

**အေးစက်စူးရှတဲ့
ဆောင်းလေကြမ်းတို့ရဲ့
အညှာအတာကင်းမဲ့မှုကို အံတုရင်း
သူစိမ်းဆန်သော ဇန်န၀ါရီနေ့ရက်များထဲ
ငါ... မင်းကို သတိရနေမိတယ်...။
**တခါတရံ
နေ့မှန်း ညမှန်းမသိရတဲ့
အမှောင်ခန်းလေးထဲမှာ...
တခါတရံ
ကြိုးသမားတွေရဲ့
ချောက်ချားဘွယ်ရာ
အခန်းထဲမှာ...
အခုတော့ ရာဇ၀တ်သားတွေနဲ့ 
ရောပြွန်းနေတဲ့ အခန်းထဲမှာ
လေးဆယ့်ခုနှစ်နှစ်မြောက်မွေးနေ့ကို
မင်း ဘယ်လိုခံစားမှုမျိုးနဲ့
ကျော်ဖြတ်နေမှာလဲဆိုတာ
ငါ သိချင်လိုက်တာ...။
**ကုန်လွန်ခဲ့တဲ့...
ပြီးဆုံးခဲ့တဲ့...
ထောင်တွင်း တဆယ့်သုံးနှစ်ကို ကြံ့ကြံ့ခံရင်း
နောက်ထပ် ဖြတ်သန်းရမယ့်
တဆယ့်သုံးနှစ်တာကာလကို
ဘယ်လိုခံနိုင်ရည်တွေနဲ့
မင်း... ဖြတ်သန်းမယ်ဆိုတာ
ငါ... ကြေကြေကွဲကွဲနဲ့
တွေးနေမိသေးတယ်။
**သားတွေ အနားမှာမရှိဘဲ
ရောက်ရောက်လာတဲ့
(သားတွေရဲ့)
မွေးနေ့တွေကိုလည်း
ရင်ကွဲပက်လက် မျက်ရည်စက်နဲ့
အမေ ဖြတ်သန်းနေမှာ အသေအချာပါပဲ။
**ငါ့မှာတော့...
အဝေးမြေတနေရာကနေ
ကြေကွဲနေရင်း
အမေ့ရဲ့ သားတွေအပေါ်ထားတဲ့
ချစ်ချင်းမေတ္တာတရားမှာ ခိုနားနေမိတယ်။
**လေးဆယ့်ခုနှစ်နှစ်မြောက် မွေးနေ့မှာ
ညီတယောက်က
အကိုတယောက်ကို ချစ်မြတ်နိုးတဲ့တရား
ရဲဘော်တယောက်က
သူ့ရဲ့တိုက်ဖေါ်တိုက်ဖက်
သွေးသောက် တယောက်ကို ယုံကြည်လေးစားတဲ့တရား
ချစ်ချင်းမေတ္တာများနဲ့ နာကြားပါ။
**ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး...
ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး...
ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး...။
(မော်လမြိုင်ထောင်တွင်းမှ အကိုသို့ )
**ရဲရင့်သက်ဇွဲ**
__._,_.___
**အေးစက်စူးရှတဲ့
ဆောင်းလေကြမ်းတို့ရဲ့
အညှာအတာကင်းမဲ့မှုကို အံတုရင်း
သူစိမ်းဆန်သော ဇန်န၀ါရီနေ့ရက်များထဲ
ငါ... မင်းကို သတိရနေမိတယ်...။
**တခါတရံ
နေ့မှန်း ညမှန်းမသိရတဲ့
အမှောင်ခန်းလေးထဲမှာ...
တခါတရံ
ကြိုးသမားတွေရဲ့
ချောက်ချားဘွယ်ရာ
အခန်းထဲမှာ...
အခုတော့ ရာဇ၀တ်သားတွေနဲ့ 
ရောပြွန်းနေတဲ့ အခန်းထဲမှာ
လေးဆယ့်ခုနှစ်နှစ်မြောက်မွေးနေ့ကို
မင်း ဘယ်လိုခံစားမှုမျိုးနဲ့
ကျော်ဖြတ်နေမှာလဲဆိုတာ
ငါ သိချင်လိုက်တာ...။
**ကုန်လွန်ခဲ့တဲ့...
ပြီးဆုံးခဲ့တဲ့...
ထောင်တွင်း တဆယ့်သုံးနှစ်ကို ကြံ့ကြံ့ခံရင်း
နောက်ထပ် ဖြတ်သန်းရမယ့်
တဆယ့်သုံးနှစ်တာကာလကို
ဘယ်လိုခံနိုင်ရည်တွေနဲ့
မင်း... ဖြတ်သန်းမယ်ဆိုတာ
ငါ... ကြေကြေကွဲကွဲနဲ့
တွေးနေမိသေးတယ်။
**သားတွေ အနားမှာမရှိဘဲ
ရောက်ရောက်လာတဲ့
(သားတွေရဲ့)
မွေးနေ့တွေကိုလည်း
ရင်ကွဲပက်လက် မျက်ရည်စက်နဲ့
အမေ ဖြတ်သန်းနေမှာ အသေအချာပါပဲ။
**ငါ့မှာတော့...
အဝေးမြေတနေရာကနေ
ကြေကွဲနေရင်း
အမေ့ရဲ့ သားတွေအပေါ်ထားတဲ့
ချစ်ချင်းမေတ္တာတရားမှာ ခိုနားနေမိတယ်။
**လေးဆယ့်ခုနှစ်နှစ်မြောက် မွေးနေ့မှာ
ညီတယောက်က
အကိုတယောက်ကို ချစ်မြတ်နိုးတဲ့တရား
ရဲဘော်တယောက်က
သူ့ရဲ့တိုက်ဖေါ်တိုက်ဖက်
သွေးသောက် တယောက်ကို ယုံကြည်လေးစားတဲ့တရား
ချစ်ချင်းမေတ္တာများနဲ့ နာကြားပါ။
**ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး...
ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး...
ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး...။
(မော်လမြိုင်ထောင်တွင်းမှ အကိုသို့ )
**ရဲရင့်သက်ဇွဲ**
__._,_.___
No comments:
Post a Comment