**Public Health**
**ကျောင်းသားဥာဏ်ရည်တိုးစေဖို့ ပီကေ၀ါးခြင်းကို အားပေးတဲ့ ဂျာမန်ကျောင်း**
ကျောင်းသားတစ်ယောက် စာသင်ခန်းထဲမှာ ပီကေ၀ါးနေတာဟာ ကျောင်းဆရာတစ်ယောက်အတွက် တော်တော် လေးစိတ်ဆိုးဒေါသထွက်စရာကိစ္စပါ။ ဒါပေမဲ့ ဂျာမနီတောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းဟာ ကျောင်းသားတွေရဲ့ ဥာဏ်ရည်တိုးတက်စေဖို့ ပီကေစားတာကို အားတက်သရောတိုက်တွန်းနေပြီဖြစ်ပါတယ်။
ပီကေ၀ါးတာဟာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် အထူးကောင်းပါတယ်။ သူတို့ရဲ့ အသိအမြင်စွမ်းရည်ကိုလဲ တိုးတက်စေပါတယ်လို့ အဆိုပါ ပရောဂျက်ကို စမ်းသပ်နေတဲ့ ဗောင်ကန်ရှဝိုင်းကျောင်းတည်ရှိရာ ဘာဗာရီးယားမြို့ ရှိ ပညာ ရေးဌာနက အရာရှိ ၀ုဖ်ဂန်းအဲလီဂက်စ်က ပြောပါတယ်။
ကျောင်းအုပ်ကြီးဟန်းစ်ဒက်ရှ်ကတော့ ပီကေ၀ါးဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ် မခိုင်းပါဘူး။ ဒါပေမဲ့ ပီကေ၀ါးတာ ဟာ ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို အထောက်အကူပေးပြီး အထူးသဖြင့် ရေးဖြေစာမေးပွဲတွေမှာ စိတ်ဖိစီးမှုတွေကို ဖြေ လျော့စေရာမှာ အကူအညီပေးပါတယ်လို့ ဆိုပါတယ်။
ကျောင်းနေပျော်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်က ဘာစိုးရိမ်ကြောင့်ကြမှုမှ မရှိဘဲ ကလေးတွေကျောင်းလာတတ် ကြဖို့ပါ။ သူတို့ရဲ့ စိတ်မှာ ပျော်ရွှင်တဲ့စိတ်ခံစားမှုရှိနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အားလပ်ချိန်နဲ့ စာသင်ချိန်တွေအတွင်း မှာ ပီကေ၀ါးနေကြဖို့ ကျွန်တော်တို့ တိုက်တွန်းနေကြပါတယ်လို့ ၄င်းကဆိုပါတယ်။
ပီကေ၀ါးတာဟာ ခံတွင်းကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်လို့ စည်းရုံးလှုံ့ဆော်သူတွေက ဆိုပါတယ်။ အ သက်ခြောက်နှစ်နဲ့ ဆယ်နှစ်ကြားအရွယ်ရှိတဲ့ အဆိုပါစာသင်ကျောင်းက ကလေးအယောက် ၇၀ဟာ အစာစားပြီးတိုင်း သွား တိုက်ကြဖို့ မဖြစ်နိုင်လောက်တာကြောင့် ပီကေ၀ါးတာဟာ ခံတွင်းသန့်ရှင်းရေးအတွက်ကောင်းတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပရမ်းပတာတော့ လုပ်လို့မရပါဘူး။ ဆရာတွေ အကြား သဘောတူထားချက်တစ်ခုအရ ကျောင်းသားတွေ အနေနဲ့ ပီကေ၀ါးနေရင် စကားပြောတဲ့အခါက လွဲလို့ ကျန်အချိန်တွေမှာ ပါးစပ်ပိတ်နေရမယ်။ ပီကေကို သေသေချာချာစွန့် ပစ်ရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။
**meepyatite**

No comments:
Post a Comment