သခွပ်ပင်က မီးတကျည်ကျည်ထတောက်နေတဲ့ ကိစ္စကို မသက်မသာ ဥပေက္ခာပြုထားတာ ကြာပါပြီ။ နှစ်သစ်မှာ အဲလို မင်္ဂလာမရှိတာတွေ အင်တာနက်မှာ တက်တက်လာလို့ ချုပ်သွားလို သွားငြား အဲဒီအစွန်းရောက်သမားတွေ အိပ်ပျော်နေတာကို ပုတ်နှိုးပေးလိုက်တဲ့ သဘောပါပဲ။
ပဒေသရာဇ်ခေတ်က တကယ်လို့ ရခိုင်ကသာ အင်အားကြီးခဲ့ရင် အခုခေတ်မှာ မြန်မာတွေ၊ မွန်တွေ၊ ရှမ်း၊ ချင်း၊ ကချင်တွေဟာ ရခိုင်နိုင်ငံရဲ့ အစိပ်အပိုင်းတစ်ခုပဲ ဖြစ်နေဖို့ များပါတယ်။ ဒါ ပဒေသရာဇ်ခေတ် နိုင်ငံတည်ထောင်မှုစနစ်ရဲ့ အကျိုးဆက်တွေပါ။
ခုအချိန်ရောက်မှ တစ်ကပြန်စဆိုရင် ကမ္ဘာ့နိုင်ငံအများစုမှာ စစ်မီးဟုန်းဟုန်းတောက်ဖို့ပဲ ရှိပါတယ်။ ဥပမာ၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန် ကစလို့ ဘယ်နိုင်ငံမဆို ပြဿနာတွေ အသီးအသီး ရှိကြပါတယ်။ ဟိုခေတ်က မြို့ပြနိုင်ငံခေတ်ပါ။
အခု မြန်မာတိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အမြင့်ဆုံး ဖြစ်နိုင်ချေရှိတဲ့ မျှတတဲ့ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံပါ။ ဒါကို ဦးတည်ကြိုးစားနေကြချိန်မှာ ရခိုင်အမျိုးသားအစွန်းရောက်အစုလေးက မကြာခဏဆိုသလို အင်တာနက်မှာ အမျိုးသား အကျိုးစီးပွားအတွက် ဆုတ်ယုတ်စေမဲ့ အခဲမကြေတဲ့စာတွေ၊ လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ကြီးဆီသို့ စတဲ့ ပုန်ကန်တော်လှန်ဖို့ ဆော်သြစာတွေတင်နေတာဟာ ခုခေတ်စကားနဲ့ပြောရရင် အင်မတန် ကျဉ်းမြောင်းတဲ့ စိတ်ကူးယဉ်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
အခု ကျနော် မှတ်ချက် ၂ ခုနဲ့ ဒီစာကို နိဂုံးချုပ်ပါမယ်။
၁။ တကယ်လို့ ဒီအမြင်ကို မပြင်ဘူးဆိုရင် ခင်ဗျားတို့တစ်သက်မဟုတ်ပါဘူး၊ ဘယ်နှစ်ရာစုပဲ ပြောင်းပြောင်း ခင်ဗျားတို့ဟာ ကျွန်ပဲ ဖြစ်နေမယ်ဆိုတာ အနီးစပ်ဆုံး အမှန်တရားဖြစ်တယ် ဆိုတာပါပဲ။ (“စိတ်သာရှင်စော ဘုရားဟော” တဲ့၊ ခင်ဗျားတို့စိတ်က ကျွန်လို့ ခံယူထားရင် ကျွန်ပဲ ဖြစ်နေမယ်လို့ ပြောတာ)။
၂။ တကယ်လို့သာ ရခိုင်ဟာ မြန်မာရဲ့ အစိပ်အပိုင်းမဖြစ်ခဲ့ရင် အီစွပ် မာမွတ် တိုင်းပြည်ရဲ့ အစိပ်အပိုင်းဖြစ်ပြီး ရခိုင် ဘုရားပုထိုးတွေဟာလဲ ဘင်လာဒင်လို လူတွေရဲ့လက်ချက်နဲ့ အုတ်ကျိုးအုတ်ပဲ့တောင် ရှာမရလောက်အောင် ဖြစ်သွားလောက်ပြီဆိုတာကိုသာ ထည့်စဉ်းစားတတ်ရင် “မြန်မာတွေနဲ့ ဒိုးတူဘောင်ဖက် အတူနေရတာ ကုသိုလ်ကြီးပါပေ့” လို့ ပီတိဖြစ်သင့်တယ်ဆိုတာပါပဲ။ (ဟို တချိန်က ကမ္ဘာကျော် ဘုရားပုထိုးတွေနဲ့ ဗုဒ္ဓဘာသာကြီးစိုးခဲ့တဲ့ အာဖဂန်နစ်စတန်မှာ အခုဆို ဗုဒ္ဓဘာသာဝင်ဆိုတာ ဘုရားချေးထက် ရှာရခက်သွားပြီဆိုတာကို သတိချပ်ပါ)။
မြန်မာတိုင်းရင်းသားအချင်းချင်း ညီရင်းအစ်ကို မောင်ရင်းနှစ်မ စိတ်ဓာတ်များ မွေးမြူနိုင်ပါစေ၊
ဖွံ့ဖြိုးတိုးတက်ကြပါစေ၊ ကိုယ်ကိုယ်နှိုက်က လွတ်လပ်တဲ့စိတ်၊ မေတ္တာစိတ် မွေးမြူနိုင်ကြပါစေ၊
**ညွန့်ရွှေ **
ဇန္န၀ါရီ ၁ ရက် ၂၀၁၁
ခေတ္တ၊ တိုကျို၊ ဂျပန်

1 comment:
ညွန့်ရွှေ ရေ လူတိုင်းဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်ရှိသလို လူမျိုးတိုင်းမှာ ကိုယ့်လူမျိုးရဲ့  ကြမ္မာကို ဖန်တီးခွင့်ရှိတယ် ရခိုင်လူမျိုးတွေ ဆုံးဖြတ်ရမယ့် ကိစ္စ ဟာ ညွန့် ရွှေ နှင့် မဆိုင်ပါဘူး ရခိုင်လူမျိုးတွေရဲ့  ကိစ္စပါ ကိုယ့် အခွင့်အရေး ကိုယ်တိုက်တာ တောင်းတာ ပြောတာ ကျဉ်းမြောင်းတယ် တဲ့လား သူများကို လက်နိုင် အားကိုး မတရားလုပ်တာသာ ယုတ်မာရိုင်းစိုင်းမှု ဖြစ်တယ် တိရစ္ဆာန် ၀ါဒ ဖြစ်တယ်
Post a Comment