နှစ်ဟောင်းတစ်ခုကုန်ဆုံးပြီး နှစ်သစ်တစ်ခုကို ကူးပြောင်းတော့မယ့်အချိန်မှာ သင့်ကိုယ်သင်ရော ဘာတွေပြင်ဆင်သင့်ပြီလို့ထင်လဲ။ နှစ်သစ်မှာ သင့်ကိုယ်သင် စိတ်သစ်လူသစ်နဲ့ ပြင်ဆင်ရအောင်
ဒါလေးတွေ ဖတ်ကြည့်ပါဦး.....
- တစ်နှစ်တာအတွင်း မလိုအပ်ဘဲ ဘယ်အခါမှာ အချိန်တွေဖြုန်းခဲ့မိသလဲ ဆိုတာ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ပါ။ တကယ်ကုန်သင့်လို့ ကုန်ခဲ့တာလား မလိုအပ်ဘဲ အချိန်ဖြုန်းခဲ့သလို ဖြစ်ခဲ့သလားဆိုတာသိရင် ရှေ့နှစ်မှာ ဒီလိုမဖြစ်ဖို့ ရှောင်ကြဉ်ရုံပေါ့။
- ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေထဲက အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ခဲ့တာတွေကိုရွေးထုတ်ပါ၊ အဲဒီတုန်းက သင်ဘာကြောင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာလဲ၊ အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့သလဲ ဆိုတာ ပြန်သုံးသပ်ပါ။ ဒါဟာ ရှေ့လုပ်ဆောင်ရမယ့် အရာတွေအတွက် အင်အားဖြစ်စေပါတယ်။
- လာမယ့်နှစ်မှာ ဖြစ်မြောက်အောင်မြင်အောင် လုပ်မယ့်အရာတွေကို စာနဲ့ချရေးထားပါ။ ကိုယ်လုပ်ချင်တာတွေသာမဟုတ်ဘဲ အဲဒီလုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ဖို့ ဘယ်လိုနည်းလမ်းတွေသုံးသင့်တယ်၊ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့လာနိုင်တယ်ဆိုတာကိုပါ ချရေးပါ။
- ကိုယ့်ဝန်းကျင်က တခြားသူတွေရဲ့ အောင်မြင်မှုကို အားကျအတုယူသလို ကျုဆုံးသူတွေကိုလည်း သင်ခန်းစာယူပြီး ကိုယ့်အလှည့်မှာ အကောင်းဆုံးဖြစ်ပါစေ။
သူငယ်ချင်းတွေအားလုံး နှစ်သစ်မှာ
စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကြပါစေ...........
**ဦးဦးမှော်ဆရာ**

No comments:
Post a Comment