ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 19, 2011

Anti-Conscription Manifesto ( စစ်မှုမထမ်းမနေရ ဥပဒေ ဆန့်ကျင်ရေး ကြေညာစာတန်း )

>

ကမ္ဘာ့သမိုင်းမှာ စစ်မှုမထမ်းမနေရဥပဒေ/conscription ကို ဆန့်ကျင်တဲ့ကြေညာစာတန်းနှစ်စောင်ထုတ်ဖူးတယ်.......

တစ်စောင်က ၁၉၂၆က ထုတ်တာပါ Anti-Conscription Manifesto 1926 လို့လူသိများတယ် . . . ဒီကြေညာစာတန်းကို အိုင်စတိုင်း၊ ဘာထရန်ရပ်ဆဲလ်၊ ဂန္ဒီ၊ ရာဘင်ဒြာနတ်တဂိုး၊ ပြင်သစ်စာရေးဆရာဟင်နရီဘာဘူဆေး၊ အိတ်ဂျီဝဲလ်၊ အင်္ဂလိပ်ကဗျာဆရာ အက်ဒွပ်ကာပင်တာ စတဲ့ ထိပ်သီးပုဂ္ဂိုလ်ကြီးတွေလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ . . .

နောက်တစ်စောင်ကိုတော့ ၁၉၃၀ မှာထုတ်ပြန်ခဲ့တယ်. . . ဒီတစ်ခါတော့

Against Conscription and the Military Training of Youth 1930 ဆိုပြီးထုတ်ပြန်တာပါ . . . ဒီတစ်ခါတော့ ဘာထရန်ရပ်ဆဲလ်၊ အိတ်ဂျီဝဲလ်၊ ရာဘင်ဒြာနတ်တဂိုး၊ အပ်တန်ဆင်ကလဲယား၊ ဒသနဆရာဂျွန်ဒီဝေး၊ ဆစ်ဂမန်ဖရိုက်၊ သောမတ်စ်မန်းစတဲ့ ပုဂ္ဂိုလ်ကြီးတွေပါဝင်လက်မှတ်ထိုးခဲ့ကြ ပါတယ်။

ဒီကြေညာချက်နှစ်စောင်ကို အခြေခံပြီး Gandhi Information Center ကနေ Manifesto Against Conscription and the Military System ဆိုတာကိုထပ်မံထုတ်ပြန်ထားတာရှိပါတယ် . . .

ဒီထဲက စစ်၊ စစ်မှုထမ်းစနစ်နဲ့ပတ်သတ်ပြီး အတော်လေးအလင်းပွင့်စေနိုင်တဲ့ ရေးသားချက်လေးတွေကို တွေ့လိုက်ရတယ်။ တစ်ချို့ကိုထုတ်နှုတ်ပြချင်တယ်။

- စစ်မှုမထမ်းမနေရဥပဒေဆိုတာ လွတ်လပ်မှုကိုဖျက်ဆီးပစ်တာ လူ့ကိုယ်ရည်ကိုယ်သွေးကို သိက္ခာချပစ်လိုက်တာပဲ။ စစ်တန်းလျားထဲကဘ၀၊ စစ်ရေးလေ့ကျင့်ခန်း၊ တရားမဲ့ ရူးမိုက်တဲ့ အမိန့်တွေကို မျက်စိမှိတ်လိုက်နာရမှု၊ လူသတ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိလေ့ကျင့်နေရမှုတွေဟာ တစ်သီးပုဂ္ဂလလူသား၊ ဒီမိုကရေစီနဲ့ လူသားဘ၀တွေကို လုံးဝအလေးမထားတာ၊ မစဉ်းစားတာပါပဲ။

- လူသားတွေကို သူတို့ဆန္ဒမပါဘဲ၊ ယုံကြည်ချက်မရှိဘဲ အတင်းအကျပ် သေခိုင်းသတ်ခိုင်းတာဟာ လူ့ရဲ့ဂုဏ်သိက္ခာကို အဆင့်ချပစ်လိုက်တာပါ။

- နိုင်ငံတော်/State အနေနဲ့ သူ့မှာ သူ့နိုင်ငံသားတွေကို အတင်းအကျပ်စစ်တိုက်ခိုင်းနိုင်ခွင့်ရှိတယ်လို့ ထင်နေရင်တော့ ဒါဟာငြိမ်းချမ်း တဲ့ ဘ၀တွေရဲ့ပျော်ရွှင်မှုနဲ့တန်ဖိုးကို လုံးဝလေးစားမှုမရှိတာပါပဲ . . .

- နောက်ပြီး စစ်မှုထမ်းဥပဒေဆိုတာ စိတ်ကိုပုံသွင်းရလွယ်တဲ့အရွယ်မှာ ပုရိသအမျိုးသားထုကြီးတစ်ရပ်လုံးကို ရန်လိုတဲ့စစ်သွေးကြွစိတ် သွင်းပေးလိုက်တာပါပဲ

( မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေပါပါမယ်လို့ဆိုတယ်)

- စစ်ပွဲအတွက်လေ့ကျင့်ပေးတာဟာ လူတွေကို စစ်ပွဲဆိုတာ ရှောင်လွှဲလို့မရဘူး လို့မြင်လာအောင် လုပ်ပေး လိုက်တာဖြစ်သလို စစ်အပေါ် ဆန္ဒတိမ်းညွတ်မှုတွေကိုတောင်ဖြစ် လာစေပါတယ်။

- စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတာဟာ တစ်သီးပုဂ္ဂလ ကိုယ်ရည်ကိုယ်သွေး တွေကို စစ်ဝါဒအောက် အတင်းအကြပ် သွတ်သွင်း လိုက်တာလည်းဖြစ်တယ်

- နောက်ပြီး ဒါဟာလူကိုကျွန်ပြုတဲ့ပုံစံတစ်မျိုးလည်းဖြစ်တယ်။

- စစ်ရေးလေ့ကျင့်သင်ကြားပေးတာဟာ လူသတ်တဲ့ပညာကို စိတ်ရောကိုယ်ပါ သင်ကြားပို့ချပေးတာပဲ။ စစ်ရေးလေ့ကျင့်သင်ကြားပေးတာဟာ စစ်ပညာသင်ပေးတာပဲ။ စစ်သွေးကြွစိတ်ကို အမြဲရှင်သန်နေအောင်လုပ်ပေးတာပဲ။ ငြိမ်းချမ်းလိုစိတ်ဖြစ်ထွန်းလာမှုကို ဟန့်တားလိုက်တာပဲ . . .

- ကျွန်ုပ်တို့အနေနဲ့ လူတွေကို ဒီစစ်ကျွန်ပြုစနစ်ကနေလွတ်အောင်ရုန်းဖို့ တိုက်တွန်းအားပေးတယ်။ ဒါကြောင့်လွတ်အောင်ရုန်းမယ်ဆိုရင် ဂန္ဒီတို့၊ မာတင်လူသာတို့ရဲ့ အကြမ်းမဖက်အာဏာဖီဆန်တဲ့လမ်းစဉ်ကို သုံးဖို့ ကျွန်ုပ်တို့ တိုက်တွန်းလိုတယ်. . .

ဲ့- ဒီခေတ်ဟာ ကျွန်ုပ်တို့စိတ်တွေ၊ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွေကို စစ်ရိပ်စစ်ငွေ့တွေဖယ်ရှားအောင်လုပ်ရမယ့် အချိန်ကာလအခါသမယကြီးပဲ၊ စစ်နဲ့ စစ်အတွက်ပြင်ဆင်မှုတွေကိုရဲရဲရင့်ရင့် ဆန့်ကျင်ရမယ့် အခါသမယကြီးပဲ။

# ကြေညာစာတန်း အပြည့်အစုံမဟုတ်ပါ။ ထုတ်နုတ်ဘာသာပြန်ထားတာပါ။ မူရင်းကတော့ Manifesto Against Conscription and the Military System ဆိုတာပါ။ ကျွန်တော့်အာဘော်တွေမဟုတ်ပါဘူး။

# ကျွန်တော်ကတော့ (တကယ်လို့ စစ်မှုထမ်းဥပဒေသာအတည်ဖြစ်မယ်ဆိုရင်) ကိုယ့်အခွင့်အရေးကိုယ်ပိုင်တဲ့နိုင်ငံသားတွေအနေနဲ့ ဒီကြေညာစာတန်းကို ရဲရဲရင့်ရင့် ကိုင်စွဲထားသင့်တယ်လို့မြင်ပါကြောင်း . . . .။

**မောင်ယဲ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)