ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 29, 2010

အချိန်မီကယ်တင်နိုင်ခဲ့သဖြင့်ဘန်ကောက်ဈေးအလုပ်သမားတစ်ဦးရဲစခန်းမှပြန်လည်လွတ်မြောက်

>
(ဒီဇင်ဘာ ၂၉)
နယ်ကျော်ပြီးစာရွက်စာတမ်းမပြည့်စုံဆိုသည့်အကြောင်းပြချက်ဖြင့်ဘန်ကောက်မြို့ ပန်းဈေးကြီး၊ပခေါင်တလာဈေးအမည်ရှိ ဈေးကြီးအတွင်း ပန်းစည်းများတွန်းလှည်းဖြင့်တွန်းပို့ နေသောမြန်မာအလုပ်သမား ကိုလင်းလင်း အား အနီးအနားရှိ ရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံခဲ့ရသည်။
ဒီဇင်ဘာလ၂ရ ရက်နေ့ ညနေ ၆နာရီခန့် ကအဆိုပါဈေးအတွင်းပန်းစည်းခြင်းများအား ပို့ ဆောင်နေစဉ်အတွင်းဆိုင်ကယ်စီးထိုင်းရဲတစ်ဦးကဖမ်းဆီးပြီး စာရွက်စာတမ်းများအပြည့်အစုံပါရှိသော်လည်းနယ်ကျော်သည်ဆိုသော
အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ကိုလင်းလင်းတွင် ဘတ်ငွေ ၁၂၅၀ ပါရှိသည့်အနက် ဘတ်ငွေ
၁၀၀၀ ကိုအလိုပါ ထိုင်းရဲကယူငင်သွားပြီးနောက် အဆိုပါ ရဲစခန်းအချုပ်ခန်းတွင်တစ်ညဖမ်းချုပ်ထားခဲ့သည်။
ကိုလင်းလင်းက“ ကျနော်ထိုင်းစကားကောင်းကောင်းတတ်ပါတယ်။ဘတ်နဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေ
ကျနော်မှာရှိပါတယ်ကျနော့်မှာစုထားတဲ့ငွေကိုလည်းယူတယ်။အချုပ်ထဲမှာလည်းတစ်ညအိပ်လိုက်ရတယ်။
အလုပ်လည်း ၂ရက်ပျက်တယ်။ကျနော်အလွန်ပဲနစ်နာဆုံးရှုံးပါတယ်။ကျနော်တို့ မှာ ဘတ်လုပ်ထားတာ
အလကားဖြစ်သွားတာပေါ့၊ကျနော်တို့ ကိုသက်သက်အနိုင်ကျင့်တာဖြစ်တယ်” ဟုပြောသည်။
ညဥ့် ၈နာရီခန့် တွင် ကိုလင်းလင်းက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ B.A.Tသို့ ဖုန်းဖြင့်ဆက်သွယ်
အကူအညီတောင်းခံလာခဲ့သည်။B.A.T အလုပ်သမားများအဖွဲ့ ချက်ခြင်းရဲစခန်းသို့ လိုက်သွားခဲ့သော်လည်း
ညဥ့်နက်နေပြီးဖြစ်သဖြင့် တာဝန်ကျရဲက မနက်မှလာရောက်ခဲ့ရန်ပြောဆိုလိုက်သည်။

သွားရောက်ဖြေရှင်းခဲ့သူတစ်ဦးအပါအ၀င်ဖြစ်သော B.A.T အဖွဲ့ ဘာသာပြန် ကိုနေလင်းအောင်က“ဒီဈေးအ
လုပ်သမား ကိုလင်းလင်းမှာ လိုအပ်နေတဲ့ ၁၉၀၀ စာရွက်ကို အယင်သူဌေးကဆီကနေ ယူလာခဲ့ကြတယ်။ထိုင်းပုလိပ်ညစ်ပတ်တာပါ၊ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းလည်းရှိတယ်၊အလုပ်သမားဆီက
ဘတ်ငွေလည်း၁၀၀၀ ယူပြီးတယ်။ပြီးတော့ အချုပ်ခန်းထဲမှာ တစ်ညဖမ်းချုပ်ထားတယ်။ ကျနော်တို့ သွားထုတ်တဲ့အခါမှာဘတ်၂၀၀ပဲပေးခဲ့ရတယ်။ပိုက်ဆံများများမတောင်းတာနဲ့၊နယ်စပ်ကိုမပို့ တာကိုပဲကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံအစိုးရ သည်မြန်မာရွေ့ပြောင်းအလုပ်သမားများအတွက်(ဘတ်)လုပ်ကိုင်ပေးသည့်လုပ်ငန်းစဉ်၌ဖြစ်
စေ၊ယခုလက်ရှိအကောင်အထည်ဖေါ်နေသောယာယီပတ်စပို့ လုပ်ငန်းစဉ်၌ဖြစ်စေ ထိုင်းလုပ်ငန်းရှင်းနှင့်ထိုင်းရဲများအတွက်အထူးအခွင့်အရေးပေးထားပြီး ငွေကုန်ကြေးကျများစွာဖြင့်လုပ်ကိုင်ထားရသည့်မြန်မာအလုပ်သမား
များအတွက်မူ အခွင့်အရေးအထူးနည်းပါးပါသည်။
(ဘတ်)လုပ်ကိုင်ထားသည့်မြန်မာအလုပ်သမားတစ်ဦး သတ်မှတ်ထားသည့်နယ်မြေအားသွားလာခွင့်မပြုသလို
အကယ်၍ နယ်ကျော်ခဲ့ပါက ဒဏ်ကြေးငွေ၅၀၀ ပေးလျှော်ရမည်ဟုအလုပ်သမားဥပဒေတွင်ပြဌာန်းထားသော်
လည်း ထိုင်းရဲများက အဆိုပါအလုပ်သမားအမျိုးအစားများအားတွေ့ ရှိပါက အလုပ်သမားတွင်ပါသည့် ရွှေ/ငွေနှင့်လက်ကိုင်ဖုန်းများကိုပင်မရှောင် သိမ်းယူလေ့ရှိပါသည်။သွားလာခွင့်ရသည့် သတ်မှတ်နယ်မြေအတွင်၌ဖမ်းမိလျှင်လည်း ဘတ်အမာပါလား၊ထော်ရော်၃၈/၁စာရွက်ပါသလား၊၁၉၀၀ ပေးချေပြီးကြောင်းစာရွက်ပါသလား၊
ဘတ်မှာ ပါသည့်အလုပ်နှင့် ယခုလုပ်နေသည့်အလုပ်ဟုတ်ရဲ့ လား စသည့် အပြစ်တစ်ခုခု၊ယမယ်ရှာပြီး အလုပ်
သမားများထံမှ ငွေကြေးများကိုမတရားရယူလေ့ရှိသည်။
ယာယီပတ်စပို့ လုပ်ကိုင်ထားသူများနယ်မြေအတော်များများသို့ သွားလာခွင့်ရနေသည်မှာ မှန်ကန်သည်ဟုဆို
နိုင်သော်လည်းWork Permit မပါခြင်း၊၃လတုံးမထုခြင်း စသည့်အနေအထားမျိုးတစ်ခုခုကိုတွေ့ ရှိပါကလည်းဖမ်းဆီးထောင်ချခြင်း၊ငွေကြေးတောင်းခံခြင်းများရှိနေပါသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလ၂၂ ရက်နေ့ က ဘန်ကောက်မြို့ စမူပါကန် ပါနန်းအရပ်ရှိဒိုင်းမွန်းဆိုဖါအလုပ်ရုံတွင်
အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သများအား နယ်ကျော်မှုနှင့် work pamit မရှိ ဟူသော အချက
်များဖြင့် ဖမ်းဆီးပြီးတစ်နေ့ တည်းတရားရုံးတင်ကာထောင်ဒဏ် ၄၈ ရက်ချမှတ်လိုက်သည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ က ဘန်ဘူထောင်အရပ်တွင်ယာယီပတ်စပို့ ရှိသော ကိုမင်းမင်းလှိုင်နှင့်ဇနီး မခိုင်ခင်ဦး
တို့ အား နယ်ကျော်ပြီးအလုပ်လုပ်နေသည်ဟုဆိုကာဖမ်းဆီးချုပ်နှောင်ပြီး ငွေတောင်းခံခြင်းခံခဲ့ရသည်။
မြန်မာအလုပ်သမားများမှာ (ဘတ်)ပဲလုပ်လုပ်၊ယာယီပတ်စပို့ ပဲလုပ်လုပ်၊ထိုင်းပုလိပ်များ၏ မတရားဖမ်းဆီး
ငွေညှစ်နေခြင်းကိုခံစားနေရဆဲဖြစ်သည်။မြန်မာရွေ့ ပြောင်းအလုပ်သမားများမှာ ထိုင်းရဲများအတွက်ဖမ်းစားရ
သည့်အစာအာဟာ
တစ်ခုအဖြစ် သတ်မှတ်ထားဟန်တူကြောင်း နှင့် မြန်မာအလုပ်သမားများအတွက်ထိထိနေရာက်ကာကွယ်စောင့်ရှောက်မှုပေးနိုင်သောအဖွဲ့ အစည်းတစ်ခု(သို့ မဟုတ်)အစိုးရတစ်ရပ်မရှိသရွေ့ ယခုကဲ့သို့ ထိုင်းအစိုးရ၊ထိုင်းလုပ်ငန်းရှင်နှင့်ထိုင်းပုလိပ်များထံတွင် ဆက်လက်နှိပ်ကွတ်ခံနေရဦးမည်ဖြစ်ကြောင်းမတရားဖမ်းဆီးချုပ်နှောင်၊ငွေညှစ်ခံဖူးသည့် ကိုမင်းမင်းလှိုင်က
နာနာကျည်းကျည်းပြောဆိုသွားသည်။

သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)