ဓာတ်ပုံတွေ၊ သတင်းစာနဲ့ မဂဇင်းတွေ
လက်ငင်းအဖြစ်အပျက်
စစ်မက်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ။
အရှေ့တီမော၊ ချေချင်ညာ
ဇင်ဘာဘွေ၊ အမေရိကန်၊ ပါကစ္စတန်
အိုင်ယာလန်စသည်
ကမ္ဘာ့ပတ်ပတ်လည်
အပြည်ပြည်က သတင်း
ရင်တွင်းမှာ ဂယက်ရိုက်ခတ်နေ။
**စစ်ကိုငါမုန်း
ရှုံးသူလဲနာ၊ နိုင်သူလဲနာ
ကမ္ဘာမှာ စစ်မဲ့ဇုန် ဖန်တီး
စစ်မီးတွေ ငြိမ်းသတ်
သေနတ်နဲ့ မရှင်း
ပါးစပါနဲ့ ရှင်းဖို့လိုတယ်။
**တင်းသမျှမာန်တွေလျှော့
တန်ပါတော့… တန်ပါတော့။
ဒုစရိုက်ပွားကြတဲ့
လူ့ငမိုက်သားတွေကတော့
ဓားဓားချင်း၊ လှံလှံချင်းတဲ့
ခံပြင်းစရာ ကြိမ်းမောင်း
ဗိန်းဗောင်း တိုက်ချင်ကြတယ်။
ပြည်ပအားကိုး၊ ပုဆိန်ရိုး… တဲ့။
**ဟုတ်ကဲ့…
လက်နက်အားကိုးရင်လဲ၊ ပုဆိန်ရိုးပါပဲ။
ကိုယ်အမျိုးသားချင်းခုတ်ဖို့
မဟုတ်က ဟုတ်က ကြံစည်
ဥာဏ်နီဥာဏ်နက် ဆင်နေရတာပဲ။
ပုဆိန်ရိုး ပုဆိန်ရိုးချင်း
ထမိသူခိုး မလုပ်ချင်နဲ့ဗျာ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၁၉၊ ၁၂၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
**စာကြည့်စားပွဲခုံပေါ်မှာ
ဓာတ်ပုံတွေ၊ သတင်းစာနဲ့ မဂဇင်းတွေ
လက်ငင်းအဖြစ်အပျက်
စစ်မက်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ။
အရှေ့တီမော၊ ချေချင်ညာ
ဇင်ဘာဘွေ၊ အမေရိကန်၊ ပါကစ္စတန်
အိုင်ယာလန်စသည်
ကမ္ဘာ့ပတ်ပတ်လည်
အပြည်ပြည်က သတင်း
ရင်တွင်းမှာ ဂယက်ရိုက်ခတ်နေ။
**စစ်ကိုငါမုန်း
ရှုံးသူလဲနာ၊ နိုင်သူလဲနာ
ကမ္ဘာမှာ စစ်မဲ့ဇုန် ဖန်တီး
စစ်မီးတွေ ငြိမ်းသတ်
သေနတ်နဲ့ မရှင်း
ပါးစပါနဲ့ ရှင်းဖို့လိုတယ်။
**တင်းသမျှမာန်တွေလျှော့
တန်ပါတော့… တန်ပါတော့။
ဒုစရိုက်ပွားကြတဲ့
လူ့ငမိုက်သားတွေကတော့
ဓားဓားချင်း၊ လှံလှံချင်းတဲ့
ခံပြင်းစရာ ကြိမ်းမောင်း
ဗိန်းဗောင်း တိုက်ချင်ကြတယ်။
ပြည်ပအားကိုး၊ ပုဆိန်ရိုး… တဲ့။
**ဟုတ်ကဲ့…
လက်နက်အားကိုးရင်လဲ၊ ပုဆိန်ရိုးပါပဲ။
ကိုယ်အမျိုးသားချင်းခုတ်ဖို့
မဟုတ်က ဟုတ်က ကြံစည်
ဥာဏ်နီဥာဏ်နက် ဆင်နေရတာပဲ။
ပုဆိန်ရိုး ပုဆိန်ရိုးချင်း
ထမိသူခိုး မလုပ်ချင်နဲ့ဗျာ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၁၉၊ ၁၂၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)


No comments:
Post a Comment