**ပထမမြန်မာနိုင်ငံတည်-အနော်ရထာမင်း**ခမည်းတော် ကြောင်ဖြူမင်းနှင့်မယ်တော်မြောက်နန်းမိဖုရားတို့မှ မြန်မာသက္ကရာဇ် ၃၇၆-ခုနှစ်တွင်
ဖွားမြင်သည်။ ခမည်းတော်ကို နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော်စုက္ကတေးမင်းနှင့် အနော်
ရထာသည်- မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွားပြီး
ခမည်းတော်အား မင်းပြန်ပြုရန် တောင်းပန်သည်။
ခမည်းတော်က "ငါ အသက်ကြီးပြီ၊ အမောင် ငါသားသာ မင်းပြုတော့" ဟု မိန့်တော်မူမှ သက္ကရာဇ်
၄၀၆- ခုနှစ်တွင် မင်းပြုသည်။ ။
နိုင်ငံတော်ကြီးကို ကျယ်ပြန့်ပြီး ဖွံ့ဖြိုးတိုးတတ်အောင် စည်းလုံးညီညွတ်အောင် ဆောင်ရွက်ခဲ့သလို
်တိုင်းသူပြည်သားတို့ ကိုးကွယ်မှုမှန်ကန်အောင်လည်း ဗြဟ္မာ -ဗိဿနိုး-ပရမေသွာ နတ် နဂါးအရည်
ကြီး ကိုးကွယ်မှုများကို တော်လှန်တိုက်ဖျက်ခဲ့သည်။ သထုံပြည်မှ ကြွလာသော ဓမ္မဒဿီခေါ် အရှင်
အရဟံနှင့် လက်တွဲ၍ ဗုဒ္မသာသနာတော်ကိုလည်း ထွန်းလင်းတောက်ပအောင် ပြန့်ပွားအောင်
ဆောင်ရွက်ခဲ့သည်။
၄၃၉-ခုနှစ်တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လှည့်လည်လုပ်ဆောင်ပြီး၍ နေပြီတော်
သို့အပြန် သရပါတံခါးမှ ဝင်ခါနီး အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတစ်ကောင်သည် လူသူ မသွား
လာနိုင်လောက်အောင် အန္ဆရာယ်ပြုနေပါသည်' ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်
ကို ပြန်လှည့်ကာ အောင်သာမြစ်ခြေသို့ ချီတတ်သည်၊ ရောက်၍ ကျွဲရိုင်းကို မြင်လျှင် ဆင်တော်သန်မြင်
စွာကိုချွန်းဖွင့်လွတ်၍ တိုက်ခိုက်သည်၊ လှံပစ်ကျွမ်းကျင်သော အနော်ရထာမင်းတရားသည် ကျွဲရိုင်းကို
လှံဖြင့် ထုတ်ချင်းခတ်အောင် ပစ်ခတ်နိုင်သော်လည်း အသက်ပြင်းသော ကျွဲရိုင်းက ပြန်လည် ရန်ပြုသ
ဖြင့် ဆင်တော်ပေါ်၌ပင် ကျွဲခတ်မိပြီး နတ်ရွာစံရလေသည်၊
(တစ်ချိန်က မိမိကို ကြိမ်စကြာဖြင့် ရိုက်နှက်ထားသည်ကို မကျေနပ်သော ထိန်ပင်စောင့်နတ်က ကျွဲရိုင်း
တွင် ဝင်ပူး၍ ခတ်ခြင်းဖြစ်သည်-ဟုလည်း ဆိုကြသည်။ ။)
**ဒုတိယမြန်မာနိုင်ငံတည်ဘုရင့်နောင်မင်း**

ခမည်းတော် မင်းရဲသီဟသူနှင့် မယ်တော် တောင်ငူကြွယ်စစ်မင်း သမီးတော်တို့မှ မြန်မာသက္ကရာဇ်
၈၇၇-ခုနှစ် တပိုတွဲလဆန်း ၁၂- ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်၊
တပင်ရွှေထီးမင်းထက် ၃-လနှင့် ၄- ရက် အသက်ကြီးသူဖြစ်၍ " ဘုရင့်နောင် ကျော်ထင်နော်ရထာ" ဘွဲ့
နာမည်ကိုတပင်ရွှေထီးကပင်ပေးအပ်ခဲ့သည်။စစ်ရေးစစ်ရာသေနင်္ဂဗျူဟာကျွမ်းကျင်လိမ္မာလှသဖြင့်သမိုင်း
ဝင်နောင်ရိုးတိုက်ပွဲ အပါဝင် တိုက်ပွဲကြီးများစွာကို အောင်မြင်စွာ ဆင်နွှဲတိုက်ခိုက်နိုင်ခဲ့သည်။
စစ်ပွဲများနှင့်ပတ်သက်၍ ဘုရင့်နောင်၏ မိန့်ဆိုချက်ကား-"စစ်တို့၏ သဘောမှာ အင်အားကြီးသည်-ငယ်သည်
ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်ကြွယ်ဝမှုသာ ပဓာနဖြစ်သသည်" ဟူ၍သာ ဖြစ်သည်။
ဘုရင့်နောင်သည် ဇွဲသတ္တိကြီးမားမှု၌လည်း စံထားရသူဖြစ်သည်၊ နောင်ရိုးတိုက်ပွဲဝယ် နောင်ရိုးချောင်း
ကို ဖောင်များနှင့် ဖြတ်ကူးပြီးနောက် ဖောင်များရှိနေလျှင် နောက်ပြန်ဆုတ်ချင်စိတ်,ဖောင်ကို အားကိုးချင်
စိတ်များ ပေါ်လာနိုင်သဖြင့် ရှေ့တွင် မည်သို့ ကြုံတွေ့ရသည်ဖြစ်စေ နောက်ပြန်မဆုတ်စတမ်း အသက်စွန့်
၍ တိုက်ခိုက်နိုင်ရန် မိမိတို့ ကူးလာသော ဖောင်အားလုံးကို ဖျက်ပစ်စေရာမှ " ဘုရင်နောင် ဖောင်ဖျက်"
ဟူသော မြန်မာစကားပုံတစ်ခု တွင်လာခဲ့သည်။
ဘုရင်နောင်သည် "သေလျှင် မြေကြီး၊ ရှင်လျှင် ရွှေထီး" ဟူသော သူရဲကောင်းစိတ်ဓာတ်ဖြင့် တိုက်ပွဲကြီး
များ ဆင်နွှဲခဲ့သော်လည်း ရွှေထီးကိုမူ မျှော်မှန်းခြင်းမရှိခဲ့ပေ။ တပင်ရွှေထီးမင်း အပေါင်းသင်းမှား၍ အရက်
သေစာများ သောက်စားမူးယစ်ကာ တိုင်းရေးမှုများ မစီရင်နိုင်ပဲ ဘုရင်နောင်ကို နိုင်ငံတော်အုပ်ချုပ်ရေး
အာဏာများလွှဲအပ်ထားစဉ် ဘုရင့်နောင်ကို ကြည်ညိုလေးစားကြသော မှူးမတ်များက "တပင်ရွှေထီးမင်း
ကို နန်းချပြီး နန်းတက်ရန် (အာဏာသိမ်းလိုက်ရန်)" တိုက်တွန်းကြသော်လည်း ဘုရင့်နောင်သည် အရှင်၏
ကျေးဇူးသစ္စာကို စောင့်သိစွာဖြင့် ခါးခါးသီးသီး ငြင်းပယ်ပြီး နိုင်ငံတော်ကြီးကိုသာ မတိမ်းမစောင်းအောင်
ထိန်းသိမ်းစောင့်ရှောက်ခဲ့လေသည်။

(KanbawzathadiPalace)---------------------------------------
၉၁၂-ခုနှစ် တပင်ရွှေထီမင်း လုပ်ကြံခံရ၍ နတ်ရွာစံပြီးမှ ထီးနန်းစိုစံသည်၊ မင်းဖြစ်ပြီးနောက် ထီးနန်းပြိုင်
်မင်းအများအပြား နယ်ပယ်အရပ်ဒေသ အများအပြားကို တိုက်ခိုက်-စည်းရုံးသိမ်းသွင်းနိုင်ခဲ့သဖြင့် သူ့လက်
ထက်တွင်နိုင်ငံနယ်ပယ်မှာ အကျယ်ဝန်းဆုံးဖြစ်ခဲ့သည်။ ဇင်းမယ်လင်းဇင်း အယုဒ္ဓယမြို့များအထိ အာဏာ
စက်ပျံ့နှံသည်၊ဘုန်းတန်းခိုးလည်းအကြီးမားဆုံးဖြစ်သည်၊လောကသာသနာကောင်းကျိုးများစွာသယ်ပိုး
တော်မူပြီးနောက်၉၄၃-ခုနှစ် တန်ဆောင်မုန်းလပြည့်အင်္ဂါနေ့တွင်ရုပ်တရက်ဖျားနာ၍နတ်ရွာစံတော်မူလေ
သည်။ ။
……………………
**တတိယမြန်မာနိုင်ငံတည်အလောင်းမင်းတရား**

ခမည်းတော် မင်းညိုစံနှင့် မယ်တော် မဟာဒေဝီ စောညိန်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ် တော်သလင်း
လပြည့်ကျော် ၁-ရက် သောကြာနေ့ ညဉ့် ၁-ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင်ဖွားမြင်
မြင်သည်၊ ပျိုရွယ်စဉ်က သုံးကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်၊ ၁၁၁၃-ခုနှစ် မွန်တို့ လက်
ချက်ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှနေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်
၍ ၁၁၁၄- ခုနှစ်တွင် မင်းပြုသည်၊ ဘုန်းကြီးသော မင်းယောက်ျား ဖြစ်သည့်အပြင် ကြံရည် ဖန်ရည်လည်း
ကောင်းလှသဖြင့် အင်အားအဆမတန် များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့သြလောက်အောင်
ချေဖျက်သုတ်သင်ပစ်နိုင်ခဲ့သည်၊ ဘုရင်နောင်ကဲ့သို့ပင် အလောင်းမင်းတရားကလည်း "စစ်တို့၏သဘော
မှာအင်အားကြီးသည်ငယ်သည်ပဓာနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာယ်ကြွယ်ဝမှုသာပဓာနဖြစ်
ည်" ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။
ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို "ရွှေဘို" သမုတ်ကာ ထီးနန်းစိုက်တော် မူသည်၊"အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊သံတိုင်ကျောက်ခဲ လူပျို ချင်းတွင် ပိုလို့ကဲ၊ ပဲနှင့်ပြောင်းကို ဟောင်းလျှင်ပစ်၍ အသစ်ရှာ၊အောင်ပါစေသား သောကြာသား" ဟူသော တပေါင်ဆန်ဆန် သီချင်းကို ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင် ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။ ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး ဘေးရန်အန္တရယ်လည်း လုံခြုံစိတ်ချရသဖြင့် "ဒို့မေလေး မကြေဖျက် မြောက်ဘက်ကယ် တဲ့ ဟိုတခို ပြေးစို့နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့ ပြည်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး" ဟူသော သီချင်းများ ပေါ်လာသည်။
အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကိုအောင်မြင်ပြီးနောက် "ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်" အမိန့်ရှိ၍ ရန်ကုန်ဟု သမု တ်တော်မူသည်၊ မြန်မာနိုင်ငံတွင်း ရန်သူပုန်များ ကင်းစင် သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက် ပြန်ရာ အောင်မြင်မှု အလီလီ် ရရှိတော်မူခဲ့သည်။

(အင်္ဂလိပ်များ မှတ်တမ်းတင်ခဲ့သော အလောင်းဘုရားခေတ်) -------------------
၁၁၂၁-ခု ဝါဆိုလဆုတ် ၁၀-ရက် ကြသပတေးနေ့တွင် ယိုးဒယားသို့ စစ်ချီတက်တိုက်ခိုက်ရန်အလောင်းမင်း
တရားသည် ကြောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုံတော်မူသည်၊ ဝါခေါင်လဆန်း ၁၁-ရက်နေ့၌ -
နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး ၁၃- ချက်ကျသည်၊ မိုးကြိုးကျရာ ဌာနများကား-ဆင်ချီတိုင်,မြင်း-လွှစင်
ကျုံးနင်းကြမ်း-နဘဲပင်-တမာပင်-လက်ခုပ်ပင်-ပေါက်ပန်းဖြူပင်-ညောင်ပင်-ကျောင်-မင်းကျော်သီရိအိမ်-
တပယင်းမြို့တံခါးနှင့် မြဝတီ ပြအိုးတို့ဖြစ်သည်၊ အလောင်းမင်းတရားကြားသိ၍ မိုးကြိုးကျရခြင်းအကြောင်း
နိမိတ်များကို ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုး
ကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပိုဒ်ဖြင့် မင်းတရားကြီး သဘောတော်မျှစေရန် မမှန်မကန်
လျှောက်တင်လိုက်လေသည်။
စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ(ပြုသင့်သောယတြာများ
မပြုဘဲ) အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတတ်တိုက်ခိုက်ရာ မအောင်မမြင် ဖြစ်ပြီးလျှင်
၁၁၂၂-ခုနှစ်တွင် ကဆုန်လဆုတ် ၁၀- ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက် ဖျားနာ၍
နတ်ရွာစံတော်မူခဲ့ရလေသည်။
========================================================================
(ပထမမြန်မာနိုင်ငံတော်ပျက်စီးနေချိန်သည်နှစ်ပေါင်း၁၈၀ကျော်ကြာခဲ့သော်လည်းဒုတိယမြန်မာ
နိုင်ငံတော်ပျက်စီးချိန်ကမူ၁နှစ်သာကြာခဲ့ပြီးတတိယမြန်မာနိုင်ငံခေတ်သို့ကူးပြောင်းရောက်ရှိခဲ့
လေသည်၊ )
**Binary Ster**
**ပထမမြန်မာနိုင်ငံတည်-အနော်ရထာမင်း**
ခမည်းတော် ကြောင်ဖြူမင်းနှင့်မယ်တော်မြောက်နန်းမိဖုရားတို့မှ မြန်မာသက္ကရာဇ် ၃၇၆-ခုနှစ်တွင်

No comments:
Post a Comment