ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 20, 2011

တွဲရေး၊ ခွဲရေး

> **British Burma Flag-1937**

၁၉၃၀ခု ပတ်ဝန်းကျင်နှစ်များက အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ အိန္ဒိယနဲ့ တွဲဖို့ ၊ ခွဲဖို့  အရေးထိပ်တန်းရောက်ခဲ့တယ်။ နောက်ဆုံးမှာ တွဲရေးက အနိုင်ရခဲ့လို့  အိန္ဒိယနဲ့ တွဲနေခဲ့ရတာ ဒုတိယကမ္ဘာစစ်အစ ဂျပန်ဝင်လာတဲ့ အချိန်ထိဖြစ်တယ်။အင်္ဂလိပ်အဆုတ်၊ဂျပန်အ၀င်ခေတ်မှာ လည်း ကရင်-ဗမာလူမျိုးရေး အဓိကရုဏ်း ဧရာဝတီဖက်မှာ ပေါ်ထွက်ခဲ့တယ်။ ရှေးပဝေသဏီ ကာလကတည်းက လယ်ယာလုပ်ပြီးရိုးသားစွာ နေထိုင်စားသောက်ကြတဲ့ ကရင်လူမျိုး၊ ဗမာ လူမျိုးတွေ အတိဒုက္ခရောက်ရတယ်။ နယ်ချဲ့ ခေတ်ရဲ့  ကျွန်စံနစ်အောက်မှာ ရှမ်းပြည်နယ်ကို ပြည်မကပြည်သူတွေ သွားရောက်ခွင့်တားမြစ်ခံရသလို၊ တောင်တန်းဒေသတွေမှ ပြည်သူတွေ ဟာလည်း ပြည်မနိုင်ငံရေး၊ ဗမာလူမျိုးများနဲ့  ထိစပ်ရေးတို့ အခွင့်မရခဲ့ပါ။ ဒါဟာ နယ်ချဲ့ စံနစ် ကြီးစိုးခံရတဲ့ တိုင်းပြည်တိုင်း ကြုံတွေ့ လေ့ရှိတဲ့ သွေးခွဲအုပ်ချုပ်ရေးပဲဖြစ်တယ်။အိန္ဒိယဆိုလည်း ဇာတ်နိမ့်၊ဇာတ်မြင့်တို့ ဟိန္ဒူ၊မူဆလင်တို့ အစရှိသလိုသွေးခွဲအုပ်ချုပ်ခံရတယ်။နောက်ဆုံးတော့ အိန္ဒိယ၊ပါကစ္စတန်ဆိုပြီးကွဲသွားရတဲ့အထိဖြစ်စေခဲ့တယ်။
ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံဟာ စစ်သုံးကြိမ် တိုက်ပွဲဝင်ခဲ့ရင်း နယ်ချဲ့ ကိုလိုနီလက်အောက်
ကျရောက်ခဲ့ရတယ်။ အဲ့ဒီခေတ်၊ အဲ့ဒီစစ်တွေတိုင်းမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်တိုက်ပွဲဝင်ခဲ့ တာဖြစ်တယ်။ ပဒေသရာဇ်ခေတ်တွေကို ပြန်ကြည့်ရင်လည်း ဥဿ (ပဲခူး) ကို ဂျွန်း(ခေမာရ်) စစ်သည်တွေကျူးကျော်ဝင်လာတော့ ပုဂံဘုရင် အနော်ရထာ က စစ်ကူပေးခဲ့တယ်။ မွန်-ဗမာ နှစ်လေးဆယ်စစ်ကာလအတွင်းမှာလည်း နန်ချောင်(တရုတ်)စစ်သည်တွေအင်းဝကိုကျူးကျော် လာတော့ ဗမာဘုရင်မင်းခေါင်ဆီမှာ အကျဉ်းကျခံနေရတဲ့ မွန်သူရဲကောင်း သမိန်ဗရမ်း ဟာ တရုတ်သူရဲကောင်း ဂါမဏိ နဲ့ စီးချင်းထိုးပြီး အနိုင်ယူကာ တိုင်းတပါးကျူးကျော်မှုကို ကာကွယ် ပေးခဲ့တယ်။ ဟံသာဝတီဘုရင် တပင်ရွှေထီး လက်ထက်မှာ ဓည၀တီ ရခိုင်အရေးပေါ်ထွက်ခဲ့ တယ်။

ရခိုင်ဘုရင်ကွယ်လွန်တော့ သားဖြစ်သူက ဘုရင်ဖြစ်ကာ ရခိုင်ဘုရင်ညီ (သံတွဲစား) နဲ့  နန်းလုကြတယ်။ သံတွဲစားက ဟံသာဝတီဘုရင်တပင်ရွှေထီးထံ ၀င်ရောက် အကူအညီတောင်း လို့  ဓည၀တီကို စစ်ချီခဲ့တယ်။ ရဟန်းသံဃာတော်တွေက တပင်ရွှေထီးနဲ့ တွေ့ ပြီး ရခိုင်အစဉ် အလာမှာ ဖခင်အရိုက်အရာကို သားဖြစ်သူကသာ ဆက်ခံခွင့်ရှိ ကြောင်း ရှင်းပြ ပြောဆို လို့  စစ်မက်ပြေငြိမ်းခဲ့ရကြောင်းသမိုင်းစာအုပ်တွေမှာ ဖတ်ရှုမိတယ်။ တချို့ သမိုင်းတွေကို အတုယူ သင့်သလို၊ သင်ခန်းစာလည်း ထုတ်နှုတ်ကာ အသုံးချတတ်ဖို့  လိုကြောင်း ယူဆမိပါတယ်။

နယ်ချဲ့ စံနစ်နဲ့ ဖက်ဆစ်စံနစ်ကို တိုက်ကာ လွတ်လပ်ရေးရအောင် ကြိုးပမ်းရာတွင်လည်း တိုင်းရင်းသား သွေးစည်းညီညွတ်မှုနဲ့ ပဲတည်ဆောက်ခဲ့တာဖြစ်တယ်။ ဒါပေမယ့်ပြည်ထောင်စု မြန်မာနိုင်ငံဟာ လွတ်လပ်ရေးနဲ့  အတူ ဖွါးဖက်တော်အဖြစ် ပေါ်ထွက်လာတာက ပြည်တွင်းစစ် ဖြစ်ပါတယ်။ ဒီကနေ့ အထိ အဆုံးမသတ်နိုင်သေးပါဘူး။ စစ်ရှိရင် စစ်ဘောင်ဟာ ကျယ်ပြော လာသလို၊ လောကပါလတရားတွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ညီမျှမှုတို့ ဟာလည်း ပျောက်ကွယ်နေမှာဖြစ်ပါတယ်။ ဒီကနေ့  ကျနော်တို့  ပြည်သူတရပ်လုံး စစ်ကျွန်စံနစ်အောက် မှာ ကြီးပြင်းကာ (၂၁) ရာစုထဲ အထိ ၀င်ရောက်လာပြီဖြစ်တယ်။ ဒီစစ်ကျွန်စံနစ်ကိုလည်း တိုင်းရင်းသား ပြည်သူတရပ်လုံး ကျောချင်းကပ်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရအုံးမှာ ဖြစ်တယ်။ ပြည်ထောင်စုစစ်စစ်ဆိုတာ စစ်ကျွန်စံနစ်အောက်မှာ မရှင်သန်နိုင်ပါ။ စစ်ကျွန်စံနစ် နိဂုံးချုပ်မှသာ ပြည်ထောင်စုစစ်စစ် ဆိုတာ ပေါ်ထွက်မှာဖြစ်တယ်။ ပြည်ထောင်စု ဆိုတာကို လည်းမီးလိုကျင့်ကြံမှုမျိုးနဲ့ မဟုတ်ပဲရေလိုကျင့်ကြံမှု နဲ့ အဖြေရှာနိုင်မှသာ ထာဝရ ငြိမ်းချမ်းရေး ကို ရနိုင်မယ်လို့  မျှော်တွေးရင်း ကဗျာတပုဒ် ဖော်ကျူးမိတယ်။

**ပင်လယ်ရဲ့  ဖြစ်တည်မှု**

• ရေဟာ ကြည်လင်အေးမြ
မီးလို ပူလောင်မှုမရှိပါ။
• ရေဖြစ်ရင်တောင်
ကန်ထဲကရေထက်
မြစ်ထဲကရေ ဖြစ်ချင်တယ်။
• ကန့် သတ်ဘောင်ခတ်
လှောင်ပိတ်တာကင်းမဲ့
လွတ်လပ်ခြင်းနဲ့ တသွင်သွင်စီးဆင်းမယ်။
• တောတောင်မြေပြန့် 
နေရာအနှံ့ က
ပထ၀ီအနေအထား
မတူကွဲပြားလည်း
မြစ်ရေတွေဟာ
တနေရာမှာပေါင်းစုံတယ်။
• သဘာဝအလှနဲ့ 
ပသာဒကျတဲ့
ဒီမြစ်ရေတွေ
လေနုအေးအေး
လှိုင်းတေးချိုချိုနဲ့ 
အမြင်ကျယ်
ရင်ခွင်ကျယ်တဲ့
ပင်လယ်ထဲမှာဖြစ်တည်တယ်။

• သေချာတာက
ရေမရှိရင်
မြစ်မဖြစ်
မြစ်မရှိရင်
ပင်လယ်လည်း ရှိမှာ မဟုတ်ပါ။ ။

**ဧရာ**
၁၉၊၁၊၂၀၁၁

(ကျမ်းကိုး)
မှန်နန်းမဟာရာဇ၀င်တော်ကြီး-ဒုတိယတွဲ၊ သတ္တမကြိမ်၊ ၂၀၀၃ခုနှစ်

( Lin Aung)

**British Burma Flag-1937**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)