မော်စကိုမြို့နယ် စုံစမ်းရေးရုံးတွင် တယ်လီဖုန်းသံ မြည်နေသည်။ တစ်ဖက်မှ ယောင်္ကျားသံက-
`ဂေါ်ကီလမ်းက အရက်ဆိုင် ဘယ်အချိန်မှာ ဖွင့်မလဲ ခင်ဗျာ´
`မနက် ရှစ်နာရီပါ´
မနက် သုံးနာရီလောက်တွင် တယ်လီဖုန်းသံ မြည်လာပြန်သည်။ တယ်လီဖုန်းရုံက ကိုင်လိုက်ပြန်သည်။
တစ်ဖက်မှလူမှ လျှာလေးအာလေး အိပ်ချင်မူးတူးသံဖြင့်-
`ဂေါ်ကီလမ်းက အရက်ဆိုင် ဘယ်အချိန်မှာဖွင့်မှာလဲ´
`မနက်ရှစ်နာရီ´
မနက်ခြောက်နာရီခန့်တွင် တယ်လီဖုန်း မြည်လာပြန်သည်။ တစ်ဖက်မှလူက ကြိုးစားပြောရပုံဖြင့် မေးလိုက်သည်မှာ-
`ဂေါ်ကီလမ်းက အရက်ဆိုင် ဘယ်အချိန်မှာဖွင့်မှာလဲ´ဟု ထပ်ခါ တလဲလဲမေးနေသဖြင့် တယ်လီဖုန်းရုံမှ ပုဂ္ဂိုလ်က-
`ခင်ဗျား ဘာဖြစ်နေတာလဲ၊ မနက်ရှစ်နာရီပါလို့ ဘယ်နှခါဖြေရမလဲ၊ ဘာလဲ၊ ခင်ဗျားမှာ အရက်သောက်စရာ မရှိတော့လို့လား´
`ရှိပါတယ်´
ဒါဖြင့် အမြည်းရော´
`ရှိပါတယ်´
`အဲဒါဆိုလဲဗျာ ဘာဖြစ်လို့ ခဏခဏဆက်နေရတာလဲ´ဟု မေးလိုက်ရာ ထိုပုဂ္ဂိုလ်က ပြန်ဖြေလိုက်သည်မှာကား-
`ကျနော် ညက ဒီအရက်ဆိုင်ရဲ့ထောင့်မှာ အိပ်ပျော်သွားလို့ ကျနော်ဆိုင်ထဲက ထွက်ချင်လို့ပါ ခင်ဗျား´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment