြခြင်း ဖြစ်သည်။ ယင်း၌ ၁ဝ ရာခိုင်နှုန်းသည် ငယ်စဉ်က မိဘများ ကွာရှင်းပြတ်စဲမှုနှင့် ကြုံတွေ့ခဲ့ရသူများဖြစ်သည်။ လေ့လာချက်များအရ ယင်းကဲ့သို့သော ကလေးများသည် သာမန်ကလေးများထက် ဘဝတစ်လျှောက်လုံး၌ လေဖြတ်နိုင်ခြေ ၂ဒသမ ၂ ဆ ပို၍မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
**meepyatite**

No comments:
Post a Comment