ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 30, 2010

လီလီပန်းရိုင်းများ နှင့်အတူ------

>

ထိုင်ဝမ်နိုင်ငံရဲ့ဒီမိုကရေစီရေးလှုပ်ရှားမှု (ဒုတိယပိုင်း) ကို ဆက်လက်ဆွေးနွေးသွားချင်ပါတယ်။
ဆွေးနွေးမှုကိုမစခင် ရှုမြင်သုံးသပ်ပုံနှစ်ခု နဲ့ အတွေးအခေါ်နှစ်ခု ကိုတင်ပြချင်ပါတယ်။

**ရှုမြင်သုံးသပ်ပုံနှစ်ခု **

နိုင်ငံတနိုင်ငံရဲ့နိုင်ငံရေးအကြပ်အတည်းတွေကိုလေ့လာတဲ့အခါ၊ ပြည်တွင်းဖိအားတွေကြောင့်ရင်ဆိုင်ရမဲ့ အန္တရာယ်နဲ့ပြည်ပဖိအားကြောင့်
ရင်ဆိုင်ရမဲ့အန္တရာယ်တွေကို ခွဲထုတ်စဉ်းစားလေ့ရှိတယ်။ တခါတလေတော့ ဒီအန္တရာယ်နှစ်ခုဟာ ဒင်္ဂါးပြားတခုရဲ့ခေါင်းနဲ့ပန်းလို ကပ်လျှက်တည်ရှိနေတယ်။ တခါတလေကျတော့လည်း တခုခုကိုဦးစားပေးဖြေရှင်းပစ်လိုက်ရတယ်။ ချန်ကေရှိန်ရဲ့ကွန်မင်တန်ပါတီဟာ သူဖန်တီးခဲ့တဲ့ အဖြူရောင်အကြမ်းဖက်စစ်ဆင်ရေးကြောင့် ထိုင်ဝမ်ပြည်သူတွေရဲ့မကျေနပ်မှု၊ အန်တုမှုတွေကိုရင်ဆိုင်နေခဲ့ရတယ်။ ပြည်သူတွေက သူတို့အတွက် လွတ်မြောက်ရာနည်းလမ်းတွေကို ရှာဖွေနေကြတယ်။ တဘက်မှာတော့၊
ချန်ကေရှိတ်အစိုးရဟာ တရုတ်ပြည်သူ့တပ်မတော် ( PLA) ရဲ့စစ်ရေးအရခြိမ်းခြောက်မှုကို၊တိုက်ခိုက်မှုတွေကိုခံနေရတယ်။
တရုတ်ပြည်မကြီးနဲ့ထိုင်ဝမ်နိုင်ငံကြားမှာတည်ရှိတဲ့ ထိုင်ဝမ်ရေလက်ကြားဟာ မိုင် (၁၂၀) ခန့်ကျယ်ဝန်းတယ်။

ထိုင်ဝမ်ရေလက်ကြားအကြပ်အတည်း (၃) ကြိမ်ဖြစ်ပွားခဲ့ဘူးတယ်။
၁၉၅၄-၅၅ မှာ တရုတ်ပြည်မကြီးက မော်စီတုန်းရဲ့တပ်နီတော်ဟာ ကမိုရီ နဲ့ မက်စုကျွန်းတန်းတွေကို တိုက်ခိုက်ရင်း ပထမအကြိမ်မြောက် ထိုင်ဝမ်ရေလက်ကြားပဋိပက္ခကိုစတင်လိုက်တယ်။အဲ့ဒီကာလတုံးက ကိုရီးယားစစ်ပွဲပြီးခါစဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုရဲ့အမြင်မှာတော့ တရုတ်ကွန်မြူနစ်တွေရဲ့ပါဝါဖြန့်ကျက်လာမှုကို တားဆီးပိတ်ဆို့ဖို့အတွက်ချန်ကေရှိတ်အစိုးရကို
ကူညီအားပေးရမယ်။ ထိုင်ဝမ်ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ယုံကြည်တယ်။ အမေရိကန်သမ္မတ ထရူးမင်းနဲ့အိုင်ဆင်ဟောင်ဝါအစိုးရ နှစ်ရပ်လုံးကလည်း အရှေ့တောင်အာရှဒေသတွေကို ထိန်းထားနိုင်ဖို့အတွက် ထိုင်ဝမ်နိုင်ငံဟာ အရေးပါတဲ့နေရာတခုဖြစ်တယ်လို့ ယူဆခဲ့တယ်။

ဒုတိယအကြိမ် ထိုင်ဝမ်ရေလက်ကြားပဋိက္ခ က ၁၉၅၈ မှာဖြစ်တယ်။ ဒါကြောင့်လည်း ၁၉၆၀ သမ္မတရွေးကောက်ပွဲမှာ ဂျွန်အက်ကနေဒီ နဲ့ ရစ်ချပ်နစ်ဆင် တို့ရဲ့နိုင်ငံခြားရေးမူကြွေးကြော်သံတွေကလည်း ထိုင်ဝမ်နိုင်ငံကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်။
ချန်ကေရှိတ်အစိုးရအတွက်တော့ တရုတ်ပြည်မကြီးဆီက အန္တရာယ်ကို ပြပြီးနိုင်ငံတကာအသိုင်းအဝိုင်းဆီက စစ်ရေးအကူအညီရခဲ့တယ်။
တဘက်မှာတော့ စစ်အုပ်ချုပ်ရေးဥပဒေနဲ့အကြမ်းဖက်မှုတွေကို ကျင့်သုံးရင်း ထိုင်ဝမ် ပြည်သူတွေအပေါ်ဖိနှိပ်ရက်စက်ခဲ့တယ်။

တတိယအကြိမ် ထိုင်ဝမ်ရေလက်ကြားပဋိပက္ခက ၁၉၉၅-၉၆ မှာဖြစ်ပွားခဲ့တယ်။
နိုင်ငံတကာနိုင်ငံရေးအခင်းအကျင်းကပြောင်းလဲခဲ့ပြီ။ စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့သလို၊ အမေရိကန်သမ္မတ ဘီလ်ကလင်နဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံကြားမှာ ရွှေလမ်းငွေလမ်းဖောက်နေပြီ။ ဒါကြောင့် ၁၉၉၅ မှာ ကွန်မင်တန်ပါတီရဲ့ခေါင်းဆောင်ဖြစ်လာခဲ့သူ၊ လီတန်ဝှီးတယောက် တောင်အာဖရိကနိုင်ငံဆီကိုအလည်သွားတဲ့အခါ၊အမေရိကန်ပြည်ထောင်စုပိုင် ဟာဝိုင်အီကျွန်းမှာ ဝင်ရောက်
စခန်းချနားဖို့ကြိုးစားခဲ့တယ်။ ဘီလ်ကလင်တန်က ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တယ်။ ဝါရှင်တန်ဒီစီမှာ ရှိတဲ့ ထိုင်ဝမ်အရေးလော်ဘီလုပ်သူတွေက ကွန်ဂယက်ကိုချည်းကပ်ပြီး ကလင်တန်ရဲ့မူကိုပြောင်းလဲစေဖို့ ဖိအားပေးကြတယ်။ ၁၉၉၆ မှာ ကော်နဲလ်တက္ကသိုလ်က ထိုင်ဝမ်နိုင်ငံခေါင်းဆောင်လီတန်ဝှီး ကို ဖိတ်ကြားပြီး၊ ထိုင်ဝမ်နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဘယ်လိုအောင်မြင်ခဲ့သလဲဆိုတဲ့
အကြောင်းဟောပြောဖို့ဖိတ်ကြားခဲ့တယ်။ကလင်တန်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဝါရင်းခရစ်တိုဖာ က
“ လီတန်ဝှီး” ကို ဗီဇာပေးလိုက်ရင်၊ တရုတ်ပြည်မကြီးနဲ့ဆက်ဆံရေးထိခိုက်ပျက်ယွင်းနိုင်တယ်လို့ ခိုင်ခိုင်မာမာပြောတယ်။
ဒါပေမဲ့ ထိုင်ဝမ်အရေးလော်ဘီလုပ်သူတွေရဲ့ စည်းရုံးမှုကြောင့် ကွန်ဂယက်ဟာ ဘီလ်ကလင်တန် ကို ဖိအားပေးနိုင်ခဲ့တယ်။
လီတန်ဝှီး ကို ကော်နဲလ်တက္ကသိုလ်မှာလာရောက်ဟောပြောဖို့ ဗီဇာပေးလိုက်တယ်။ တရုတ်ပြည်မကြီး က အမျက်ချောင်းချောင်း
ထွက်ခဲ့တယ်။ ထိုင်ဝမ်နိုင်ငံဆီကို အမြောက်ဆံတွေနဲ့လှမ်းပစ်လိုက်ပြီး တတိယမြောက် ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခ ကို စတင်လိုက်တယ်။
လီတန်ဝှီး ဟာ သစ္စာဖောက်ဖြစ်တယ်။ တရုတ်ပြည်ကြီးကို နှစ်ပိုင်းပိုင်းလိုသူဖြစ်တယ် ဆိုတဲ့စွပ်စွဲချက်တွေနဲ့အတူထိုင်ဝမ်နိုင်ငံ
မက်စုကျွန်းတန်းတွေဆီကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ၁၉၉၆ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ လီတန်ဝှီးကို မဲမထည့်ကြဖို့
ခြိမ်းခြောက်တဲ့အနေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ သူတို့ရဲ့အမြောက်ကျည်ဆံတွေကို ထိုင်ဝမ်ကျွန်းဆီ တဝုန်းဝုန်းပစ်ချဖောက်ခွဲလိုက်တယ်။

လီတန်ဝှီးအတွက် လေးလေးနက်နက်စဉ်းစားရမဲ့အရာတွေရှိလာပြီ။ အပြင်မှာ တရုတ်ကွန်မြူနစ်တွေက သူ့ကိုတိုက်ခိုက်ဖို့စောင့်နေသလို၊ ပြည်တွင်းမှာ ကွန်မင်တန်ပါတီရဲ့နိုင်ငံရေးလက်ဝါးကြီးအုပ်မှုကို အန်တုမဲ့ အတိုက်အခံတွေ၊ ကျောင်းသားတွေက စောင့်ကြိုနေတယ်။
လီတန်ဝှီးက “ ထိုင်ဝမ်နိုင်ငံသည်ထိုင်ဝမ်ပြည်သူတွေအတွက်ဖြစ်ရမယ်” ဆိုတဲ့ကြွေးကြော်သံကို တစထက်တစ လွှင့်တင်လိုက်တယ်။
နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ဂတိတွေကိုဆက်လက်အကောင်အထည်ဖေါ်လိုက်တယ်။
ဒါကြောင့် ၁၉၉၆ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ၊လီတန်ဝှီး ဟာ ၅၄ ရာခိုင်နှုန်းကျော်နဲ့အနိုင်ရခဲ့တယ်။
( အဖိနှိပ်ခံပြည်သူဘက်က ရပ်တည်မယ်၊ ပြည်သူ့ဒီမိုကရေစီစံနစ်နဲ့ချီတက်မယ်လို့ကြွေးကြော်ခဲ့တဲ့ တရုတ်ကွန်မြူနစ်တွေက တီယင်မင်ရင်ပြင်ကျောင်းသားဆန္ဒပြပွဲကို ရက်ရက်စက်စက်အကြမ်းဖက်ချေမှုန်းပြခဲ့ပေမဲ့တချိန်က ရက်စက်မှုတွေကို
လက်ရဲဇက်ရဲလုပ်လာတဲ့ ကွန်မင်တန်ပါတီဟာ ၁၉၉၀ ခုနှစ်ကစပြီး ပျော့ပြောင်းတဲ့လမ်းကြောင်းဆီကို ပြောင်းလဲခဲ့တယ်။
“ငါတို့ ထိုင်ဝမ်ခေါင်းဆောင်တွေဟာ တရုတ်ကွန်မြူနစ်တွေလို ကျောင်းသားဆန္ဒပြပွဲတွေကို ဖိနှိပ်ချေမှုန်းမှုမလုပ်” တဲ့။
သမိုင်းဖြစ်ရပ်တွေ က သံဝေဂရဖို့ကောင်းတယ်။ ဒါကြောင့်ပြည်တွင်းဖိအားကြောင့်ကြုံတွေ့ရမဲ့ အန္တရာယ်နဲ့
ပြည်ပဖိအားကြောင့်ဖြစ်ပေါ်နေတဲ့ အန္တရာယ်တွေဟာ ဆက်စပ်နေတယ်။ )

**အတွေးအခေါ်နှစ်ခု **

(က) မကြာသေးခင်တုံးကထုတ်ဝေတဲ့ The Voice ဂျာနယ်မှာ စာရေးဆရာမောင်စူးစမ်းက Activist တွေရဲ့အမြင်နဲ့မချဉ်းကပ်ဖို့လိုတယ် လို့ဆိုပြန်တယ်။ သူက Activist ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကိုသေသေချာချာနားလည်နေခဲ့ပေမဲ့ ဒီလိုအယူအဆကိုချပြတယ်။ သူ့ရဲ့မရိုးသားမှုကို အထင်းသားမြင်နေရတယ်။ Activist တွေမပါပဲ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့နိုင်ငံတနိုင်ငံလောက်ရှိရင်၊ ဥပမာပေးစမ်းပါ လို့ စိန်ခေါ်လိုက်ပါရစေ။ နိုင်ငံရေးသုံးသပ်မှုတွေကိုသမိုင်းဖြစ်စဉ်ထဲမှာ အထင်အရှားတည်ရှိတဲ့ အချက်အလက်တွေ
( significant historical facts)၊လူမှုရေးဆိုင်ရာ သရုပ်ပြကိန်းဂဏ္ဍန်းတွေ (Social Statistics)၊ အုပ်စိုးသူလူတန်းစားရဲ့စရိုက်လက္ခဏာ
( the characteristic of government) ပေါ်မှာ ကြည့်ပြီး သုံးသပ်အဖြေထုတ်လေ့ရှိတယ်။
ရက်စက်မှုကိုကျူးလွန်ခဲ့တဲ့ အုပ်စိုးသူလူတန်းစားဟာ အလိုလိုသဘောကောင်းပြီးနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင်
ပြောင်းလဲခဲ့တယ်ဆိုတာ တခါမှမကြားဘူးပါ။Activist တွေရဲ့ဖိအားကြောင့်သာ ပြောင်းလဲမှုကိုလုပ်ခဲ့ရတာပါ။ ဒါကြောင့် Activist တွေဟာ
ဆက်ပြီး တက်ကြွနေဖို့လိုသလို၊ မတက်ကြွသေးတဲ့သူတွေကိုလည်း တက်ကြွလာအောင်လုပ်နိုင်မဲ့နည်းလမ်းကိုရှာရပါလိမ့်မယ်။

(ခ) ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကျားဖြူ ပါတီအပါအဝင်၊ တိုင်းရင်းသားပါတီတချို့က “ တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီတွေနဲ့သာ ဆွေးနွေးညှိနှိုင်းမယ်” ဆိုတဲ့စကားတွေကို အင်တာဗျူးတခုမှာပြောခဲ့ဘူးတယ်။ အထူးသဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့တွေ့အပြီးမှာ
သူတို့ရဲ့ NLD အပေါ်တုန့်ပြန်ပြောဆိုနေတဲ့စကားတွေက ကျွန်စော်နံလာသလို ခံစားရတယ်။ လွှတ်တော်ထဲဝင်ချင်တာတခုတည်း၊ သက်ဆိုင်ရာလူမျိုးစုအတွက်အခွင့်အရေးရရင်ပြီးရောဆိုတဲ့အတွေးအခေါ်တခုတည်းနဲ့တော့ တကိုယ်ကောင်းမဆန်စေချင်ပါ။
ထောင်ကျနေတဲ့ မိမိလူမျိုးစုခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကိုလည်း သေးသိမ်စေမဲ့လုပ်ရပ်မျိုးမလုပ်ကောင်းပါ။
၁၉၉၀ မှာ NLD ကို လူမျိုးတမျိုးတည်းလောက်ကပဲ၊ မဲထည့်အနိုင်ရခဲ့တာမဟုတ်ပါဘူး။
ဘဝသစ်ရမလားလို့ သွားမျောခဲ့မိတဲ့ အပစ်အခပ်ရပ်ဆဲရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆီက သင်ခန်းစာတွေကို ပူပူနွေးနွေးယူနိုင်ပါတယ်။ ကုလားအုပ်ပုံပြင်ထဲကလို မိမိရဲ့နေရာတဖြည်းဖြည်းအမြိုခံရမဲ့ဖြစ်စဉ်တခုမှာ ဒီမိုကရေစီအင်အားစုခြင်း၊
နောက်ကျောဓါးနဲ့ထိုးတဲ့လုပ်ရပ်ကို မလုပ်မိဖို့လိုပါလိမ့်မယ်။ ထိုင်ဝမ်နိုင်ငံမှာ ပါလီမန်ကို ချန်ကေရှိတ်ရဲ့ကွန်မင်တန်ပါတီက လက်ဝါးကြီးအုပ်ထားတဲ့အခါ၊ ဥပဒေဘောင်အတွင်းမှာ တရားဝင်တည်ထောင်ခွင့်မရတဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ။ ပါလီမန်အပြင်ကနေ ထိုင်စောင့်နေခဲ့ကြပါသလား။ အပြင်က ဖိအားမရှိပဲ၊ မိမိကိုယုံကြည်ကိုးစားမဲ့လူထုမရှိပဲနဲ့ ပါလီမန်တွင်းမှာ ကိုယ်လိုချင်တဲ့အချက်တွေ တောင်းဆိုဖို့ဆိုတာ၊ရေမှာရေးတဲ့အရုပ်တရုပ်ထက်မပိုနိုင်ပါဘူး။
မိမိရဲ့မဟာမိတ်ဘောင်ကို မိမိကိုယ်တိုင် ကန့်သတ်ပစ်တာမျိုးမလုပ်မိဖို့လိုပါလိမ့်မယ်။

ဒီတပတ်၊ လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ ထိုင်ဝမ်နိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု (ဒုတိယပိုင်း) ကို တင်ပြထားပါတယ်။

**သောတရှင်များခင်ဗျား **

လွန်ခဲ့တဲ့အပတ်တုံးက ထိုင်ဝမ်နိုင်ငံရဲ့၁၉၇၉ ဒီဇင်ဘာ(၁၀) လှုပ်ရှားမှုအကြောင်းကိုမိတ်ဆက်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုကိုဖြစ်ပေါ်စေတဲ့
နောက်ခံကားချပ်တွေကိုထိတွေ့ရင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှုတွေကို ဆက်လက်ဆွေးနွေးပါရစေ။

“ထိုင်ဝမ်နိုင်ငံရေးမဂ္ဂဇင်း ( Political Review) ကို ၁၉၇၅ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တယ်။ ပဉ္စမမြောက်စာစောင်မှာတော့
တရုတ်ပြည်မကြီးနဲ့ထိုင်ဝမ်နှစ်နိုင်ငံကြား အခြေအနေတွေကိုဝေဖန်သုံးသပ်ထားတဲ့ပါမောက္ခတွေရဲ့ဆွေးနွေးပွဲကိုထည့်သွင်းခဲ့တယ်။
အကျိုးဆက်ကတော့ ပါမောက္ခတွေရဲ့ စာသင်ကြားမှုဆိုင်ရာလိုင်စင်တွေရုတ်သိမ်းခံလိုက်ရတယ်။ မဂ္ဂဇင်းကိုဦးဆောင်လုပ်ကိုင်ခဲ့သူတွေကဒီမိုကရက်တစ်လှုပ်ရှားမှုကိုစတင်လှုံ့ဆော်ဖန်တီးမဲ့အဖွဲ့အစည်းတခု
လိုအပ်တယ်လို့သတင်းစာရှင်းလင်းပွဲမှာတရားဝင်ထုတ်ဖေါ်
ကြေငြာခဲ့တယ်။ ၁၉၇၉သြဂတ်လမှာတော့ “ မျိုးဆက်သစ်နိုင်ငံရေးလှုပ်ရှားမှု ပူးပေါင်းမြှင့်တင်ရေးအဖွဲ့” ဆိုတဲ့ခေါင်းစဉ်အောက်မှာဒီမိုကရေစီရေးဆိုင်ရာအတွေးအခေါ်အယူအဆတွေကိုစတင်ထုတ်ဝေခဲ့တယ်။ ပထမအကြိမ်ထုတ်ဝေလိုက်ကတည်းကစောင်ရေ နှစ်သောင်းခွဲ ရောင်းထွက်ခဲ့တယ်။ နောက်ထပ်ပုံနှိပ်ထုတ်ဝေလိုက်တဲ့အခါတိုင်းမှာ စောင်ရေ တသိန်းခွဲကျော်အထိ အရောင်းသွက်လာခဲ့တယ်။ ကွန်မင်တန်အစိုးရဟာ ထိုင်ဝမ်နိုင်ငံရေးမဂ္ဂဇင်းရဲ့သြဇာကြီးမားမှုကို စိုးရိမ်တကြီးသဘောပေါက်
လာတာကြောင့် မဂ္ဂဇင်းထုတ်ဝေခွင့်ကိုရပ်ဆိုင်းပစ်လိုက်တယ်။ ဒါကြောင့် “ကောင်ရွှမ်း” မြို့က မဂ္ဂဇင်းတာဝန်ခံတွေဟာ ဖူလန် ပန်းခြံမှာ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက် အစိုးရကိုခွင့်တောင်းခဲ့ပေမဲ့ ကွန်မင်တန်အစိုးရက ခွင့်မပြုခဲ့ဘူး။
အခန်းတခုခုမှာ ပြုလုပ်ချင်တယ်လို့ဆိုခဲ့ပေမဲ့လည်း ခွင့်ပြုချက်မရခဲ့ဘူး။ ကွန်မင်တန်အစိုးရရဲ့တင်းကြပ်မှုတွေကို
ဆန့်ကျင်ရှုတ်ချကြဖို့အတွက် ဒီဇင်ဘာ (၁၀) ရက်ဆန္ဒပြပွဲတွေကို ကောင်ရွှန်းဋ္ဌာနချုပ်မှာကျင်းပကြဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်တယ်။”

ကွန်မင်တန်အစိုးရကလည်း စစ်တပ်တွေကိုစေလွှတ်ပြီး ကောင်ရွှန်းဋ္ဌာနချုပ်ကိုဝိုင်းရံပိတ်ဆို့ခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်သားတွေကြားမှာရုန်းရင့်ဆန်ခပ်ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပေမဲ့ အစိုးရစစ်တပ်ဟာထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေ
အားလုံးနီးပါးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆန္ဒပြပွဲကိုဖြိုခွဲနိုင်ခဲ့ပါတယ်။
“ စစ်ကြောရေးစခန်းတွေထဲမှာ နှစ်လကျော်နှိပ်စက်ညှင်းပမ်းပြီး အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရသလို၊ ဆေးဝါးကုသခွင့်လည်းမရခဲ့ကြဘူး။
အကျဉ်းထောင်ထဲမှာဒီမိုကရက်တစ်လှုပ်ရှားမှုခေါင်းဆောင်တယောက်ကို ကွန်မင်တန်ရဲတွေက မတရားသဖြင့်ရိုက်နှက်နေတဲ့သတင်းကို
ကြားသိလိုက်တဲ့သူ့အမေက အိုဆာကာမြို့မှာတည်ရှိတဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဆီကိုစာရေးအကူအညီတောင်းခဲ့တယ်။
နောက်တနေ့မှာ အဲ့ဒီအမေဖြစ်သူနဲ့ (၇) နှစ်အရွယ် အမွှာညီအမနှစ်ယောက်လုံး ကို ကွန်မင်တန်ပါတီရဲ့စစ်ရဲတွေက မသေမချင်းဓါးနဲ့ထိုးသတ်ပစ်လိုက်တယ်။၁၉၇၉ ဒီဇင်ဘာလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သူ (၈) ယောက်လုံးဟာ ထောင်ဒဏ် (၁၂) နှစ်မှ
တသက်တကျွန်းထိပြစ်ဒဏ်ပေးခြင်းခံလိုက်ရသလို၊ လှုပ်ရှားသူတွေကို ကူညီဖွက်ပေးသူများအဖြစ်သံသယရှိခြင်းခံရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ဆက်နွယ်မှုရှိသူတွေအားလုံးလည်း ထောင်ဒဏ် (၆) နှစ်ထက်မနည်း အပြစ်ပေးခံလိုက်ရပါတော့တယ်။
ဖော်မိုဆာမဂ္ဂဇင်းအပါအဝင် စာစောင် (၁၅) စောင်ကျော် ထုတ်ဝေခွင့်တွေကိုပိတ်ပင်ပစ်လိုက်တော့တယ်”

တကယ်တော့ကောင်ရွှန်းအရေးတော်ပုံဟာ ထိုင်ဝမ်နိုင်ငံရဲ့အနာဂတ်နိုင်ငံရေးအတွက်အရေးပါတဲ့အချိုးအကွေ့တခုဖြစ်ပါတယ်။
ဒေသခံထိုင်ဝမ်ပြည်သူတွေသာ မက နိုင်ငံတကာမှာရောက်ရှိနေတဲ့ ထိုင်ဝမ်သားတွေဟာ ပြည်မကြီးကလာရောက်အုပ်ချုပ်နေတဲ့တရုတ်အစိုးရကို စိတ်ပျက်ဒေါသထွက်နေခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီရေးမြှင့်တင်မှုအဖွဲ့တွေကို ဥရောပနဲ့မြောက်အမေရိကား နိုင်ငံအသီးသီးမှာဗဟိုပြုဖွဲ့စည်းလိုက်ကြပါတယ်။ “ အဲ့ဒီတုံးက ကျနော်တို့ထိုင်ဝမ်သားတွေဟာ တရုတ်ပြည်မကြီးဆီကနေ လွတ်လပ်ရေးတောင်းဆိုမှုဆိုတာမျိုးမလုပ်ခဲ့ကြပါဘူး။ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ခွင့်လောက်သာ တောင်းဆိုခဲ့ကြတာပါ။
ထိုင်ဝမ်ပါလီမန်မှာ ကွန်မင်တန်ပါတီတခုတည်းသာရွေးချယ်တင်မြှောက်ခံရပြီး အရာရာကိုလက်ဝါးကြီးအုပ်ထားတာကြောင့်၊
ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ လွှတ်တော်ပြင်ပမှာ အတိုက်အခံအုပ်စုတွေကိုဖွဲ့စည်းရင်း
အကောင်းဆုံးဖိအားပေးနိုင်မဲ့ အချိန်တခုကိုပြင်ဆင်စောင့်ဆိုင်းခဲ့ကြပါတယ်။”

ပြည်တွင်းပြည်ပဖိအားတွေကိုရင်ဆိုင်နေရတဲ့ ထိုင်ဝမ်သမ္မတ “ဂျန်ဂျီဝှား” ကလည်း အတိုက်အခံပါတီတွေကို
တရားဝင်အသိအမှတ်မပြုခဲ့ပေမဲ့၊ နိုင်ငံရေးခေါင်းဆောင်တွေအပေါ်ဖမ်းဆီးနှောက်ရှက်မှုတွေကိုလျော့ချပစ်လိုက်သလို၊
သူ့ရဲ့အစိုးရအဖွဲ့အတွင်းမှာလည်း ထိုင်ဝမ်ဖွားတရုတ်နိုင်ငံရေးခေါင်းဆောင်အများအပြားကိုထည့်သွင်းနေရာပေးလာခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာတော့ အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ ကို ရုတ်သိမ်းလိုက်ပြီး၊ထိုင်ဝမ်နိုင်ငံသားတွေကို တရုတ်ပြည်မကြီးဆီအလည်သွားရောက်ခွင့်ပေးလိုက်ပါတော့တယ်။
“ ၁၉၈၈ မှာ ဂျန်ဂျီဝှားတယောက် သေဆုံးသွားတဲ့အခါ သူ လက်ရွေးစင်ရွေးချယ်ထားတဲ့ “လီတန်ဝှီး”ဟာ ကွန်မင်တန်ပါတီရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့တယ်။ ထုံးစံအတိုင်း ၁၉၉၀ ရွေးကောက်လုပ်ရင် ထိုင်ဝမ်သမ္မအဖြစ် သူ့ကိုပဲရွေးချယ်တော့မယ်ဆိုတာအဖြေထွက်ပြီးသားလေ။ ဘာလို့လဲဆိုတော့ ထိုင်ဝမ်ရွေးကောက်ပွဲမှာ
က န်မင်တန်ပါတီတခုတည်းကိုသာ တရားဝင် ဝင်ရောက်
ယှဉ်ပြိုင်ခွင့်ရတယ်။ဒါပေမဲ့ ၁၉၉၀ မှာတော့အဲ့သလိုရွေးကောက်ပွဲက ခေတ်မမှီတော့ဘူးဗျ။”

**ရေးသားသူ- အောင်မိုးဝင်း**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)