ပါလီမန်ခွင့်ပြု **
(ပါရီ၊ ဒီဇင်ဘာလ ၂၆ ရက်)
ပင်လယ်ဓားပြတိုက်ဖျက်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ပြင်သစ်ရေတပ်အား အပ်နှင်းရန် ပြင်သစ်ပါလီမန်က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ ယခုအပ်နှင်းလိုက်သော လုပ်ပိုင်ခွင့်အာဏာများအရ မည်သည့်နိုင်ငံမှမဆို ပင်လယ်ဓားပြများကို ဖမ်းဆီးနိုင်ခွင့်ရှိမည်ဖြစ်ပြီး ၄င်းတို့ကို ရုံးတင်စစ်ဆေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်နိုင်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ရေးသားဖော်ပြသည်။ (အင်တာနက်)
** ဒီဇင်ဘာလ ၂၅ ရက် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပါကစ္စတန်နိုင်ငံသား သုံးသိန်းခန့် စားနပ်ရိက္ခာပြန်လပ်မှု အန္တရာယ်ရင်ဆိုင်နေရ**
(တီဟီရန်၊ ဒီဇင်ဘာလ ၂၆ ရက်)
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် စားနပ်ရိက္ခာဖြန့်ဝေရေး စနစ်အပြင်ဘက်၌ အမျိုးသမီးအသေခံဗုံးခွဲသမားတစ်ဦး၏ တိုက်လိုက်မှုကြောင့် ၄၅ ဦးသေဆုံးခဲ့ပြီးနောက် ထောက်ပံ့ရေးအစီအစဉ်များကို ပါကစ္စတန်နိုင်ငံ ဘာဂျားခရိုင်၌ ဖျက်သိမ်းခဲ့ရာ ဆင်းရဲနွမ်းပါးသူ သုံးသိန်းခန့်တို့မှာ အစာရေစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ယနေ့သတင်းများတွင်ဖော်ပြသည်။ (အင်တာနက်)
** နှင်းမိုးရွာသွန်းမှုကြောင့် မော်စကိုလေဆိပ် ပိတ်သိမ်းခဲ့ရ **
(မော်စကို၊ ဒီဇင်ဘာလ ၂၆ ရက်)
ရုရှားနိုင်ငံတွင် နှင်းမိုးရွာသွန်းခဲ့သဖြင့် မော်စကိုမြို့တော်၏ အကြီးမားဆုံး လေဆိပ်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ပိတ်ထားခဲ့ရပြီး မြို့တွင်းလမ်းများမှာလည်း ရေခဲများဖြင့် ဖုံးလွှမ်းခဲ့ရကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ နှင်းမိုးရွာသွန်းမှုကြောင့် မော်စကိုမြို့တော်အတွင်းရှိ လူ နှစ်သိန်းကျော်နှင့် ဆေးရုံ ၁၄ ခုတို့သည် ဆောင်းရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားပြတ်လပ်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** အစ္စရေးနှင့် တူရကီအကြား ငြိမ်းချမ်းရေးရရန် ဂါဇာထောက်ပံ့ရေးသင်္ဘောအုပ်စုပြဿနာ တောင်းပန်ရန်လိုအပ် **
(အင်တာရာ၊ ဒီဇင်ဘာလ ၂၆ ရက်)
တူရကီနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေလိုကြောင်း၊ သို့ရာတွင် အစ္စရေးနိုင်ငံသည် ဂါဇာထောက်ပံ့ရေးသင်္ဘောအုပ်စုကို စီးနင်းတိုက်ခိုက်မှုတွင် တူရကီနိုင်ငံသားများ သေဆုံးခဲ့ရခြင်းအတွက် တောင်းပန်ရန်နှင့် ၄င်းတို့အတွက် လျော်ကြေးပေးရန်လိုအပ်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **
** ပင်လယ်ဓားပြတိုက်ဖျက်ရေး လုပ်ပိုင်ခွင့်များ ပြင်သစ်ရေတပ်အား အပ်နှင်းရန်

No comments:
Post a Comment