အမေရိကန် အင်္ဂလိပ်နှင့် ဂျပန်ဆူမို နပန်းသမား ၃ ယောက် မိမိကိုယ်ကို သတ်သေရန် အထပ်မြင့်တိုက်တစ်ခု၏ ခေါင်မိုးပေါ်သို့ရောက်နေကြသည်။
အမေရိကန်က…
`အမေရိကန်ကိုဘုရားသခင်ကယ်တင် နိုင်ပါစေ´ဟု အော်ရင်း ခေါင်မိုးပေါ်မှ ခုန်ဆင်းသွားသည်။
အင်္ဂလိပ်လူမျိုးကလည်း အားကျမခံ `ဘုရင်မကြီးကို ဘုရားသခင်ကယ်တင်နိုင်ပါစေ´ဟုအော်ရင်း တိုက်ပေါ်မှ ခုန်ချလိုက်သည်။
ဂျပန်ဆူမိုနပန်းသမားကလည်း ရှေ့လူများနည်းတူအော်ဟစ်ရင်း ခုန်ချလိုက်သည်။ `ကျနော်ပြုတ်ကျမယ့်နေရာက လူကို ဘုရားသခင် ကယ်တင်နိုင်ပါစေ´ဟူ၏။
မှတ်ချက်။ ။ နိုင်ငံတကာအားကစားဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ဟာဒယနှလုံး -တခဏပြုံး)**

No comments:
Post a Comment