**Public Health**
**ကိုယ်ဝန်ဆောင်မိခင်များ မိုဘိုင်းဖုန်းသုံးခြင်းက မွေးလာမည့်ရင်သွေးအား မူမမှန်သူဖြစ်ပေါ်စေနိုင်ဟု
အမေရိကန်ပညာရှင်များဆို**
ကိုယ်ဝန်ဆောင်မိခင်များ မိုဘိုင်းဖုန်း ပုံမှန်အသုံးပြုခြင်းသည် မွေးဖွားလာမည့် ရင်သွေးအား ပုံမှန်မဟုတ်သည့် အမူအရာ များဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှု စာ တမ်း တစ်ခုကဖော်ပြလိုက်သည်။ ရင်သွေး ငယ် များ၏ အသက်နုနယ်လှသေးသော အရွယ် တွင်ပင် မိုဘိုင်းဖုန်းသုံးစွဲလျှင် အမူအရာပုံမှန် မဟုတ်သည့် ကလေးအဖြစ် ကြီးပြင်းလာနိုင် ခြေမှာ ၅ဝ ရာခိုင်နှုန်းအထိပင် ရှိသည်ဟု သုတေသနပညာရှင်များကဆိုသည်။ မိခင်၏ ဝမ်းထဲတွင်ရှိချိန်တွင် မိခင်၏ မိုဘိုင်းဖုန်းပုံမှန် အသုံးပြုမှု ကြောင့် မွေးလာသော ကလေး ငယ်များ၏ ၃ဝ ရာခိုင်နှုန်းမှာ ယင်း၏ဆိုးကျိုး များကို အသက် ၇ နှစ်အရွယ်ခန့်တွင် ခံစား ကြရသည်ကို တွေ့ရသည်ဟုဆိုသည်။မိခင် ဝမ်းထဲတွင် မိုဘိုင်းဖုန်း၏ လှိုင်းဒဏ်များကို မခံခဲ့ရဘဲ ငယ်ရွယ်စဉ်တွင် မိုဘိုင်းဖုန်းသုံးပါ က မူမမှန်ကလေးအဖြစ် ကြီးပြင်းနိုင်ခြေ ၂ဝ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။ အမိဝမ်း တွင်ရောငယ်ရွယ်စဉ် ကလေးဘဝကာလ တွင်ပါ မိုဘိုင်းဖုန်းသုံးမှု၏ ဒဏ်ကို ခံရပါက မူမမှန်ဖြစ်နိုင်ခြေ ၅ဝ ရာခိုင်နှုန်း ရှိမည်ဖြစ် သည်။
အထက်ပါ အချက် များအား ကယ်လီဖိုး နီးယားရှိ သုတေသနပညာရှင်များက တွေ့ ရှိခဲ့ရပြီးနောက် ကလေးငယ်များသည် မိုဘိုင်းဖုန်း လုံးဝမသုံးသင့်ကြောင်း တွန်းအား ပေးပြောကြား လိုက်သည်။ သို့သော် အင်္ဂ လန်မှ သိပံ္ပပညာရှင်များကမူ ကလေးငယ် များ၏ လူနေမှုပုံစံမှား ယွင်းမှုများကြောင့်သာ ယင်းသို့ မူမမှန်မှုဖြစ်ပေါ်ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်း နှင့် မသက်ဆိုင်ဟုဆိုပြန်သည်။ သို့သော် အင်္ဂလန်တွင်လည်း ကလေးများကို အသက် ၁၂ နှစ်ထိ မိုဘိုင်းဖုန်းများသုံးစွဲခြင်းမပြုရန် တားမြစ် ထားသည်။ မိုဘိုင်းဖုန်း၏ ဆိုးကျိုး ကို လေ့လာရန် စစ်တမ်းကောက်ယူမှုတွင် ကလေးငယ်ပေါင်း ၂၉ဝဝဝနှင့် ၄င်းတို့၏ မိဘများပါဝင်ပြီး ၄င်းတို့၏ လူနေမှုပုံစံ၊ စား သောက်မှုပုံစံ၊ ကိုယ်ဝန် ဆောင်စဉ် ပတ်ဝန်း ကျင် ပုံစံများကိုပါ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ် သည်။ ကလေးငယ်များ၏ ငယ်ရွယ်စဉ် ကျန်းမာရေး အခြေအနေကိုပါ မှတ်တမ်းတင် ခဲ့ရာ ကိုယ်ခန္ဓာ ကို အမူအရာမမှန်လောက် အောင် ထိခိုက်နိုင်ခြေမှာ လက်ခံနိုင်သည့် အတိုင်းအတာရှိသော်လည်း မိခင်များ ကိုယ် ဝန်ဆောင်စဉ် မိုဘိုင်းဖုန်းသုံးသဖြင့် ထိုမျှ က လေး ကိုထိခိုက် ကြောင်းကိုမူ့ ညငလနမျငအပ သ် ဃောဘမငိါန မှ သုတေသနပညာ ရှင်များက လက်ခံလိုခြင်းမရှိပေ။ ပြီးခဲ့သည့် ဇွန်လကလည်း မိုဘိုင်းဖုန်းသည် ဦး နှောက် ကင်ဆာဖြစ်ပေါ်စေမှုကို မြင့်မားစေကြောင်း ဆိုသည့်အချက်မှာ မဟုတ်ကြောင်းလေ့လာ ခဲ့ပြီးဖြစ်သည့်အပြင် နိုင်ငံတကာအေဂျင်စီ၏ ကင်ဆာသု တေသန အရလည်း ဆက်နွှယ်မှု မရှိဟု သိရပြီးဖြစ်သည့်အတွက် ယခုအမေရိ ကန်သုတေသန ပညာရှင်များ၏တွေ့ရှိချက် မှာ သတိထားစရာဖြစ်သော်လည်း အင်္ဂလန် မှ သုတေသနပြုချက်များအရ လုံးဝရှောင် ကြဉ်ရမည့် အခြေအနေမျိုးလည်း မဟုတ် သေးပေ။ သို့သော် ကလေးများကိုငယ်ရွယ် စဉ်တွင် မိုဘိုင်းဖုန်းသုံးခြင်းကိုမူ သတိပြု ရှောင်ကြဉ်စေသင့်သည်။
**meepyatite**

No comments:
Post a Comment