ဖိတ်စာ လေးတစ်စောင်ရောက်လာပါတယ်
(၄.၇.၂၀၁၀) တနင်္ဂနွေ တဲ့
သတို့သားလောင်းကို မသိပေမဲ့
သတို့သမီးလောင်းကတော့ တချိန်ကရင်ခုန်သံခြင်းတူဖူးတဲ့လူပဲလေ
နင်နေနိုင်သွားပီကိုး...နင်ဂတိတွေဆိုတာဘာလဲ...
နင်ချစ်တယ်ဆိုတာရောဘာလဲ...
ဖြေမဲ့သူနင်ငါ့နားမှာမရှိပေမဲ့လည်း...မေးခွန်းတွေကိုယ့်ဟာကိုယ်မေးနေမိတယ်...
ငါဘာတွေဆက်လုပ်ရမလဲ...ငါသွားသင့်သလား...
တွေးရင်း..တွေးရင်း...ငါ့မျက်ရည်တွေဝဲလာတယ်ဟာ...
ဖိတ်စာကြီးကိုင်ပီးငါအိမ်ထဲကို ပတ်သွားနေမိတယ်
အိမ်လေးကမကျယ်ပေမဲ့...ငါ့မှာလမ်းတွေမဆုံးနိုင်ဘူး...
ဆုံးရှုံးသွားပီဇြစ်တဲ့...................
နင့်အပြုံးတွေ...နင့်စကားတွေ....နင့်ရယ်သံတွေ.....
ငါတယုတယနမ်းရှိုက်ဖူးတဲ့....နင့်ဆံနွယ်တွေ
အားလုံး.....အားလုံးဟာပြန်မရနိုင်ဘူးဆိုတဲ့အသိနဲ့အတူ...
ငါ့မျက်ဝန်းတစုံဟာ ...မရည်ရွယ်ပဲနဲ့...မျက်ရည်တွေစီးဆင်းလာတယ်
ငါငိုချင်းတွေရှည်နေမိတယ်...
ဘာလို့နင်ထားခဲ့တာလဲ
နင်မရှိရင်ငါမနေနိုင်ဘူးဆိုတာ...နင်မသိဘူးလားး
နင်ချစ်တယ်ဆိုတာရော ...ဘာလဲ။
ဒီစကားတွေကို မျက်နှာချင်းဆိုင်ပြောချင်ပေမဲ့....
ငါ့မှာအခွင့်အရေးမရှိတော့ဘူး...
တချိန်ကငါလုပ်ခဲ့တဲ့ကိစ္စသေးသေးလေးတွေကိုတောင်..
ငါဇြေရှင်းခဲ့တဲ့ပြသနာသေးသေးလေးတွေကိုတောင်...
သူရဲကောင်းတယောက်ကိုကြည့်သလိုကြည့်ပီး...
ဂုဏ်ယူခဲ့တဲ့...နင်...အခုတော့လည်းဟာ...
ငါလေခုချိန်မှာ...နင့်ကိုတကိုယ်ကောင်းဆန်တယ်လို့မပြောရက်ပါဘူး..
နောက်ဆုံးစိတ်အေးအေးထားပီးတွေးလိုက်တော့
ငါညံ့လို့ပေးဆပ်လိုက်ရတာပေါ့
၎.၇.၂၀၁၀......တနင်္ဂနွေ
စည်ကားလှတယ်...ခမ်းနားလှတယ်...သတို့သမီးဆိုတဲ့နင်လည်းလှတယ်...
နင်ပြုံးပြတယ်...ငါ့ကိုတော့မဟုတ်ခဲ့ဘူး...(နင့်ဘေးကကောင်ကို)
တချိန်တုန်းက..ကျောင်းလမ်းလေးမှာ...ငါလည်းအဲလိုအပြုံးမျိုးရဖူးခဲ့တယ်...
ရင်ထဲမှာစို့နင်လာတယ်...
မျက်ရည်ထိန်းတဲ့သဘောနဲ့...ငါရေတခွက်ကိုသောက်လိုက်မိတယ်...
အားးးးးးးးအရာအားလုံးဟာ...လက်တကမ်းမှာတင်...မိုင်ထောင်ချီဝေးသွားပီ...
ငါမနေနိုင်တော့ဘူး...ငါပြန်တော့မယ်
နင်ကိုရည်စူးပီး....ငါစိတ်ထဲကနှုတ်ဆက်လိုက်တယ်
အဲဒီအချိန်မှာနင်ငါ့ကိုမြင်သွားတယ်
နင့်မျက်နှာကအပြုံးတခု...ငါ့အတွက်သက်ဆင်းတယ်
ဘယ်လိုအပြုံးမျိုးလဲဆိုတော့
အငိုနဲ့ရောနေတဲ့အပြုံးလေ...
ကြုံဘူးတဲ့လူတော့...သိမှာပါ
ကျနော်ကတော့ အဲလိုပဲသတ်မှတ်လိုက်တယ်
ငါနားလည်ပါတယ်ဆိုတဲ့သဘောနဲ့
သူ့ကိုခေါင်းလေးညိမ့်ပြပီး....ကျနော်ထွက်လာတယ်
အရင်တုန်းကနင့်အိမ်ရှေ့ပြန်တိုင်း
ငါ့နောက်ကျောလေးများကြည့်နေမလားဆိုတဲ့
အတွေးတွေကိုဖယ်ထုတ်ရင်း....
ကောင်မလေးရယ်...
နင့်တို့၇ဲ့ကျက်သရေရှိလှပါတယ်ဆိုတဲ့
......မင်္ဂလာဆိုင်းဝိုင်းသံတွေက.........
ငါ့အတွက်တော့.........
ဈပနာတခုရဲ့ဥသြဆွဲသံလောက်တောင်
မချိုမြိန်ခဲ့ပါဘူး...
........အလွမ်းညတွေ...လွန်ပါစေ..လွန်ပါစေ.....လွန်ပါစေ....
**စိုးမိုး ကျော်**
(၃.၇.၂၀၁၀) စနေနေ့မှာ ကျနော်နေထိုင်ရာ အိမ်လေးကို

No comments:
Post a Comment