** ကမ္ဘာ့ပထမဆုံး စက်ရုပ်မာရသွန်ပြိုင်ပွဲ ဂျပန်နိုင်ငံ၌ ကျင်းပ **(တိုကျို၊ ဖေဖော်ဝါရီလ ၂၄ ရက်)
ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့၌ စက်ရုပ်မာရသွန်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့တွင် ကျင်းပလျက်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ရုံတွင်းပြေးလမ်းတစ်ခု၌ ကျင်းပသော ယင်းပြိုင်ပွဲ၌ ခြေထောက်နှစ်ချောင်းပါရှိသော စက်ရုပ်များပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)

** အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကိုင်သည့် ကုမ္ပဏီမှ အမျိုးသမီး ၁၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်တင် **
(ဗန်ကောက်၊ ဖေဖော်ဝါရီလ ၂၄ ရက်)
တရားဥပဒေနှင့် ဆန့်ကျင်၍ လူသားဆန်ခြင်းလည်းမရှိသည့် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းလုပ်ကိုင်သော ဒုစရိုက်ဂိုဏ်း၏လက်မှ ဗီယက်နမ်အမျိုးသမီး ၁၄ ဦးကို ထိုင်းနိုင်ငံ၌ ကယ်ဆင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ကြာသတေးနေ့တွင် ပြောကြားသည်။ ဘေဘီ ၁၀၁ ဟူသော အမည်ရှိ အငှားကိုယ်ဝန်ဆောင်လုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီသည် ကြားအဆက်အသွယ်များထံမှလည်းကောင်း၊ အီလက်ထရွန်နစ်ချောစာများမှ သော်လည်းကောင်း သားသမီးမရှိသည့် ဇနီးမောင်နှံများထံမှ ကလေးအမှာစာများ လက်ခံရရှိထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ရုရှားက ဒေါ်လာဘီလီယံ ၆၅၀ ဖိုး စစ်လက်နက်များဝယ်ယူမည်ဟုဆို **
(မော်စကို၊ ဖေဖော်ဝါရီလ ၂၄ ရက်)
ရုရှားနိုင်ငံက ၄င်း၏ ခေတ်နောက်ကျကျန်ရစ်နေသော တပ်မတော်ကို ခေတ်မီစစ်လက်နက်ပစ္စည်းများတပ်ဆင်ပေးရန်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၅၀ အသုံးပြုမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် စစ်လေယာဉ်အသစ်အစင်း ၆၀၀၊ စစ်သင်္ဘောအစင်း ၁၀၀ နှင့် ရဟတ်ယာဉ် ၁၀၀၀ ၀ယ်ယူအင်အားဖြည့်တင်းမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ အေပီသတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြသည်။ (အင်တာနက်)
** ဒိုမီနီကန်တွင် ဟေတီလူကုန်ကူးဂိုဏ်းကို ဖြိုခွင်း **
(စန်တိုဒိုမင်ဂို၊ ဖေဖော်ဝါရီလ ၂၄ ရက်)
တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ဟေတီနိုင်ငံသား ဒါဇင်ပေါင်းများစွာအား မြို့တော်၏ လမ်းဆုံလမ်းထောင့်များ၌ တောင်းရမ်းသူများအဖြစ် စေခိုင်း၍ ကိုယ်ကျိုးရှာအမြတ်ထုတ်နေသော လူကုန်ကူးဂိုဏ်းအဖွဲ့ကို ဖြိုခွင်းလိုက်နိုင်ကြောင်း ဒိုမီနီကန်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ကြေညာသည်။ (အင်တာနက်)
** အီရန်စစ်သင်္ဘောများ ဆီးရီးယားသို့ ဆိုက်ကပ်ပြီ **
(တီဟီရန်၊ ဖေဖော်ဝါရီလ ၁၄ ရက်)
အီရန်စစ်သင်္ဘောနှစ်စင်းသည် ဆီးရီးယားနိုင်ငံ လာတာကီယာဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီဖြစ်ကြောင်း အီရန်တပ်မှူးတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားလိုက်ပြီး ယင်းခရီးစဉ်ကို ရန်စမှုအဖြစ် အစ္စရေးတို့၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း ပယ်ချလိုက်သည်။ (ရိုက်တာ)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
** ကမ္ဘာ့ပထမဆုံး စက်ရုပ်မာရသွန်ပြိုင်ပွဲ ဂျပန်နိုင်ငံ၌ ကျင်းပ **
(တိုကျို၊ ဖေဖော်ဝါရီလ ၂၄ ရက်)

No comments:
Post a Comment