တစ်ညနေတွင် အရက်သမားတစ်ယောက်သည် ဘားဆိုင်တစ်ဆိုင်၌ အရက်ထိုင်သောက်နေ၏။ သူ့ဘေးစားပွဲရှိ လူတစ်ယောက် ၀ီစကီသောက်ပုံကိုကြည့်ပြီး သူစိတ်လေသွားသည်။ သူ့ဘေးစားပွဲကလူသည် စားပွဲထိုးလာချပေးသည့် ၀ီစကီတစ်လုံးကို တစ်ကျိုက်တည်း မော့သောက် ပစ်လိုက်သည်။ ထိုသူမနေနိုင်တော့ပဲ ထိုလူ့ကို ပြောရတော့သည်။
“မိတ်ဆွေ ဒီလောက်ကောင်းတဲ့ ၀ီစကီကို ဒီလိုသောက်ဖြစ်တာ သိပ်နည်းလမ်းမကျဘူးဗျာ”
ထိုသူကလည်းပြောသည်။
“ကျွန်တော်သိပါတယ်ဗျာ။ မတော်တဆဖြစ်ခဲ့လို့ ဒီလိုသောက်မှ ဖြစ်တော့မှာမို့...အခုလို သောက် ရတာပါ။”
“ဘယ်လို မတော်တဆ ဖြစ်ခဲ့တာလဲဗျာ”
“မနိပ်ပါဘူးဗျာ။ ကျွန်တော် တံတောင်ဆစ်နဲ့ လုံးဝ မသောက်ရသေးတဲ့ အရက်ပုလင်းကို တိုက်မိခဲ့တာ၊ ကျကွဲသွားတယ်လေ”
**Binary Ster**
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment