ကျန်းမာရေးဆောင်းပါး ဖြန့်ဝေတဲ့ နေရာမှာ မဟုတ်တဲ့ သတင်းတွေကို မဖြန့်ဝေသင့်ပါဘူး။ အောက်တွင် ရှင်းလင်းချက်ကို ရေးသားထားပါတယ်။ ဖတ်ရှုကြပါကုန်။ Quote လုပ်ထားတဲ့ စာပိုဒ်က အမှားကြီးပါ။
"For those who like to drink cold water, this article is applicable to you.
It is nice to have a cup of cold drink after a meal.
However, the cold water will solidify the oily stuff that you have
just consumed.
It will slow down the digestion. Once this 'sludge' reacts with the acid,
it will break down and be absorbed by the intestine faster than the solid food.
It will line the intestine..
Very soon, this will turn into fats and lead to cancer.
It is best to drink hot soup or warm water after a meal.
ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်
တော့ သက်ရောက်မှု့  ရှိပါတယ်။
တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု
သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က
နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို
အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ်
တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ
အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ
သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ်
ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။
အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်
ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ "
ဒီ ဆောင်းပါးက အမှားကြီးပါ။ ပေါ်ပေါက်လာတာ ကလည်း ကြာလှပါပြီ။ တကယ်တော့ အစာစားပြီး ရေခဲရေသောက်ခြင်းဟာ အစာတွေကို ခဲစေတယ်ဆိုတာ ဘယ်မှာမှ အတိအလင်း မှန်ကန်ကြောင်းဖော်ပြမထားပါဘူး။ ဘယ် reference မှာမှလည်း ရေးသားမထားပါဘူး။ ဆေးပညာ ရှုထောင့်က ကြည့်ရှုရင်လည်း သောက်လိုက်တဲ့ ရေအေးဟာ ပူနွေးနေတဲ့ ကိုယ်ထဲမှာ ဘယ်လိုမှ အေးပြီးဆက်လက်မတည်ရှိပါဘူး၊ ရှင်းရှင်းပြောရရင် ကျင်ငယ်ရေ(ရှုရှုး) က ပူသလား အေးသလား စဉ်းစားကြည့်ပါ၊ ရိုင်းသွားရင် ခွင့်လွှတ်ပါ။ ထို့ကြောင့် ရေအေးအဖြစ်ဆက်လက်မတည်ရှိ နိုင်တဲ့ အတွက် ဘယ်အစာကိုမျှ ခဲသွား အစိုင်အခဲ ဖြစ်သွားနိုင်စွမ်းမရှိပါ။ သင်ကြားခဲ့သော ဆေးပညာအရ ပြောရရင် အစာစားရင်း ရေသောက်ခြင်းဟာ အစာခြေရည် အက်ဆစ် တွေကို အက်ဆစ်ပျော့ဖြစ်နိုင်စွမ်းပဲ ရှိပါတယ်။ ယခုထိလည်း အစာစားရင်းရေသောက်ခြင်းက ကောင်းကျိုးလော ဆိုးကျိုးလော ဆိုတာကို လေ့လာနေကြဆဲပါ။
အားလုံး အတွက် အစာခြေပုံ ခြေနည်းလေးကို UK အခြေစိုက် BBC မှ သတင်းလေး share လိုက်ပါတယ်။ link ကို click ပြီး ဖတ်ရှုကြပါ။
how stomach works in digestion process
**Shwe Aeim Siှ
**Public Health**

No comments:
Post a Comment