အမူးသမားတစ်ယောက်သည် ဘားဆိုင်ထဲသို့ဝင်သွားကာ
“ကျွန်တော်ကို ဂျင် နဲ့ တော်နစ်ပေးပါ”
“ခင်ဗျား မူးနေပြီ။ ပြန်တော့” ဟုဘားစာရေးက ပြောသည်။
ထိုအခါ အမူးသမားသည် ဆိုင်ထဲမှ ပြန်ထွက်သွားပြီး ထိုဘလောက်ကို ပတ်လျှောက်ကာ ထိုဘားဆိုင်ထဲကိုပဲ ပြန်ရောက်လာသည်။
“ကျွန်တော်ကို ဂျင် နဲ့ တော်နစ်ပေးပါ”
“ခင်ဗျား မူးနေပြီ။ ပြန်တော့” ဟုဘားစာရေးက ဆိုပြန်သည်။
အမူးသမားသည် ဆိုင်ထဲမှပြန်ထွက် သွားပြီး ထိုဘလောက်ကိုပတ်လျှောက်ကာ ထိုဘားဆိုင်ထဲကိုပဲ ပြန်လာပြန်သည်။

ထိုအခါ အမူးသမားက .....
“ဒါနဲ့နေပါဦး။ ဒီတစ်မြို့လုံးက ဘားဆိုင်တွေအားလုံး ခင်ဗျားတစ်ယောက်တည်း ပိုင်တာလားဗျာ”
**Binary Ster**
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment