တစ်ခါက ကျေးလက်တောပိုင်းဒေသသို့ နိုင်ငံရေးသမားများအပြည့်ပါလာသော ဘတ်စ်ကားတစ်စီးသည် မောင်းနှင်လာရင်း လယ်သမားကြီးတစ်ဦး၏ လယ်ကွင်းထဲမှ သစ်ပင်တစ်ပင်ကို ၀င်တိုက်မိပြီး တိမ်းမှောက်သွားလေသည်။ မှောက်သွားသော ဘတ်စ်ကားရှိရာသို့ လယ်သမားကြီးတစ်ဦးရောက်လာပြီး ကြည့်ရှုလေသည်။ ရက်အနည်းငယ်ကြာလာသောအခါ ပျောက်ဆုံးနေသော နိုင်ငံရေးသမားများကို လိုက်လံရှာဖွေနေသော မြို့ပေါ်မှ ရဲ အရာရှိတစ်ဦးသည် ထိုနေရာသို့ ရောက်ရှိလာလေသည်။ တိမ်းမှောက်နေသော ဘတ်စ်ကားကိုသာ တွေ့ရသဖြင့် အနီးရှိ လယ်သမားကြီးအား မေးမြန်းလေသည်။
`နိုင်ငံရေးသမားတွေ ဘယ်ရောက်သွားလဲဗျ´
`သူတို့အားလုံးကို ကျုပ်က မြေမြုပ်ပစ်လိုက်တယ်ဗျ´
`အားလုံးသေကုန်ကြလို့လားဟင်´
ထိုအခါ လယ်သမားကြီးက ဤသို့ ပြောချလိုက်လေသည်။
`ဒီလိုဗျ။ တချို့ သူတို့ကိုယ် သူတို့ အသက်ရှက်နေသေးတယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် နိုင်ငံရေးသမားတွေဆိုတာ ဘယ်လောက်လိမ်ညာပြောတတ်သလဲဆိုတာ ခင်ဗျားလည်း သိသားပဲလေ´
မှတ်ချက်။ ။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလထုတ် `ပြည်သူ့ခေတ်´ ဂျာနယ်မှ ကူးယူဖော်ပြသည်။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment