ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 30, 2010

တန်ဖိုးထားမှုလေးတစ်ခု

>
တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ အရေးကြီးဆုံးအရာတစ်ခု ဖြစ်လာတာက အလေးအနက်တန်ဖိုးထားတဲ့ အသိအမှတ်ပြုမှုလေးတစ်ခု (Appreciation) ပါ။
လောလောလတ်လတ် ကျောင်းပြီးခါစ လူငယ်တစ်ယောက်က သူ့ဘဝတလျှောက်လုံးမှာ လေ့လာမှုတိုင်းကို ထူးထူးချွန်ချွန် ဖြတ်သန်းခဲ့သူဖြစ်တယ် ။ အဲ့ဒီလူငယ်က ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေဂျာရာထူး အတွက် အင်တာဗျူးသွားတော့ သူ့ရဲ့ CV ပေါ်က စွမ်းစွမ်းတမံ ထူးချွန်မှုတွေကို တွေ့ရတဲ့ ကုမ္ပဏီဒါရိုက်တာ က သူ့ကို အခုလိုမေးမြန်တယ်။
“မင်း ကျောင်းတက်ခဲ့တဲ့ သက်တမ်းတလျှောက် Scholarship ရခဲ့ဖူးတာ ရှိလား”
မရှိပါဘူး
“ဒါဖြင့် မင်းကျောင်းလခတွေကို ထောက်ပံ့တာ မင်းအဖေလား"
‘မဟုတ်ပါဘူး။ အဖေက ကျွန်တော် (၁)နှစ်သား အရွယ်ကတည်းက ဆုံးသွားပါတယ် ။ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ခဲ့တာ ကျွန်တော့်အမေပါ’
“မင်းအမေက ဘယ်မှာ လုပ်တာလဲ”
‘အမေက အဝတ်လျှော်တဲ့အလုပ်လုပ်ပါတယ်’

လူငယ်က အဲ့လိုပြောတော့ ကုမ္ပဏီဒါရိုက်တာက သူ့လက်ကို ပြခိုင်းတယ် ။ လုငယ်ရဲ့လက်က ပင်ပင်ပန်းပန်း ဘာမှမလုပ်ခဲ့ရသလို ချောမွေ့နူးညံ့နေတယ်။ ကုမ္ပဏီဒါရိုက်တာက ဆက်မေးတယ် ။
“မင်းအမေအဝတ်လျှော်တာတွေ ကူလုပ်ခဲ့ဖူးလား”
‘မလုပ်ဖုးပါဘူး။ အမေက ကျွန်တော့်ကို စာပဲ အာရုံစိုက်စေချင်တယ် ။ ကျွန်တော် စာတွေဖတ်နေရင်ပြီးရော။ ဒါ့အပြင် ကျွန်တော်လုပ်ရင်လဲ အမေ့လို မမြန်ဘူး’
“ဟုတ်ပါပြီ။ မင်းကို တခု တောင်းဆိုချင်တယ်။ မင်း ဒီနေ့ အိမ်ပြန်သွားတဲ့အခါ မင်း အမေ့ရဲ့လက်ကို ဆေးကြောသန့်စင်ပေးပါ။ ပြီးရင် မနက်ဖြန် မနက် ငါ့ကို ထပ်လာတွေ့ပါ”
သှူုအင်တာဗျူး အခြေအနေကောင်းတာကို ရိမ်မိနေတဲ့ လူငယ်က အိမ်ကို ပြုံးရွှင်စွာနဲ့ ပြန်သွားတယ် ။ အိမ်ရောက်တော့ သူ့အမေကို သူက “အမေ့လက်ကို သန့်စင်ဆေးကြောခွင့်ပေးပါ” လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခွင့်တောင်းတယ်။ သူ့သား ဘာလို့ ရုတ်တရက် အဲ့လို ပြောရတာလဲလို့ သေချာနားမလည်ပေမဲ့ သူ့အမေကတော့ သူ့အပြုအမူတွက် အတော်ပီတိဖြစ်နေတယ်။
သူ့အမေ့လက်ကို သေချာ ဆေးကြောသန့်စင်ပေးနေတုံးမှာ သူ မျက်ရည်ကျလာတယ်။ အမေ့လက်ဟာ အရေးအကြောင်းများစွာ၊ ဒဏ်ရာဒဏ်ချက်များစွာနဲ့ပါလား ။ တခါတခါ ထိခိုက်ပွန်းရှထားတဲ့ နေရာ လေးတွေကို ထိမိတော့ နာလို့ထင်ပါရဲ့ .. အမေ့လက်တွေ တုန်နေတယ် ။
သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ရရှိခံစားမိတဲ့ အသိတရားက အမေ့လက်က အရေးအကြောင်းတွေဟာ သူ့ကျောင်းစရိတ်အတွက် ဖြစ်ခဲ့ရတာတွေ၊ အမေ့လက်က ဒဏ်ရာတွေဟာ သူ့ရဲ့ ထူးချွန်လှတဲ့ ကျောင်းပညာရေးအတွက် ပေးဆပ်ခဲ့မှုတွေဆိုတာပဲ ။
အမေ့လက်တွေဆေးကြောပေးပြီးတဲ့နောက် အဝတ်တွေကိုပါ တခါတည်း သူဆက်လျှော်ပေးလိုက်တယ်။ အဲ့ဒီည အမေနဲ့သူ အကြာကြီး စကားထိုင်ပြောကြတယ်။
နောက်တနေ့ ကုမ္ပဏီကို သူထပ်သွားတော့ သူ့မျက်ဝန်းက မျက်ရည်တွေကို သတိထားမိတဲ့ ကုမ္ပဏီဒါရိုက်တာက သူ့ကိုမေးတယ်။
“ကဲ .. မနေ့က မင်းဘာတွေလုပ်ခဲ့ပြီး ဘာသင်ခန်းစာတွေရလဲ ပြောပါဦး”
‘ကျွန်တော် အမေ့လက်ကို ဆေးပေးပြီး အဝတ်တွေ ကူလျှော်ပေးခဲ့တယ်’
“မင်း ဘယ်လိုခံစားရလဲ”
‘ကျွန်တော် အချက်(၃)ချက် ရှာဖွေတွေ့ရှိခဲ့တယ် …
- နံပါတ်(၁)က အလေးအနက်တန်ဖိုးထား အသိအမှတ်ပြုမှုပဲ ။ အမေ့ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေ့လို အနေအထားကို ဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုတာ အသေအချာပဲ။
- ဒုတိယအချက်အနေနဲ့ .. တခြားသူရဲ့လုပ်ဆောင်ချက်တွေ ဘယ်လိုခက်ခဲပင်ပန်းသလဲဆိုတာကို နားလည်သွားမှုပါ။ အမေ့အလုပ်တွေကို ကျွန်တော်ကိုယ်တိုင်လုပ်ကြည့်မှ ဘယ်လောက်ခက်ခဲ ပင်ပန်းတယ်ဆိုတာ ကိုယ်ချင်းစာနားလည်သွားတယ်။
- နောက်ဆုံးကတော့ .. မိသားစုဆိုတဲ့ မေတ္တာတရားရဲ့ ချည်နှောင်မှုတွေဟာ ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ကျွန်တော် ပြည့်ပြည့်ဝဝ ခံစားသိရှိသွားတာပါပဲ ….’
သူ့စကားအဆုံးမှာ ကုမ္ပဏီဒါရိုက်တာက ပြောတယ် ။
အဲ့ဒါ ငါ့ ကုမ္ပဏီရဲ့ မန်နေဂျာအဖြစ် ငါလိုချင်ခဲ့တဲ့အနေအထားပဲ။ ငါ ရွေးချယ်ချင်တဲ့လူတစ်ယောက်က တခြားသူတွေရဲ့ လုပ်ဆောင်ချက်တွေကို တန်ဖိုးထား အသိအမှတ်ပြုရမယ်၊ ပြီးတော့ အဲ့ဒီအလုပ်တွေ ဖြစ်မြောက်အောင် လုပ်ပေမဲ့လူတွေရဲ့ ခက်ခဲပင်ပန်းမှုတွေကို နားလည်စာနာပေးရမယ်၊ နောက် သူ့ဘဝမှာ (မိသားစုဆိုတာကို ဂရုမစိုက်ပဲ) ငွေရဖို့တစ်ခုတည်း အာရုံစိုက်နေသူတစ်ယောက် မဖြစ်ရဘူး။ မင်းကို ငါ အလုပ်ခန့်လိုက်ပြီ .. လို့ ဒါရိုက်တာက ပြောလိုက်တယ်။
ဘဝရဲ့ အရေးအပါဆုံး သင်ခန်းစာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့တဲ့ လူငယ်ဟာ လုပ်ဖော်ကိုင်ဖက်များရဲ့ ချစ်ခင်ရိုသေမှု၊ တာဝန်ကျေပွန်မှုတွေနဲ့အတူ သူကိုယ်တိုင် ကြိုးစားအားထုတ်မှုတွေကြောင့် ကုမ္ပဏီရဲ့ လက်ရှိလုပ်ငန်းတွေကို အများကြီး မြှင့်တင်ပေးနိုင်သူတစ်ယောက်ဖြစ်ခဲ့တယ်။

FWD MAIL ကရတာပါရှင်................................

**sweety smile**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)