ဝါသနာရှင်တစ်ဦး၏ ပထမဆုံးအကြိမ် လေထီးခုန်ခြင်းဖြစ်သည်။ သင်တန်းဆရာ၏ ပြောဆိုမှုကို သေချာစွာနားထောင်ပြီးနောက် လေယာဉ်အတွင်းမှ ခုန်ချလိုက်သည်။ ၁၀ စက္ကန့်ကြာသော် ပြောဆိုထားသည့်အတိုင်း လေထီးကြိုးကိုဆွဲလိုက်သည်။ မပွင့်၊ ထပ်မံကြိုးစားသော်လည်း လေထီးကမပွင့်။
အနည်းငယ်ထိတ်လန့်လာသော်လည်း သင်တန်းဆရာ၏ ပို့ချချက်ကိုသတီရသွားပြီးနောက် အရန်လေထီးခလုတ်ကိုဆွဲဖွင့်လိုက်သည်။ ယခင်အတိုင်းပင် မထူးခြား။ ထိုသို့အခြေအနေတွင် လေထဲတွင် အံ့အားသင့်ဖွယ်ရာ လူတစ်ဦးကို တွေ့လိုက်ရာ ၀မ်းသာအားရမေးလိုက်သည်။
`ဟေ့လူ… ခင်ဗျား လေထီးခုန်ဖူးလားဗျ´
`ဟင့်အင်း… ခင်ဗျားရော ဂတ်စ်အိုးပေါက်တဲ့အတွေ့အကြုံရဖူးလားဗျ´
မှတ်ချက်။ ။ နိုင်ငံတကာ အားကစားဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ဟာဒယနှလုံး -တခဏပြုံး)**

No comments:
Post a Comment