ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 19, 2011

19 Jan,11// ဇန်န၀ါရီလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

>

** **ကမ္ဘာ့အနက်ရှိုင်းဆုံး သမုဒ္ဒရာချောက် လျှို့ဝှက်ချက် သုတေသီများ လေ့လာဖော်ထုတ် **
(လန်ဒန်၊ ဇန်န၀ါရီလ ၁၇ ရက်)
အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကမ္ဘာ့အနက်ရှိုင်းဆုံး ရေအောက်ကမ္ဘာဖြစ်သော မာရီယာနာချောက်၏ ရာသီဥတုဆိုင်ရာ လျှို့ဝှက်ချက်များကို သိပ္ပံပညာရှင်များက ဖော်ထုတ်ခဲ့ကြောင်း ဇန်န၀ါရီလ ၁၇ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ မာရီယာနာချောက်သည် ရေအောက်အနက်ပေ ၁၀ ဒသမ ၉ ကီလိုမီတာနက်သော ကမ္ဘာ့အနက်ရှိုင်းဆုံးရေအောက်ကမ္ဘာဖြစ်သည်။ (အင်တာနက်)

** ညူနည်းပညာများ ၀ယ်ယူရန် အီရန်ကြိုးပမ်းနေဆဲဟုဆို **
(အော့စလို၊ ဇန်န၀ါရီလ ၁၇ ရက်)
နိုင်ငံတကာ၏ တင်းကျပ်သောအရေးယူမှုများ ရှိနေသော်လည်း အီရန်နိုင်ငံသည် ၄င်း၏ အငြင်းပွားဖွယ် ညူကလီးယားအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် ကုမ္ပဏီပေါင်း ၃၅၀ ကျော်နှင့် ဆက်သွယ်၍ ညူကလီးယား နည်းပညာများ ၀ယ်ယူရန်ကြိုးပမ်းခဲ့ကြောင်း နော်ဝေနိုင်ငံထုတ် အက်ဖ်တန်ပို့တန်သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ (အင်တာနက်)

** အီရန်ညူစက်ရုံများလည်ပတ်မှုကို နှောင့်ယှက်သည့် ကွန်ပျူတာဗိုင်းရပ်စ်
အစ္စရေးစမ်းသပ်ခဲ့ **

(တီဟီရန်၊ ဇန်န၀ါရီလ ၁၇ ရက်)
အီရန်နိုင်ငံ၏ ညူကလီးယား အစီအစဉ်များလည်ပတ်မှု အရှိန်အဟုန်နှင့် ညူလက်နက်ထုတ်လုပ်ရေး စွမ်းဆောင်ရည်ကို ကြားဝင်နှောင့်ယှက်ခဲ့သည်ဟု ယုံကြည်ရသည့် ကွန်ပျူတာဗိုင်းရပ်စ်များကို အစ္စရေးနိုင်ငံက စမ်းသပ်ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဖော်ပြသည်။ (အင်တာနက်)

** မွေးကင်းစကလေး သတ်ဖြတ်စွန့်ပစ်မှု ပါကစ္စတန်နိုင်ငံ၌ မြင့်မားလာ **
(ကရာချိ၊ ဇန်န၀ါရီလ ၁၇ ရက်)
ပါကစ္စတန်နိုင်ငံ၌ မွေးကင်းစကလေးများကို သတ်ဖြတ်စွန့်ပစ်မှုနှုန်း ပိုမိုမြင့်တက်လာကြောင်း ပရဟိတအဖွဲ့အစည်းတစ်ရပ်၏ လေ့လာချက်ကို ကိုးကား၍ ယနေ့သတင်းများတွင် ဖော်ပြသည်။ ရှေးရိုးစွဲ ဘာသာရေးဝါဒီများကြီးစိုးရာ ပါကစ္စတန်နိုင်ငံတွင် လင်စုံမယားဖက် ထိမ်းမြားခြင်းမရှိဘဲ ကလေးမွေးဖွားမှုကို အပြင်းအထန်ရှုတ်ချလေ့ရှိသည်။ အစ္စလာမ္မစ်တရားဥပဒေအရ ကိုယ်ဝန်ဖျက်ချမှုသည် သေဒဏ်အထိချက်မှတ်နိုင်သည့် ရာဇ၀တ်မှုဖြစ်သည်။ သို့ရာတွင် ပါကစ္စတန်နိုင်ငံ၌ ကိုယ်ဝန်ဖျက်ချမှုနှင့် မွေးကင်းစကလေးများ သတ်ဖြတ်စွန့်ပစ်မှုဆိုင်ရာ ရာဇ၀တ်မှုများသည် ပိုမိုမြင့်တက်လာကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** မျိုးသုဉ်းပျောက်ကွယ်ခဲ့သော ရှေးခေတ်သတ္တ၀ါများကို ပြန်လည်အသက်သွင်းဖန်တီးရန် သုတေသနပညာရှင်များ ရည်ရွယ် **
(တိုကျို၊ ဇန်န၀ါရီလ ၁၇ ရက်)
မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီဖြစ်သော ရှေးခေတ်အမွေးထူဆင်ကြီးမျိုးကို ပုံတူမျိုးပွားနည်းပညာသုံး၍ လာမည့်ငါးနှစ်အတွင်း ပြန်လည်အသက်သွင်းဖန်တီးမည့် စီမံချက်တစ်ရပ်ကို ဂျပန်သုတေသနပညာရှင်များက ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၇ ရက်နေ့ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ (အင်တာနက်)

** အာခေါင်ကင်ဆာ ခွဲစိတ်ကုသမှုကို များစွာအထောက်အကူပြုသော စက်ရုပ်လက်များ **
(ဒက်ထရွိုက်၊ ဇန်န၀ါရီလ ၁၇ ရက်)
သမားရိုးကျ ခွဲစိတ်ကုသမှုဖြင့် အစားအသောက်ဝါးမျိုးနိုင်စွမ်းနှင့် စကားပြောဆိုနိုင်စွမ်းများ ဆုံးရှုံးနိုင်သည့် အာခေါင်ကင်ဆာရောဂါရှင်များအတွက် စက်ရုပ်ဖြင့် ခွဲစိတ်ကာသမှုက များစွာ အထောက်အကူပြုကြောင်း အမေရိကန်ပြည်ထောင်စု ဒက်ထရွိုက်မြို့ရှိ ဟင်နရီဖို့ဒ်ဆေးရုံမှ ဆရာဝန်များက ပြောကြားသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- ကြယ်စင်သာ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)