** ကွင်းလယ်ကစားသမား အင်ဒီကင်းအား အဲဗာတန် ခေါ်ယူမည် **(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
လက်စတာစီးတီး ကွင်းလယ်ကစားသမား ဒာင်ဒီကင်းကို ခေါ်ယူရန် မိမိတို့ပြင်ဆင်နေကြောင်း အဲဗာတန်ကလပ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ လက်စတာစီးတီးကလပ်က အင်ဒီကင်းကို ထုတ်ရောင်းမည်မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း အဲဗာတန်ကလပ်က ရအောင်ခေါ်ယူမည်ဖြစ်သည်။ အင်ဒီကင်းကလည်း အဲဗာတန်ကလပ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒပြင်းပြလျက်ရှိသည်။ (အင်တာနက်)

** ကားလင်းဗလားဗိုလ်လုပွဲ ဖာဘရိဂတ်စ်လွဲချော် **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
လန်ဒန်မြို့ ၀င်ဘလေကွင်း၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ ယှဉ်ပြိုင်ကစားမည့် ကားလင်းဖလားနောက်ဆုံး ဗိုလ်လုပွဲ၌ အာဆင်နယ်အသင်းတွင် ဖာဘရီဂတ်စ် ပါဝင်နိုင်ဖွယ်မရှိကြောင်း ၄င်းကလပ်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ချဲလ်ဆီးနောက်ခံလူ ဇိုင်ရာကော့ဗ် လီဗာပူးသို့ ပြောင်းမည် **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ချဲလ်ဆီးအသင်း ၀ဲအစွန်နောက်ခံကစားသမား ယူရီဇိုင်ရာကော့ဗ်သည် ယခုနှစ်နွေရာသီ၌ ချဲလ်ဆီးအသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
** တိုကျိုမာရသွန်ပြိုင်ပွဲ၌ ကမ္ဘာ့စံချိန်ရှင် ဒဏ်ရာကြောင့်လွဲချော် **
(တိုကျို၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မကြာမီကျင်းပမည့် တိုကျိုမာရသွန်ပြိုင်ပွဲ၌ လက်ရှိကမ္ဘာ့စံချိန်ချိုးထားသူ အီသီယိုးပီးယားနိုင်ငံသား ဟေလီဂီဘရာစီလာသီမှာ ပါဝင်ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ချန်ပီယံလိဂ် ၁၆ သင်းပြိုင်ပွဲ အဝေးဂိုးမရ၍ ဖာရူဆန်စိတ်ပျက်နေ **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
မန်ယူနှင့် မာဆေးတို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကစားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမကျော့ပြိုင်ပွဲတွင် ဂိုးမရှိသရေကျခဲ့၍ မန်ယူတို့အဝေးဂိုး မသွင်းနိုင်သဖြင့် စိတ်ပျက်မိကြောင်း မန်ယူနည်းပြ ဖာဂူဆန်က ပြောကြားသည်။ (အင်တာနက်)
** ဘာစီလိုနာ လူငယ်ကစားသမား အာဆင်နယ်ခေါ်ယူထား **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ဘာစီလိုနာ လူငယ်ဘောလုံးသင်တန်းကျောင်းမှ နောက်ထပ် ကစားသမားတစ်ဦးကို အာဆင်နယ်က ၀ယ်ယူလိုက်သည်။ ၄င်းကစားသမား၏ အမည်မှာ ဂျွန်တိုရယ် ဖြစ်ပြီး အသက် ၁၆ နှစ်သာရှိသေးသည်။ ၄င်းသည် လာမည့်နှစ်တွင် အသင်းခေါင်းဆောင် ဖာဘရီဂတ်စ် ခြေရာနောက်သို့ လိုက်တော့မည်ဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မြင့်မောင်စိုး **
** ကွင်းလယ်ကစားသမား အင်ဒီကင်းအား အဲဗာတန် ခေါ်ယူမည် **

No comments:
Post a Comment