လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံကို ရောက်သွားတယ်။ ကောင်းကင်ဘုံမှာ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေ ဒီကို အင်မတန်မှ အရုပ်ဆိုးလွန်းတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲတွေ့ရသတဲ့။
`ကနေဒီဟာ ဘာဖြစ်လို့ ဒီလောက်အရုပ်ဆိုးတဲ့ သူနဲ့ တွေ့ရတာလဲ နတ်မင်းကြီး ခင်ဗျာ´လို့ ကောင်းကင်ဘုံက နတ်မင်းကြီးကို သူကမေးသတဲ့။
`သူက မကောင်းတာလုပ်ခဲ့လို့ပေါ့ကွာ´လို့ နတ်မင်းကြီးက ဖြေတယ်။
နောက်တနေရာရောက်တော့ သမ္မတ ဟောင်း ဘီလ်ကလင်တန်ကို အင်မတန်မှ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ အတူတွေ့ရသတဲ့။
`ကလင်တန်ကျတော့ ဘာဖြစ်လို့ အချောစား အမိုက်စားလေးနဲ့ တွဲရတာလဲ ခင်ဗျာ´လို့ သူက ထပ်မေးတယ်။ ဒီအခါမှာ နတ်မင်းကြီးက ထပ်ဖြေပါတယ်။
`အဲဒီကောင်မလေးက မကောင်းတာလုပ်ခဲ့လို့ပေါ့ကွာ´
မှတ်ချက်။ ။ ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)မှ ကူးယူဖော်ပြသည်။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment