ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 23, 2011

ယခုလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ…

>
(ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁)

ထိုင်းနိုင်ငံ တာ့ခ် ခရိုင်တွင် ခိုလှုံနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းအစိုးရအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဘီဘီစီ မြန်မာပိုင်းသတင်းတွင် ပါရှိသည်။
မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသော အတိုက်အခံများနှင့် လူမျိုးစု လက်နက်ကိုင်များ မြန်မာ စစ်တပ်ကို သွားရောက် တိုက်ခိုက်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများ ပြုခြင်းများကို ထိုင်းအစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဖြေရှင်းသွားမည်ဟု တာ့ခ် ခရိုင် တာဝန်ခံက ပြောကြောင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ယနေ့ မနက်တွင် ထုတ်လွှင့်ခဲ့သည်။(ဘီဘီ စီ)

(ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၁၁)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပိုမိုကျယ် ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။
မကြာသေးမီက စစ်ရေး မဟာမိတ်အဖြစ် ဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသရှိ တိုင်းရင်းသားအဖွဲ့၁၅ ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြု လုပ်သွားမည်ဟု ထိုင်း-မြန်မာနယ်စပ် တနေရာရှိ ဗဟိုဌာနချုပ်တွင် ကျင်းပသော ABSDF ၏ ၉ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်း တိုင်းရင်းသား စစ်ရေး မဟာမိတ်အဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက် အထိ လွတ် မြောက်နယ်မြေ တနေရာ၌ ကျင်းပသည့် ညီလာခံက ဖွဲ့စည်းခဲ့သည်။ (ဧရာဝတီ)

(ဖေဖော်ဝါရီလ ၂၁ ရက် ၂၀၁၁)
ဖြစ်ရပ်- ၁။ ။ ထိုင်းနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်သော (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို) ရွှေ့ပြောင်းအလုပ်သမားများအကြားတွင် `ကးးစက်ရောဂါများ´ရှိနေကြောင်း အထူးသဖြင့် ငါးလုပ်ငန်း လုပ်ကိုင်နေသူများတွင် ဖြစ်နေကြောင်း (၂၀၀၉- ၂၀၁၀) ခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် ကာလ၀မ်းရောဂါဖြစ်ပွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုသည်။ (VOA)
ဖြစ်ရပ်- ၂။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကာရာအိုကေ စားသောက်ဆိုင်တစ်ဆိုင်ကို သောင်းကျန်းသူများဟု ယူဆရသူများက ကားဗုံးခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ အနည်းဆုံး ၁၇ ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားကြောင်း သိရသည်။ (အင်တာနက်)
(ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၁၁)
ဖြစ်ရပ်- ၁။ ။ ဖမ်းဆီးခံထားရတဲ့ခေါင်းဆောင်တွေ လွှတ်ပေးရေးအတွက် လုပ်ခဲ့တာမှာ သွေးမြေကျအောင် နှိမ်နင်းခံရတဲ့ ဆန္ဒပြပွဲ ကိုးလပြည့် အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာရှိတဲ့ ရှပ်နီဝတ် ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ စနေနေ့က စုဝေးခဲ့ကြပါတယ်။
ရှပ်နီဝတ်ဆန္ဒပြသူတွေကို Thida Thavornseth နဲ့ Jatuporn Promphan တို့က ခေါင်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ များပြားလှတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ ဘန်ကောက်မြို့တော်ရဲ့ စီးပွားရေးအရောင်းအ၀ယ်ထူထပ်တဲ့ အဓိကလမ်းဆုံကနေပြီး တရားရုံးချုပ်အထိ တောင်းဆိုကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးပြီး ရှပ်နီဝတ်တွေက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။မနှစ်တုန်းက ရွေးကောက်ပွဲ ချက်ချင်းကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ၂ လကြာ ဆန္ဒပြပွဲအတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှပ်နီဝတ်ဆန္ဒပြသူတွေကြား ပဋ္ဋိပက္ခတွေဖြစ်ပွားခဲ့ပြီး လူ ၂,၀၀၀ နီးပါး ဒဏ်ရာရခဲ့ပြီး အနည်းဆုံးလူ ၉၀ သေဆုံးခဲ့ရပါတယ်။(VOA)
ဖြစ်ရပ်- ၂။ ။ ထိုင်း-မြန်မာ နယ်စပ၊်ရှမ်းပြည်နယ်တာချီလိတ်မြို့  ယာယီပတ်စပို့ ရုံးအနီး အရပ်သားများရောင်းချနေသည့် ဈေးဆိုင်ခန်း ၈ခန်းအား တာချီလိတ် အခြေစိုက် အထူးရဲတပ်ဖွဲ့ SB ကအဓ္မသိမ်းလိုက်သဖြင့် ပစ္စည်းတန်ဘိုး ကျပ်သိန်းတစ်ထောင် ထက်မနည်း ဆုံးရှုံးခဲ့ကြောင်း မြို့ခံများပြောပြချက်အရသိရသည်။
တာချီလိတ်မြို့ စံဆိုင်ရပ်ကွက် အောင်ချမ်းသာတိုက်တန်း ဗိုလ်ချုပ်လမ်း ရှမ်းရိုးမကွင်းရှေ့တွင်ရှိသော ယာယီပတ် စပို့လုပ်သည့် စခန်းတွင်ဖြစ်သည်။ ယခင် ယူနီဗာဆယ်ဘဏ်ဟောင်း အဆောက်အဦးကိုဗဟိုပြု၍ ဆေးခန်း၂ခန်းအပါအ၀င်ဘယ်ဘက် ၄ခန်း ယာဘက်၎ခန်း စုစုပေါင်းဈေးဆိုင်ခန်း ၈ခန်းတို့ ကို ပြီးခဲ့သည့် ၂နှစ်ခန့် ကတည်းက SB ဌာနမှ အရပ်သားများအား တစ်ခန်းလျှင် တစ်လ ဘတ် ၃၀၀၀နုန်းဖြင့် အငှါးချ ထား ခဲ့ခြင်းဖြစ်သည်။(KKT-BKK)
(ဖေဖော်ဝါရီလ ၁၇ ရက် ၂၀၁၁)
စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ” ကို ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်သည်။
ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။(မဇ္စျိမ)
(ဖေဖော်ဝါရီလ ၁၆ ရက် ၂၀၁၁)
ထိုင်းနိုင်ငံနဲ့ကမ္ဗောဒီးယားနိုင်ငံအကြား ဖြစ်နေတဲ့နယ်စပ်ပဋိပက္ခတွေဟာ အခုထိ အပြီးသတ်ဖို့ ဝေးနေတုန်းပါပဲ။ ကုလ သမဂ္ဂလုံခြုံရေးကောင်စီက နောက်အပတ် ဂျကာတာမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ဆွေးနွေးဖြေရှင်းကြဖို့ ပြောနေတုန်းမှာပဲ မနေ့က ပရားဝိဟန်ဘုရားကျောင်းနားမှာ နောက်ထပ်တိုက်ပွဲတခု ဖြစ်ခဲ့ပါ တယ်။ မနေ့ အစောပိုင်းက နှစ်ဖက်စစ်သားတွေ လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ ထိုင်းစစ်သားတယောက် ဒဏ်ရာရခဲ့ တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဆန်ဆဲန်းက ပြောပါတယ်။ ကမ္ဗောဒီးယားစစ်သားတွေက ထိုင်းဖက်ကို လက်ပစ်ဗုံး တွေနဲ့လှမ်းပစ်တယ်လို့ သူက ပြောပါတယ်။ ကုလလုံခြုံရေးကောင်စီက ၂ ဖက်စလုံး ထာဝရအပစ်ရပ်ဖို့ တောင်းဆိုအ ပြီး နာရီပိုင်းလေးမှာတင် နယ်စပ်တိုက်ပွဲ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။(နေ့သစ်)
(ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၁၁)
မလေးရှားယဉ်ကျေးမှု အဖွဲ့တစ်ဖွဲ့သည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းခရိုင်ဘက်သို့ သွားရောက်လည်ပတ်ရန်ရှိကြောင်း ဤဒေသများသည် `မလေးရှားဘာသာစကားပြောဆိုသော အစ္စလာမ်ဘာသာဝင်များရှိရာ ဒေသများဖြစ်ခြင်းကြောင့် ချစ်ကြည်ရေးခရီးစဉ်တွင် လူ (၄၀)ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်- ၂။ ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ် တောတွင်းတနေရာ၌ မလေးရှားနိုင်ငံ၊ ဗီဇာကိုင်ထားသော မြန်မာပြည်သားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ၄င်း၏ အလုပ်သမားကဒ်တွင် ၂၀၀၆ ခုနှစ်ကတည်းက အလုပ်လုပ်ခဲ့သော အထောက်အထားများတွေ့ရှိရကြောင်း ဟတ်ယိုင်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ (RFA)
(ဖေဖော်ဝါရီလ ၁၄ရက် ၂၀၁၁)
ဖြစ်ရပ်- ၁။ ။ မြန်မာနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာကြသော မြန်မာအလုပ်သမား (၂၄)ဦးကို ယမန်နေ့ နေ့လယ်ပိုင်းက ရနောင်းမြို့မှ ဖူးခက်မြို့အသွားလမ်းခရီး၌ ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်- ၂။ ။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ထိုင်း-မြန်မာ နယ်စပ်မှတဆင့် လာရောက် လည်ပတ်သည့် ကိုယ်ပိုင်ကားများကို စစ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် တပတ်မှ စတင်၍ ခွင့်မပြုတော့ကြောင်း ခရီးသွားလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။
ထိုင်း ကားများကိုသာ သွားခွင့်ပိတ်ပင်ထားပြီး ခရီးသည်များကိုမူ ခွင့်ပြုထားကြောင်း သိရသည်။ ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရေး တံတားပေါ်မှ တဆင့် ထိုင်းလူမျိုး အများစုက ကိုယ်ပိုင်ကား များ ဖြင့် ကျိုင်းတုံမြို့သို့ သွားရောက် ကြခြင်း ဖြစ်သည်။ (ဧရာဝတီ)
(ဖေဖော်ဝါရီလ ၁၃ရက် ၂၀၁၁)
မလေးရှားနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ ကျရောက်မည့် `ချစ်သူများနေ့´ အထိမ်းအမှတ်နှင့် ပျော်ပွဲရွှင်ပွဲများ အစ္စလာမ်ဘာသာဝင်များက မပြုလုပ်ကြရန် အစ္စလာမ်ဘာသာရေးကွပ်ကဲရေးဌာန အကြီးအကဲတစ်ဦးက ပြောဆိုလိုက်သည်။ (BBC)
(ဖေဖော်ဝါရီလ ၅ရက် ၂၀၁၁)
မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအခြေအနေကို ပြည်ပ မြန်မာသတင်းဌာနများသို့ ဖြေကြားသည်ဟုဆိုကာ မယ်လဒုက္ခသည်စခန်းမှ ဆေးရုံတာဝန်ခံကို တာဝန်မှ ရပ်စဲလိုက်ခြင်းအား ဆေးရုံဝန်ထမ်းများ ဆန္ဒပြရာမှ ဆေးရုံပိတ်ထားရကြောင်း သိရသည်။ လူဦးရေ ၅ သောင်းခန့် ရှိသည့် မယ်လစခန်းတွင် Aide Medical International (AMI) အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံမှ တာဝန်ခံ စောနေဆဲလ်ကို AMI အဖွဲ့၏ ပရိုဂရမ် မန်နေဂျာ နိုင်ငံခြားသားဖြစ်သူက ယမန်နေ့တွင် နောက်ဆုံး သတိပေးချက် စာရွက်စာတမ်းများပေး၍ လက်မှတ်ထိုးခိုင်းပြီး တာဝန်မှ ယာယီရပ်စဲလိုက်ခြင်းဖြစ်သည်။(ဧရာဝတီ)
(ဖေဖော်ဝါရီလ ၄ ရက် ၂၀၁၁)
ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ဘုရားကျောင်းနှင့်ပတ်သက်၍ စစ်တပ်များ ယနေ့ အပြန်အလှန်ပစ်ခတ်ကြကြောင်း၊ လက်နက်ကြီး အသုံးပြုမှုများရှိကြောင်း ထိုင်းစစ်တပ် အရာရှိများက ပြောကြားသည်။ (BBC)
(ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၁)
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ရွာသား ၅ ဦးကို အစ္စလာမ်မစ်စစ်သွေးကြွများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။ (BBC)

(ဖေဖော်ဝါရီလ ၂ ရက် ၂၀၁၁)

(ဖေဖော်ဝါရီလ ၁ ရက် ၂၀၁၁)
ဖြစ်ရပ်- ၁။ ။ မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိရာ (၄)ဦး သေဆုံးပြီး ဒေသခံ (၄၀၀၀၀)ကျော်တို့မှာ ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း မလေးရှားအရာရှိများက ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)