(ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာလ ၂၇ ရက်)
ပြီးခဲ့သည့် ရက်သတ္တပတ်က သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခံခဲ့ရသော ဘရာဇီးနိုင်ငံမှ အသက် (၈၈)နှစ်အရွယ် အဘွားအိုတစ်ဦးသည် ခေါင်းတလားအတွင်း နှစ်ရက်ကြာရောက်ရှိခဲ့ပြီးနောက် အံ့သြဖွယ် အသက်ပြန်ရှင်လာခဲ့ရာ အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ခံရမည့်ဘေးမှေ လက်မတင်လေး လွတ်မြောက်ခဲ့ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** သြစတြေးလျနိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးမှုဖြစ်ပွားရာ မြို့တစ်မြို့၏ လမ်းများပေါ်၌ မိကျောင်းများသွားလာနေ **
(ဆစ်ဒနီ၊ ဒီဇင်ဘာလ ၂၇ ရက်)
သြစတြေးလျနိုင်ငံမြောက်ပိုင်း အပူပိုင်းဒေသ၌ ရေလွှမ်းမိုးမှုဖြစ်ပွားလျက်ရှိရာ ရေလွှမ်းရာဒေသများ၌ မိကျောင်းကောင်ရေအများအပြား တွေ့ရှိနေရခြင်းကြောင့် မိကျောင်းအန္တရာယ်သတိပေးချက်ကို ထုတ်ပြန်ခဲ့ရကြောင်း သြစတြေးလျတာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားသည်။ (အင်တာနက်)
** တစ်ကျော့ပြန် ၀က်တုပ်ကွေးရောဂါကြောင့် သီရိလင်္ကာ၌ လူ ၂၂ ဦးသေဆုံး **
(ကိုလံဘို၊ ဒီဇင်ဘာလ ၂၇ ရက်)
သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သည့် နှစ်လတာကာလအတွင်း ၀က်တုပ်ကွေးရောဂါ (Swine Flu)ကြောင့် သေဆုံးသူ ၂၂ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၀၀ ကျော်ရှိခဲ့ကြောင်း သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။ သီရိလင်္ကာအစိုးရက တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ အောက်တိုဘာလ ၂၅ ရက်နေ့မှ ယခုကာလအထိ ၀က်တုပ်ကွေးရောဂါကူးစက်မှုပေါင်း ၃၄၂ မှုရှိခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးညီလာခံ (၁၀) နှစ်ပြည့်အထိမ်းအမှတ် အစ္စရေးတက်ရောက်
မည်မဟုတ် **
(ဂျေရုဆလင်၊ ဒီဇင်ဘာလ ၂၇ ရက်)
အစ္စရေးနိုင်ငံကို လက်ညှိုးထိုးဝေဖန်ခဲ့သည့် ဇီယွန်ဝါဒကို လူမျိုးရေးခွဲခြားမှုဝါဒနှင့်ထပ်တူပြု ပုံဖော်ခဲ့သည့် ကုလသမဂ္ဂလူမျိုးရေးခွဲခြားမှုဝါဒဆိုင်ရာ ညီလာခံကျင်းပခဲ့သော (၁၀)နှစ်မြောက် အခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း အစ္စရေးနိုင်ငံက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** ၂၀၁၀ ခုနှစ်အတွင်း သဘာဝဘေးဥပဒ်များကြောင့် စီးပွားရေးအရ ဒေါ်လာ ၂၂၂ ဘီလီယံဖိုး ဆုံးရှုံး **
(၀ါရှင်တန်၊ ဒီဇင်ဘာလ ၂၇ ရက်)
ကမ္ဘာတစ်ဝန်း၌ ၂၀၁၀ ခုနှစ်အတွင်း သဘာဝဘေးဆိုက်ရောက်မှုများနှင့် လူ့ပယောဂကြောင့်ဖြစ်ရသော ဘေးအန္တရာယ်များကြောင့် စီးပွားရေးအရ ဆုံးရှုံးရမှုများမှာ အမေရိကန်ဒေါ်လာ ၂၂၂ ဘီလီယံဖိုးရှိကြောင်း အာမခံလုပ်ငန်းကုမ္ပဏီဆွစ်ရီက ထုတ်ပြန်သောအစီရင်ခံစာ၌ ဖော်ပြထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **
** ဘရာဇီးအဘွားအိုတစ်ဦး အသက်ရှင်လျက် မြေမြှုပ်သင်္ဂြိုဟ်ခံရမည့်အဖြစ်မှ လက်မတင်လေး လွတ်မြောက် **

No comments:
Post a Comment