(ဒီဇင်ဘာ ၂၉)
ထေချာဖန်းနစ်စက်ရုံမှယာယီပတ်စပို့ ရရှိလာခဲ့ကြသည့် ရာပေါင်းများစွာသောမြန်မာအလုပ်သမားများ၊အလုပ်အပြောင်းအရွေ့နှင့်အလုပ်အကိုင်ရှာဖွေရေးတို့ တွင်
စာရွက်စာတမ်းများမှန်မှန်ကန်ကန်မရရှိနိုင်သေးသဖြင့်အခက်အခဲရှိနေကြောင်းထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ
သားများအဖွဲ့ ကပြောသည်။
ဘန်ကောက်မြို့ စမူပါကန်၊နှင့်မဟာချိုင်နယ်မြေ၊အုန်းနွဲ့  အပိုင်တို့ မှ မြန်မာအလုပ်သား ၆၈ ဦးတို့ အလုပ်
အပြောင်းအရွေ့ ခက်ခဲနေကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ သို့ 
အကူညီတောင်းခံလာခဲ့သည်။
အုန်းနွဲ့ (ကလေးစားစရာဂျယ်လီ)စက်ရုံမှ အလုပ်သမား ကိုအေးကိုက“ကျနော်တို့ ကိုခေါင်ကယ်ကိုလာပြီး
ခေါ်တော့ စက်ရုံကိုယ်စားလှယ်လို့ ပြောတယ်။ဒီရောက်တော့ စက်ရုံကအလုပ်သမားရှာဖွေရေးအတွက်လွှဲ
အပ်ထားတဲ့ပွဲစားဖြစ်နေတယ်။ခု ကျနော်တို့ ပတ်စပို့ တွေ အဲဒီပွဲစားလက်ထဲမှာထားရတယ်။လူတစ်ယောက်
ကိုတစ်နေ့ ဘတ်၂၀စီဖြတ်ခံရတယ်။ အခြားဘာမှန်းမသိတဲ့ခေါင်းစဉ်တွေနဲ့ အလုပ်သမားတစ်ယောက်ကို
၁၅၀၀ ဘတ်နဲ့ ၁၈၀၀ဘတ်အကြားမှာဖြတ်တောက်ခံရပါတယ်။ဒေချာဖန်းနစ်စက်ရုံတုန်းကလိုပဲပြန်ဖြစ်နေ
တယ်” ဟုပြောသည်။
ဒေချာဖန်းနစ်(ခေါင်ကယ်)ပြန်အလုပ်သမားများအခြားအလုပ်ရုံများသို့ ပြောင်းရွေ့ ရန်အတွက် ယာယီပတ်စပို့ တစ်ခုမှလွဲ၍မည်သည့်စာရွက်စာတမ်းမှမရှိသဖြင့်အခက်အခဲကြုံနေရသည်ကို ထိုင်းနိုင်ငံရောက်မြန်မာ
နိုင်ငံသားများအဖွဲ့ B.A.T အဖွဲ့ ယမန်နေ့ က ထိုင်းရှေ့နေများကောင်စီအကြံပေးချက်အရ (၁)ဘန်ကောက်မြို့ 
ဘန်ဘော်နယ်မြေရှိ၊(ပကန်ဆန်ခွန်း)အလုပ်သမားလူမှုဖူလုံရေးနယ်မြေအမှတ်(၇)ရုံး။၂ဖလန်ဆောင် BIC ကုန်တိုက်အနီးရှိ(ဆ၀ါဒီကန် ခုန်ခေါ်လိုင်ငန်)အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့်(၃)(ကုန်လိုင်ငန် ကျဟာငန်း)အလုပ်အကိုင်ရှာဖွေရေးနှင့်အလုပ်သမားမှတ်ပုံတင်ရုံး၊၃ရုံးသို့ အလုပ်သမား ၆၈ ဦးနှင့်အတူ သွားရောက်ခဲ့ကြသည်။
တစ်ရုံးမှတစ်ရုံးသို့ လမ်းညွှန်သည့်အတိုင်း အလုပ်သမားများနှင့် B.A.T အဖွဲ့ တို့ သွားရောက်ခဲ့ကြသည်။ နောက်ဆုံးရောက်ရှိခဲ့သည့်စူစ၀ပ်/၃၃လမ်းမှရုံးမှ အရာရှိအမျိုးသမီးက အထက်ပါအလုပ်သမားများမူရင်းအလုပ်ပြောင်းလာသည့်ခေါင်ကယ်မြို့ သို့အလုပ်သမားများကိုယ်တိုင်သွားရောက်ထုတ်ယူမှ စာရွက်၊စာတမ်းများ ရရှိ နိုင်မည်ဖြစ်ကြောင်းပြောဆိုလမ်းညွှန်ပြီး ခေါင်ကယ်မှ ကျဟာငန်း (အလုပ်သမားအခွင့်အရေးဆိုင်ရာရုံး)
ဖုန်းနံပါတ်ကိုပေးခဲ့သည်။
B.A.T အဖွဲ့ မှ ထိုင်းဘာသာပြန် ကိုနေလင်းအောင်က“ အလုပ်သမားတွေရောက်ရှိနေတဲ့မြို့ နယ် ကျဟာငန်း
မှာ မိမိတို့ ရဲ့ယာယီပတ်စပို့ နံပတ်ကို ကွန်ပျူတာမှာနှိပ်ကြည့်ပြီးတော့ အလုပ်ပြောင်းပြီးပြီလား၊ကြည့်လို့ ရပါ
တယ်။ အဲဒီရုံးမှာပဲ စာရွက်စာတမ်းတွေကိုထုတ်ယူလို့ ရတယ်လို့ ပြောတယ် ခေါင်ကယ်ကိုလာစရာမလိုဘူးလို့ 
ပြောတယ်” ဟု ခေါင်ကယ် ကျဟာငန်း မှ တာဝန်ရှိသူများပြောဆိုမှုများကိုပြောပြသည်။
အလုပ်သမား ၆၈ဦးတို့ မှာ မိမိတို့ စာရွက်စာတမ်းများကိုရလိုသည့်မျှော်လင့်ချက်ဖြင့် တစ်နေကုန်တစ်နေခန်း
မိမိစ၇ိတ်ဖြင့်သွားလာခဲ့ကြရသည်။
B.A.T အဖွဲ့ မှ အမျိုးသမီးရေးရာနှင့်စည်းရုံးရေးမှူး ဒေါ်သက်သက်ဦးက “ပြီးခဲ့တဲ့အောက်တိုဘာလလယ်က
တည်းကအလုပ်ထွက်လာခဲ့တဲ့အလုပ်သမားတွေဟာခုဒီဇင်ဘာလကုန်သွားပြီ၊ဘယ်အလုပ်ရှင်မှ Work Permitကိုတရားဝင်လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူး။ဒီအခြေအနေကြားမှာဖမ်းဆီးခံရပြီးထောင်ချခံထားရတာ
တွေရှိခဲ့ပြီ။ဒါကြောင့်မို့ ဒီအလုပ်သမားတွေWork Permit ရရှိရေးအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကို တမြို့နယကအစိုးရအလုပ်သမားရုံးတွေကအချိပ်အဆက်မိမိထိထိရောက်ရောက်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။တစ်ရုံးနဲ့ တစ်ရုံးတာဝန်လွှဲချနေရုံနဲ့ အလုပ်မဖြစ်နိုင်ဘူး”ဟုပြောဆိုသွားသည်။
၂၀၁၀ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ တွင်ထိုင်းလာအိုနယ်စပ် ခေါင်ကယ်မြို့ ဒေချာဖန်းနစ် ငါးဖမ်းပိုက်စက်ရုံ
မှ အလုပ်သမားတစ်ထောင်နီးပါးတို့ ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြမှုတစ်ခု
ဖြစ်ပေါ်ခဲ့သည်။အဆိုပါ အလုပ်သမားများ ၏အခက်အခဲများများအား၊ထိုင်းရှေ့ နေများကောင်စီ၊MAP ဖေါင်ဒေးရှ့ င်း၊ HRDF နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ B.A.T အဖွဲတိုသွားရောက်ဖြေရှင်းကူညီပေးခဲ့ကြသည်။စာရွက်စာတမ်းအပြည့်အစုံရရှိနိုင်ရေးအတွှက်၊အလုပ်သမား
၃၀၀ကျော်တို့ မဲဆောက်မြို့ သို့ အဖွဲ့ အစည်းများအကူအညီဖြင့် ဆင်းသွားခဲ့ကြသည်။
ဖြေရှင်းကြရာတွင်၊အလုပ်သမားများ၏အဓိက တောင်းဆိုချက်များဖြစ်သော ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရရှိရေးနှင့် တရားဝင်အလုပ်သမားအဖြစ်မှ ရပ်စဲထားခြင်းအားပယ်ဖျက်ထားခြင်းတို့ ကိုအဓိကဆောင်ရွက်ပေးခဲ့ကြသည်။အဆိုပါပိုက်စက်ရုံမှာထိုနယ်မြေအတွင်းအကြီးဆုံးစက်ရုံအဆင့်တွင်
ရှိခြင်း၊ ပမာဏတစ်ထောင်ခန့် ရှိသောအလုပ်သမားများ လုံခြုံရေးနှင့်တရားဝင်ဖြစ်ရေးကိစ္စတို့ အတွက် အလုပ်သမားများအတွက်လိုအပ်သောစာရွက်စာတမ်းများကိုပြည့်ပြည့်စုံစုံရရှိအောင်အချိန်ယူမဆောင်ရွက်
ခဲ့ကြပေ။ အဆိုပါခေတ္တတည်းခိုနေထိုင်ကြသည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ လူစုလူဝေးခွဲပေးရန်သာအဓိကစေ့ဆော်မှုများရှိနေခဲ့ကြသည်။ထို့ အပြင် မဲဆောက်တွင်အဖွဲ့ အစည်းများသဖြင့်အလုပ်သမားများ၏လိုအပ်ချက်များအားဝိုင်းဝန်းလုပ်ဆောင်နိုင်မည်ဟုပြောဆိုခဲ့ကြပြန်
သည်။ပြီးခဲ့သည့်အပတ်က ဘန်ကောက်မြို့ ဘန်ပို အရပ်ရှိ စိန်ဆိုဖါ အလုပ်ရုံတွင်အလုပ်လုပ်ကိုင်နေကြသော
ခေါင်ကယ်ပြန်အလုပ်သမား ၃၀ဦး တို့ မှာ Work permit မလုပ်သေးခြင်းနှင့်ဘတ်ရှိသည့်အလုပ်သမား၃ဦး
တို့ အား နယ်ကျော်မှုဆိုသည့်အကြောင်းပြချက်ဖြင့် ထောင်ဒဏ် ၄၈ ရက်ချမှတ်ခဲ့သည်။အလုပ်သမားအတော်
များများတို့မှာအလုပ်အကိုင်အတည်တကျမဖြစ်နိုင်သေးခြင်းနှင့်လုပ်ငန်းရှင်တို့ ကအရေးတယူလုပ်ကိုင်ဆောင်ရွက်ပေးခြင်းမရှိခြင်းတို့ ကြောင့် မြန်မာအလုပ်သမားများမှာတရားဝင်ဖြစ်ခြင်းနည်းပါးနေပြန်ပါသည်။
အလုပ်ရုံမှ ကိုယ်စားလှယ်အမည်ခံ(ပွဲစား)များနှင့် အလုပ်ရှင်အတော်များများတို့ မှာ အလုပ်သမားများ၏စာရွက်စာတမ်းမပြည့်စုံမှုများကိုအခွင့်ကောင်းယူလျှက် အလုပ်သမားများအားနည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်နေကြဆဲဖြစ် သည်။
**သတင်း- ဦးကျော်သောင်း (ဘန်ကောက်)**

No comments:
Post a Comment