ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 18, 2010

သူတော်ကောင်းနဲ့ လူကြီးလူကောင်း

> လူကြီးလူကောင်း၊ စိတ်ဓာတ်အကြောင်း မကြာခဏ ရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရာတကာမှာ ဒီစိတ်ဓာတ် တစ်နေ့တခြား ခေါင်းပါးလာတာကို မြင်တွေ့နေရလို့ ဖြစ်တယ်။ ဘောလုံးပွဲတွေ မပြတ်ကြည့်သူဆိုတော့ အားကစားစိတ်ဓာတ်ဆိုတာ မမြင်မတွေ့ရသလောက် ဖြစ်ပြီး တစ်ဖက်သားကို ထိခိုက်နာကျင်သွားအောင် နင်းလိုက်မဟဲ့၊ ကန်လိုက်မဟဲ့၊ တွက်လိုက်မဟဲ့၊ ထိုးလိုက်မဟဲ့ဆိုတဲ့ အပြုအမူမျိုးတွေပဲ တွေ့နေရလေတော့ စိတ်မကောင်း ဖြစ်ရတယ်။

**အဒီဘာယောရဲ့ လုပ်ရပ်**
တစ်လောလေးက အာစင်နယ်နဲ့ မန်ချက်စတာစီးတီး ကစားတဲ့ပွဲမှာ လဲကျသွားတဲ့ ဗန်ပါစီရဲ့ မျက်နှာကို အဒီဘာယောက တမင်တကာ ခြေထောက်နဲ့ ကန်လိုက်တာကို အနီကပ်ရိုက်ချက်နဲ့ မြင်တွေ့လိုက်ရတော့ သိပ်ကို အံ့သြတုန်လှုပ်သွားမိတယ်။ လူစိတ်ကင်းမဲ့လိုက်တာလို့တောင် အောက်မေ့လိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ ပါးရိုးကျိုးမသွားဘဲ မျက်စိအောက်နားမှာပဲ ပွန်းပဲ့ သွားတာတွေ့ရတယ်။ အံ့သြမိတာက ပြီးခဲ့တဲ့ရာသီကပဲ သူတို့နှစ်ယောက်ဟာ အာစင်နယ်မှာ အတူတူ ကစားနေကြတာလေ။ လဲကျနေသူရဲ့ ခြေထောက် တက်နင်းသွားတာ၊ တင်ပါးဖြတ်ကန်သွားတာ မျိုးတွေက မြင်ပါများလို့ ရိုးနေပါပြီ။ ဒါပေမယ့် မျက်နှာကို ကန်တာကိုတော့ ဒီတစ်ခါပဲ တွေ့ဖူးလို့ အံ့သြသွားတာပါ။ အားကစားစိတ်ဓာတ်ဆိုတာ ဘယ်ရောက်သွားပြီလဲ။ ငွေက အားကစား စိတ်ဓာတ်ကို လုံးဝဖျက်ဆီးလိုက်ပြီလား။ စိတ်မကောင်းလိုက်တာ။

**ငတေမာပြီးရော စိတ်ဓာတ်**
နောက်တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူကစားပွဲအပြီးမှာ မန်ယူ အက်ဗရာက မန်စီးတီးက ကားလို့တေးဗက်စ်ရဲ့ ပုခုံးဖက်ပြီး နှစ်ယောက်စလုံး ပြုံးပြုံးရယ်ရယ် ထွက်လာကြတာ တွေ့ရတော့ အားကစားစိတ်ဓာတ်ဆိုတာ ကျန်သင့်သလောက်တော့ ကျန်ပါသေးလားလို့ တွေးပြီး စိတ်သက်သာရာ ရသွားတယ်။ တေးဗက်စ်ကလည်း ပြီးခဲ့တဲ့ရာသီက မန်ယူကစားသမား ဖြစ်ခဲ့တယ်လေ။ အားကစားပြိုင်ပွဲတွေမှာ အားကစားစိတ်ဓာတ် ဆိတ်သုဉ်းပြီး၊ ဘယ်နည်းနဲ့နိုင်နိုင်၊ အနိုင်ရဖို့ အဓိကဖြစ်လာသလို၊ လူ့လောကမှာလည်း လူကြီးလူကောင်း စိတ်ဓာတ်ဆိုတာ ဆိတ်သုဉ်းပြီး၊ ဘယ်သူသေသေ တေမာပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ လွှမ်းမိုးနေတာကြောင့် ဒီအကြောင်း မကြာမကြာ ရေးဖြစ်နေတာ ဖြစ်တယ်။

**သူတော်ကောင်းနဲ့ လူကြီးလူကောင်း**
မကြာခဏ ရေးတတ်တော့ တစ်ခါတရံမှာ လူကြီးလူကောင်းစိတ်ဓာတ်နဲ့ သူတော်ကောင်းစိတ်ဓာတ် အတူတူပဲလားလို့ အမေးခံရတတ်တယ်။ အမှတ်တမဲ့ဆို အတူတူလို့ ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ မတူဘူးဆိုတာ တွေ့ရတယ်။ မြန်မာတွေ နားလည်တဲ့ သူတော်ကောင်းဆိုတာက အနိမ့်ဆုံးအားဖြင့် ကံငါးပါး လုံခြုံပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ လက်ကိုင်ထားနိုင်သူ၊ ခန္တီပါရမီကြီးရင့်သူဖြစ်တယ်။ လူထဲမှာတော့ အမြင့်မြတ်ဆုံး ပုဂိုလ်ဖြစ်တယ်။ လူကြီးလူကောင်းစိတ် ဆိုတာကျတော့ သူတော်ကောင်းစိတ်လောက်တော့ အမြင့်မြတ်ကြီး မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးအရ အရက်သောက်ချင် သောက်မှာပါ။ ကိုယ့်လာကိုက်တဲ့ ခြင်ကို ရိုက်သတ်ချင်လည်း သတ်မှာပါ။ အိမ်မှာ သောင်းကျန်းနေတဲ့ ပိုးဟတ်တို့ ကြွက်တို့လို ပိုးသတ်ဆေး ကြွက်သတ်ဆေးသုံးပြီး သတ်ချင်သတ်မှာပါ။ ဒါပေမယ့် ဘယ်သူ သေသေ၊ ငတေမာပြီးရော ဆိုတဲ့စိတ်နဲ့ မတရားစီးပွားရှာတာမျိုး မလုပ်ပါဘူး။ လူတစ်ဖက်သား မျက်ရည်ပေါက်ကြီးငယ် ကျအောင် နိုင်ထက်စီးနင်း မပြုပါဘူး။ ရန်သူနဲ့ ဓားချင်းယှဉ်ပြိုင်ပြီး သူသေ ကိုယ်သေ ခုတ်ရာမှာတောင် ဓားလွတ်ကျသွားတဲ့ ရန်သူကို ငါ့အတွက် အခွင့်အကောင်းပဲဆိုပြီး ဇွတ် ၀င်မခုတ်ပါဘူး။ ဓားပြန်ကောက်ခွင့်ပေးပြီးမှ ဆက်လက် ယှဉ်ပြိုင်ပြီး တရားသဖြင့် အနိုင်ရအောင် လုပ်ပါတယ်။
**ငတေမှန်သမျှ ရန်သူ**
နောက်ပြီး သူတော်ကောင်းနဲ့ လူကြီးလူကောင်း ခြားနားချက်တစ်ခုက၊ သူတော်ကောင်းက မေတ္တာစိတ်ကြီးမားသူ၊ သည်းခံခွင့်လွှတ်စိတ် ကြီးမားသူ၊ ဖြစ်တာကြောင့် မုန်းသူ ရန်သူရယ်လို့ မရှိပါဘူး။ လူကြီးလူကောင်းမှာတော့ မုန်းသူလည်းရှိ၊ ရန်သူလည်း ရှိနိုင်ပါတယ်။ ဘယ်သူသေသေ၊ ငတေမာပြီးရော စိတ်မျိုးဟာ လူယုတ်မာစိတ် မသူတော်စိတ် လို့ သဘောထားသူ ဖြစ်တာကြောင့် ငတေ မှန်သမျှဟာ လူကြီးလူကောင်းတိုင်း မုန်းတီးရွံရှာတဲ့ ရန်သူဖြစ်တယ်။ နိုင်တိုင်းဖိထောင်းတတ်တဲ့ နိုင်လိုမင်းထက်စိတ်ဓာတ်မျိုးကို စက်ဆုတ်သူဖြစ်တာကြောင့် နိုင်လိုမင်းထက် ပြုတတ်သူများဟာလည်း လူကြီးလူကောင်းတို့အတွက် ရန်သူဖြစ်တယ်။

**လက်ပိုက်ကြည့်မနေပါဘူး**
ကိုယ့်အိမ်ဘေးက၊ ကလေးတစ်ယောက်ကို သူ့မိဘတွေက မညှာမတာ ကလေးနဲ့မလိုက်အောင် ရိုက်နှက်ဆုံးမနေတာကို မြင်တွေ့ရရင်၊ လူကြီးလူကောင်းစိတ်ရှိသူဟာ မျက်နှာလွှဲခဲပစ် ငါနဲ့မှ မဆိုင်ဘဲဆိုပြီး လက်ပိုက်ကြည့်မနေပါဘူး။ အမုန်းခံချင်ခံရစေဆိုပြီး ၀င်ရောက်တားဆီးမှာပါပဲ။ အလားတူပဲ လူတစ်ယောက်က လူတစ်ယောက်ကို ကြိုးတုပ်၊ တိုင်မှာချည်ပြီး ကြိမ်နဲ့ တစ်ရွှမ်းရွှမ်း ရိုက်နေတာ မြင်တွေ့ရင်လည်း၊ ဘာမှ ပြန်မလုပ်နိုင်သူကို ဒီလို တစ်ဖက်သပ်ကြီး အနိုင်မကျင့်ပါနဲ့ ဆိုတာမျိုးတော့ ၀င်ပြောမှာပါပဲ။ ဒီအတွက် မျက်စောင်းထိုးခံရနိုင်သလို၊ ကိုယ်ပါရောပြီး အရိုက်ခံရတာလည်း ရှိနိုင်ပါတယ်။

**လက်ကို ရိုက်ချိုးပစ်မှာ**
လူတော်ကောင်းစိတ်ရှိသူက ဒီဖက်ပါးကိုရိုက်ရင် ဟိုဖက်ပါးကိုပါ ထိုးပေးလိုက်ဆိုတဲ့စိတ်မျိုး ထားရှိနိုင်ပေမယ့်၊ လူကြီးလူကောင်းစိတ်လောက် ရှိသူကတော့ ပါးထိုးပေးမှာ မဟုတ်တာသေချာတယ်။ ပါးပြန်ရိုက်ရင်ရိုက်၊ မရိုက်ရင်လည်း **ပါးရိုက်တဲ့ လက်ကို ရိုက်ချိုးပစ်လိုက်မှာပါ။**
သူတော်ကောင်းဆိုတာ အင်မတ
န် မှ မြင့်မြတ်ပါတယ်။ ကြည်ညိုထိုက်သူ ဖြစ်တယ်။ သူတော်ကောင်း စစ်စစ်ဖြစ်ဖို့ရာလည်း အင်မတန် ခက်ပါတယ်။ သူတော်ကောင်းဖြစ်အောင် လူတိုင်းကြိုးစားသင့်တယ်။ ဒါပေမယ့် လူတိုင်းမဖြစ်နိုင်ပါဘူး။ သူတော်ကောင်း မဖြစ်နိုင်ပေမယ့် လူယုတ်မာ မဖြစ်အောင်လို့ ကြိုးစားနိုင်ပါတယ်။ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျအောင် မလုပ်ဘူး။ တစ်ယောက် ချမ်းသာ၊ ကိုယ်ကျိုးရှာ မလုပ်ဘူး။ တတ်တိုင်း ဖိမပြောဘူး။ နိုင်တိုင်း ဖိမထောင်းဘူးဆိုတဲ့ လူကြီးလူကောင်းစိတ်ဓာတ်မျိုး မွေးမြူနိုင်ရင် လူယုတ်မာ မဖြစ်ပါဘူး။

**စစ်မဖြစ်တော့ဘူး**
လူကြီးလူကောင်းဆိုတာ သူတော်ကောင်း မဟုတ်တဲ့အတွက် နိဗာန်ရောက်ချင်မှ ရောက်မှာပါ။ ဒါပေမယ့် အပ္ပါယ်မလားဘူးလို့တော့ ယုံကြည်တယ်။ အဲဒါကြောင့် လူကြီးလူကောင်း စိတ်ကလေးတော့ ထားနိုင်အောင် လူတိုင်းကြိုးစားသင့်တယ်။ လူကြီးလူကောင်း စိတ်ရှိသူတွေများလာရင် ကမ္ဘာပေါ်မှာ ဘယ်တော့မှ စစ်မဖြစ်တော့ပါဘူး။ လူ့လောကကြီး တစ်ခုလုံးလည်း အေးချမ်းသာယာရှိပြီး နေချင့်စဖွယ်ကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာ အသေအချာပါ။

** လူထုဦးစိန်ဝင်း **
(၂၉၊ ၉၊ ၂၀၀၉၊ လူထုရနံ့ စာစုများမှ)

လူကြီးလူကောင်း၊ စိတ်ဓာတ်အကြောင်း မကြာခဏ ရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရာတကာမှာ ဒီစိတ်ဓာတ် တစ်နေ့တခြား ခေါင်းပါးလာတာကို မြင်တွေ့နေရလို့ ဖြစ်တယ်။ ဘောလုံးပွဲတွေ မပြတ်ကြည့်သူဆိုတော့ အားကစားစိတ်ဓာတ်ဆိုတာ မမြင်မတွေ့ရသလောက် ဖြစ်ပြီး တစ်ဖက်သားကို ထိခိုက်နာကျင်သွားအောင် နင်းလိုက်မဟဲ့၊ ကန်လိုက်မဟဲ့၊ တွက်လိုက်မဟဲ့၊ ထိုးလိုက်မဟဲ့ဆိုတဲ့ အပြုအမူမျိုးတွေပဲ တွေ့နေရလေတော့ စိတ်မကောင်း ဖြစ်ရတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)