ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 27, 2010

လူထုကျန်းမာရေး(ဆောင်းဥတုတွင် ဖြစ်တတ်သော အရေပြားရောဂါ )

>

**Public Health**

ဆောင်းဥတုသို့ ၀င်ရောက် လာပြီ ဖြစ် သော်လည်း ရန်ကုန်နှင့် အခြား သော ဒေသ အချို့တွင် ဆောင်း၏ အရသာ ကို ကောင်းစွာ မခံစား ရသေး သော်လည်း ခံစားရလာသော အချိန်တွင် အအေးဒဏ်ကြောင့် အရေပြားတွင် ပြဿနာ အချို့နှင့် ကြုံတွေ့လာတတ်သည်။ ဆောင်းတွင်းသို့ ၀င်ရောက် လာပြီ ဆိုပါက အချို့သော သူများသည် ပတ်ဝန်းကျင် စိုထိုင်းစ ကျဆင်း လာခြင်းကြောင့် အရေပြား၏ အပေါ်ယံဆဲလ်များသည် ရေဓါတ်ဆုံးရှုံးမှုကို အကာအကွယ် မပေးနိုင်တော့ဘဲ အရေပြားခန်းခြောက်ခြင်းများ ဖြစ်ပွားတတ်သည်။ ပုံမှန်အားဖြင့်ဆိုပါက အရေပြား၏ အပေါ်ယံ ဆဲလ်များသည် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ရမည် ဖြစ်သော်လည်း ဆောင်းတွင်း၏ အအေးဒဏ်ကြောင့် ပတ်ဝန်းကျင် စိုထိုင်းစကျလာသဖြင့် အချို့သော သူများ၏ အရေပြားအပေါ်ယံ ဆဲလ်များသည် ရေဓာတ်ကို မထိန်းသိမ်း နိုင်တော့ဘဲ အရေပြား ခြောက်သွေ့ခြင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့အရေပြားခြောက်သွေ့ခြင်းအား အရပ်အခေါ်ဖြင့် အသားပါတ်သည်ဟုခေါ်ဆိုကြပြီး ဆောင်းရာသီတွင် အဖြစ်များကြသည်။ ထိုအသားပါတ်ခြင်း ဖြစ်ပေါ်နိုင်သည့် အသက်အရွယ်များမှာ ကလေးငယ်များနှင့် အသက်ကြီးပိုင်း အရွယ်များဖြစ်ကြောင်း သိရသည်။ ထိုသို့ အရေပြားများ ခန်း ခြောက်ခြင်းကြောင့် အချို့မှာ အရေပြားခြောက်နွမ်းမက ခြောက်ခြင်းများ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ် ရေပြားပေါ်တွင် ငါးကြင်းကွက်ကဲ့သို့ အကွက်များ ဖြစ်လာခြင်း၊ အရေပြားအဖတ်များ လန်ထွက်လာခြင်းနှင့် အချို့မှာလည်း ပုံမှန်ခြောက်သွေ့ရုံသာ ခြောက်သွေ့ခြင်းမျိုးများ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

အရေပြားခြောက်ခြင်းသည် ပြင်ပရာသီဥတုအပေါ် မူတည်၍ ဖြစ်ပေါ်နိုင်ပြီး ပြင်ပရာသီဥတု အေးလေ အရေပြား ခြောက်သွေ့ခြင်း ပိုမိုဖြစ်ပေါ် နိုင်လေဖြစ်ကြောင်း အရေပြား အထူးကုဆရာဝန် ဒေါက်တာ လင်းထက်က ပြောသည်။ အရေပြား ခြောက်သွေ့ခြင်းကြောင့် အခြားဖြစ်ပေါ်နိုင်သည့် အရေပြား ပြဿနာတစ်မျိုးမှာ ခြောက်သွေ့သော အရေပြားများသည် အရေပြားများ အောက်ရှိ အာရုံကြောမျှင်များအား နှိုးဆွသကဲ့သို့ ဖြစ်လာကာ အရေပြား ယားယံခြင်းများလည်း ဖြစ်ပေါ် နိုင်သည်ဟု သိရသည်။ ထိုယားယံသည့် အရေပြားအား ကုတ်ချစ်မိရာမှ အရေပြား ပဲ့ထွက်ခြင်းများ ဖြစ်ပေါ်လာကာ အရေပြားပိုးဝင်ကာ နှင်းခူကဲ့သို့သော အရေပြားရောဂါများလည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အခြားဆောင်းတွင်းတွင် ဖြစ်ပေါ်တတ်သည့် အရေပြားရောဂါ နောက်တစ်မျိုးမှာ Pityriasis Alba ဟုခေါ်သည့် အသားပွင့်ခြင်း အရပ်အခေါ် ကြက်ဖင်ဖြစ်သည်။ ထိုရောဂါသည်လည်း ခန္ဓာကိုယ်နေရာ အနှံ့တွင် ဖြစ်ပွားတတ်သော်လည်း အထူးသဖြင့် မျက်နှာတွင် အဖြစ်များကြောင်း သိရသည်။ ထိုရောဂါသည် ဆောင်းဥတုတွင် လေတိုက်ခြင်း နေပူခြင်း အအေးဓာတ်ရှိခြင်း စသည်တို့ကြောင့် အပေါ်ယံအရေပြားများသည် ခြောက်သွေ့သော ပုံမှန်အသားရောင်မှ ပြောင်းလဲသွားပြီး အဖြူကွက်များ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖြစ်ပါက ပုံမှန်အသားခြောက်၍ ကွဲအက်ခြင်းထက် ပျောက်ကင်းရန် အချိန်ပိုကြာတတ်ကြောင်း သိရသည်။ “အဲဒီကောင်ကတော့ နည်းနည်းပိုကြာတာပေါ့ သူက အသားအရေခြောက်တာအပြင် ကာလာက ပါလာတယ်လေ။ ဖြူတာလေးပါလာတယ်လေ။
'' အဲဒီကောင်ကတော့ နည်းနည်းပိုကြာတာပေါ့ သူက အသားအရေခြောက်တာအပြင် ကာလာက ပါလာတယ်လေ။ဖြူတာလေး ပါလာတယ်လေ။ ထိုသို့ အသားအရေ ခြောက်ခန်း၍ အကွက်များ ဖြစ်ပေါ်ခြင်း (အသားပတ်ခြင်း) နှင့်အသားပွင့်ခြင်း (ကြက်ဖင်) တို့သည် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် လည်းမသက်ဆိုင်ဘဲ ရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် အရေပြားရောဂါများ Seasonal Dermatoses သာဖြစ်ကြောင်း သိရသည်။ ထိုသို့ဖြစ်တတ်သည့် အရေပြားရောဂါများတွင် အချို့သောသူများသည် အေးသည့်ရာသီဥတု၊အေးသည့်အရာဝတ္တုများနှင့် ကိုင်တွယ်မိပါက အအေးဒဏ်ကို လွန်ကဲစွာခံစားရသည့် Scleroderma ကဲ့သို့သော ရောဂါရှင်များသည် ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာစေနိုင်ကြောင်း သိရသည်။
အဆိုပါ ရောဂါရှင်များသည် အခြားသူများထက် အအေးဒဏ်ကို ပိုမိုခံစားကြရပြီး အခြားသူများအတွက် အဆင်ပြေသည့် အအေးဒဏ်သည်ပင်လျှင် ထိုရောဂါရှင်များအတွက်မူ လက်ဖျားများ ဖြူဆွတ်သွား ခြင်း၊ ပြာနှမ်းသွားခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
အချို့သောသူများသည် ဆောင်းရာသီတွင် အရေပြားအား ကာကွယ်ရန်အတွက် Lotion ကဲ့သို့သော အရေများလိမ်းခြင်း၊ သနပ်ခါးရေကျဲလိမ်းခြင်းများ ပြုလုပ်လေ့ရှိကြရာ ထိုအမူအကျင့်သည်လည်း မှားယွင်းသည့် အမူအကျင့် တစ်ရပ်ပင်ဖြစ်ကြောင်း သိရသည်။
တကယ်တမ်းတွင်မူ အထက်ပါ အရေပြား ပြဿနာများသည် ပြင်ပ အအေးဓာတ်နှင့် ပတ်ဝန်းကျင် စိုထိုင်းစ ကျဆင်းလာခြင်း တို့ကြောင့် ကိုယ်တွင်းရေ ဓာတ်ခန်း ခြောက်လာကာ ရောဂါများဖြစ်သည့် အတွက် ဆောင်းဥတုတွင် ရေဓာတ်ခန်းခြောက်ခြင်း မရှိစေရန် ကြိုတင် ကာကွယ်ရမည်သာ ဖြစ်ကြောင်း သိရသည်။
ခန္ဓာကိုယ် ရေဓာတ် မခန်းခြောက်ရန်အတွက် အရည်ရွှမ်းသော အသီးအနှံများ စားသုးံခြင်း ၊ ရေများများသောက်ပေးခြင်းနှင့် အရေပြား ခြောက်ခန်းခြင်းမှ ကာကွယ်ရန်အတွက် အဆီပါသည့် အရည်များလိမ်းပေးခြင်းတို့ ပြုလုပ်သင့်သည်ဟု သိရသည်။ “အဆီဆိုရင်တော့ ဘာအဆီဖြစ်ဖြစ် ရပါတယ်။ ဒါပေမဲ့ သံလွင်ဆီတို့ နှမ်းဆီတို့ဆိုရင်တော့ ပိုပြီး သင့်တော်တာပေါ့ ကျွန်တော်တို့တား မြစ်ထားတာက ကြော်ချက်ပြီးသား အဆီတွေကို မလိမ်းကြဖို့ပါပဲ” ဟု ဒေါက်တာလင်းထက်က ပြောသည်။
ထို့ကြောင့် ဆောင်း၏ အရသာကို ပီပြင်စွာ ခံစားနေရသည့် အရပ်ဒေသတွင် နေထိုင်ကြသူများနှင့် ဆောင်း၏အရသာကို ပီပြင်စွာ မခံစားကြရသေးသော်လည်း နောက်ပိုင်းတွင် ခံစားလရသည့်အခါတွင် အထက်ပါ အရေပြားပြဿာနာများမှ ရှောင်လွှဲနိင်ရန်အတွက် ခန္ဓာကိုယ်တွင်း ရေဓာတ်မခန်း ခြောက်စေ ရန် ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း သိရသည်။

**meepyatite**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)