**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
ဘော်လ်တန်အသင်းမှ ဒီအော့ဖ်တစ်ယောက် မိုင်ယာမိကမ်းခြေသို့ အပေန်းဖြေခရီးရောက်ရှိနေသည်။ ကမ်းခြေတွင် ရေကူးလိုသော်လည်း မိချောင်းများရှိမည်စိုးရိမ်စိတ်ဖြင့် မကူးရဲဘဲဖြစ်နေသည်။ သို့နှင့် အနီးရှိလူတစ်ဦးကို သေချာအောင်မေးလိုက်သည်။
`ဒီမှာဗျ… ဒီနားပတ်ဝန်းကျင်မှာ မိချောင်းတွေများရှိလားမသိဘူး´
`ဟင့်အင်း… မိချောင်းတွေဒီမှာ မရှိတော့တာကြာပြီဗျ´
သို့ဖြစ်ရာ စိတ်ချသွားပြီးရေထဲသို့ ဒီအော့ဖ်ဆင်းသွားသည်။
`ဒါနဲ့ စကားမစပ် ဒီမိချောင်းတွေကို ခင်ဗျားတို့ ဘယ်လိုရှင်းလိုက်တာလဲ´
`ကျနော်ရှင်းလိုက်တာမဟုတ်ပါဘူး။ ငါးမန်းတွေရှင်းလိုက်တာပါ´။
မှတ်ချက်။ ။ နိုင်ငံတကာအားကစားဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

No comments:
Post a Comment